Tuesday, December 31, 2013

ထီးချိုင့်၊ မောင်းကုန်းနီကယ်စက်ရုံ အပူရှိန်လွန်ကဲပြီး မီးလောင်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်း နီကယ်စက်ရုံဝင်းအတွင်း ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီခွဲ အချိန်က ကျောက်မီးသွေး အမှုန့်ကြိတ်စက်ရုံ အဆောက်အအုံအချို့ မီးလောင်ကျွမ်းခဲ့သည်ဟု မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ၀န်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။
ကျောက်မီးသွေး အမှုန့်ကြိတ်စက်ရုံအတွင်းရှိ ကျောက်မီးသွေးမှုန့်များမှ အပူရှိန်လွန်ကဲပြီးနောက် အဆောက်အအုံအား မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်ဟု မောင်းကုန်းနီကယ်စက်ရုံလုပ်သားတစ်ဦးက ဆိုသည်။

ထိုသို့ မီးစွဲလောင်ခဲ့သည့်အတွက် အဆောက်အအုံရှိ သွပ်ပြား ၁၀ ချပ်ခန့် ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဟု ထီးချိုင့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲဝန်ထမ်းတစ်ဦးက ပြောကြားသည်။

Mizzima - News in Burmese

0 comments:

Post a Comment