![]() |
| ရွှေတောင်စားစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မှု အောင်ပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် |
၎င်းအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုတို့မှ စေတီတော်ဝင်း အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ရဟန္တာသိမ်တော်ကြီး ပြုပြင် မွမ်းမံခြင်း အတွက် ဘုရားဂေါပက အဖွဲ့သို့ အလှူတော်ငွေ ကျပ်သိန်း ၆၀၀ လှူဒါန်းခဲ့ပြီး စေတီတော်ဝင်း အတွင်းရှိ အသစ်တည်ဆောက်ထားသော ဘုရားကြီးပြတိုက်ကို ဖွင့်လှစ်ပေးခဲ့သည်။
နှစ်ပေါင်း ၂၅၀ သက်တမ်းရှိပြီဖြစ်သော ရွှေတောင်စား စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူရန်နှင့် ဘက်စုံပြုပြင်နိုင်ရန်အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငွေကျပ်သိန်း ၄၀၀ ဖြင့် ကနဦး မ,တည်လှူဒါန်းခဲ့ပြီး ဘုရားဖူးလာ ပြည်သူများနှင့် စေတနာရှင်များမှ အလှူငွေ ကျပ် ၈၁၉၆၀၅၈၅၁ ရရှိခဲ့ကာ ယနေ့အထိ ကျပ် ၇၄၁၉၂၅၃၄၇ သုံးစွဲပြီးဖြစ်ကြောင်း၊ ရှေးဟောင်းသမိုင်းဝင် ရဟန္တာသိမ်တော် ကြီး ပြုပြင်တည်ဆောက်မှုအတွက် လက်ရှိတွင် ကျပ်သိန်း ၄၄၀ ကျော်သုံး စွဲထားပြီး ပြုပြင်မှု အားလုံး ပြီးစီးပါက ကျပ်သိန်း ၆၇၀ ကျော်ခန့် ကုန်ကျမည်ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့မှ သိရသည်။
ထို့ပြင် ပြီးခဲ့သည့် မတ် ၁၃ ရက်တွင် ရွှေတောင်စား စေတီတော်မြတ်ကြီး၏ စတုတ္ထ ရွှေထီးတော်အသစ်ကို ထားဝယ်ဇာတိဖြစ်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မိသားစုတို့က လှူဒါန်းခဲ့ပြီး ထားဝယ်မြို့သို့ လာရောက်၍ ထီးတော်တင်လှူ ပူဇော်ခဲ့ကြောင်း သိရသည်။
Eleven Media Group

0 comments:
Post a Comment