ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်လေးမြို့နယ်မှထွက်သော
စွန့်ပစ်အမှိုက်များ ချေဖျက်နိုင်ရန် နှင့်လျှပ်စစ်ထုတ်လုပ်နိုင်ရန် ဂျပန်
နိုင်ငံမှ ချေးငွေ ရှစ်သန်းရယူရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။
တန် ၆ဝကျ အမှိုက်မီးရှို့စက် ကို ဂျပန်နိုင်ငံပတ်ဝန်းကျင် ထိန်း သိမ်းရေးဌာနမှ ချေးငွေ ရှစ်သန်း ရရှိရေး ဆောင်ရွက်လျက်ရှိပြီး ရရှိပါက ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ အမေ ရိကန် ဒေါ်လာရှစ်သန်း စိုက်ထုတ် ၍ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၆ သန်းဖြင့် လှော်ကားလမ်းမ ကြီးဘေး တောကျောင်းကလေး သုသာန်အနီးတွင် တည်ဆောက် သွားမည်ဟု သိရသည်။
စည်ပင်နယ်နိမိတ် ၃၃ မြို့နယ် တွင် ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ဒလ နှင့်ဆိပ်ကြီးခနောင်တိုတို့မှ ထွက်ရှိ သော တစ်နေ့လျှင် အမှိုက်တန်ချိန် ၁ဝဝ ကျော်ကို ¤င်းမြို့နယ်များ တွင် မြေကျင်းတူးမြှုပ်ကာ စွန့်ပစ် နေရကြောင်း၊ ယခုအခါ မြေနေရာ သိပ်မရှိတော့သည့်အတွက် အမှိုက် မီးရှို့၍ လျှပ်စစ်ဓာတ်အားထုတ် လုပ်ခြင်းကို စီစဉ်ဆောင်ရွက်ရ ခြင်းဖြစ်ကြောင်း သိရသည်။
စည်ပင်နယ်နိမိတ်တွင် ကျန်မြို့ နယ်များမှ အမှိုက်များကို လှိုင်သာ ယာမြို့နယ်ရှိ ထိန်ပင်နောက်ဆုံး အမှိုက်ပုံနှင့် ဒဂုံမြို့သစ်(မြောက် ပိုင်း)ရှိ ထားဝယ်ချောင် နောက်ဆုံး အမှိုက်ပုံသို့စွန့်ပစ်လျက်ရှိရာ ¤င်း နေရာများတွင်လည်း စွန့်ပစ်အမှိုက် မှ လျှစ်စစ်ဓာတ်အားထုတ်လုပ်နိုင် ရန် ပြည်တွင်း ပြည်ပကုမ္ပဏီများ ကို တင်ဒါခေါ်ယူပြီး ကုမ္ပဏီနှစ်ခု ကို အပြီးသတ်ရွေးချယ်၍ မကြာမီ လုပ်ငန်းစတင်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
The Union Daily
0 comments:
Post a Comment