Monday, December 30, 2013

ဒေါ်စု သမ္မတဖြစ်လျှင်

Photo: ဒေါ်စု သမ္မတဖြစ်လျှင်
*************

ဒေါ်စုသာသမ္မတဖြစ်ရင် အရင်ဆုံး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ၊ ချေးငွေတွေနဲ့ Aidsဆိုတဲ့ ထောက်ပံ့ငွေတွေ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သိသိသာသာတိုးပွားလာဖို့က မလွဲဧကန်ဖြစ်ပါတယ်။ နောက်ထပ်သေချာပေါက်ရမယ့်ရလဒ်ကတော့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲ
ကို နိုင်ငံတကာက အပြည့်အဝ အသိအမှတ်ပြုခြင်းနဲ့ တပ်မတော်ရဲ့ ဂုဏ်ရှိန်ဂုဏ်ဝါ အထွတ်အထိပ်သို့ပြန်လည်ရောက်ရှိခြင်းတို့ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေ၊ အကူအညီတေ၊ွ ချေးငွေတွေက တိုင်းပြည်စီးပွားရေးကို သိသိသာသာတိုးတက်ကောင်းမွန်စေဖို့ အရေးအပါဆုံးအထောက်အပံ့တွေထဲက တစ်ခုဖြစ်ပြီး
ပြည်တွင်းက အခြေခံအဆောက်အဦ များ တည်ဆောက်နိုင်တဲ့အတိုင်းအတာပေါ်မူတည်လို့
အာရှမှာ မြန်မာ့ရပ်တည်ချက်ဟာ တမုဟုတ်ချင်း အနေအထားပြောင်းလဲနိုင်တာဖြစ်ပါတယ်။
နိုင်ငံတကာရဲ့လက်ရှိ မြန်မာ့နိုင်ငံရေးအပြောင်းအလဲအပေါ်ယုံကြည်လက်ခံမှုဟာ ဒေါ်စုသမ္မတရာထူး
အရွေးချယ်ခံပိုင်ခွင့် အပေါ် များစွာမူတည်နေပြီး အထူးသဖြင့် အနောက်တိုင်းက ဒီမိုကရေစီတောင့်တင်းပြီးသား နိုင်ငံတို့ဟာ သမ္မတရာထူးဆိုင်ရာ သတ်မှတ်ပြဌာန်းချက်များဖြစ်တဲ့
၅၉ ( စ ) အပေါ်ကို အထူးသဖြင့် အာရုံစူးစိုက်ထားကြတာဖြစ်ပါတယ်။

ဒေါ်စုသာ သမ္မတရာထူးရခဲ့ရင် စီးပွားရေးအရ သေချာပေါက်တိုးတက်မှုဟာ အတိုင်းအတာတစ်ခုအထိ
သေချာပေါက် အရှိန်ရလာနိုင်တယ်လို့ခန့်မှန်းကြည့်နိုင်ပေမယ့် နိုင်ငံရေးအရတော့ ပြည်တွင်းက အင်အားစုအားလုံး လက်ခံနိုင်တဲ့ အနေအထားကို ချက်ချင်းရောက်ရှိမှာမဟုတ်သေးပါဘူး။
တစ်နည်းပြောရရင် ၂၀၁၅ ခုနှစ်မှာ ဒေါ်စုသမ္မတဖြစ်ရုံနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အပြည့်အဝဖြစ်ထွန်းပြီလို့ ပြောလို့လုံးဝ မရသေးပါဘူး။ ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်ဖို့က လုပ်စရာတွေ အများကြီးရှိနေဦးမယ်ဆိုတာ သတိပြုရပါလိမ့်မယ်။ ဖက်ဒရယ်ဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုနဲ့ တခြားသော နိုင်ငံရေးအရ ဖြစ်ထွန်းမှုတချို့တော့ရှိလာမှာဖြစ်ပေမယ့် ၂၅ ရာခိုင်နှုန်းကိုလွှတ်တော်တွင်းမှ ဖယ်ရှားရေးကိစ္စကိုချက်ချင်းလက်ငင်းကိုင်တွယ်ဖို့ရာ ဘယ်လိုမှမဖြစ်နိုင်သေးဘဲ ဒါဟာ စိတ်ရှည်လက်ရှည်နဲ့ အချိန်ယူညှိနှိုင်းသင့်တဲ့ကိစ္စလည်းဖြစ်ပါတယ်။

ဒေါ်စုသမ္မတဖြစ်ရေးဟာ နှစ်ဖက် ယုံကြည်မှုကို အတိုင်းအတာတစ်ခုထိ တည်ဆောက်နိုင်ခဲ့ရင် ၅၉ (စ )ကိုပြင်ဆင်တဲ့နည်းအားဖြင့်လည်းကောင်း၊သို့တည်းမဟုတ် ဒေါ်စုအနေနဲ့ ၅၉ ( စ )နဲ့ကိုက်ညီမယ့်အနေအထားကို ဖန်တီးပေးခြင်းအားဖြင့်လည်းကောင်း အလွယ်တကူ ပြေလည်သွားနိုင်
တာလည်းဖြစ်ပါတယ်။ နှစ်ဖက် ယုံကြည်မှုကိုအမှန်တစ်ကယ်တည်ဆောက်နိုင်ရင် ဒီနည်းလမ်းနှစ်ခုစလုံးက( နည်းလမ်းတစ်ခုခုက ) အလုပ်ဖြစ်နိုင်တဲ့နည်းလမ်းများ ဖြစ်လာနိုင်ပါတယ်။

တပ်မတော်အနေနဲ့ကလည်း ပြည်ထောင်စုမပြိုကွဲရေးနဲ့ အထူးသဖြင့် နိုင်ငံတော်အချုပ်
အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရရှိထားတဲ့
position ကို မထိပါးသရွေ့ ကျန်တာအားလုံးကို လိုက်လျောနိုင်စရာရှိပါတယ်။ဒေါ်စုသမ္မတဖြစ်ခဲ့ ရင်
တိုင်းရင်းသားတို့ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာလိုလားချက်များ၊ လူထုရဲ့ ဖွံ့ဖြိုးတိုးတက်လိုေ
သာဆန္ဒများနဲ့ ဒေါ်စုအပေါ် ထားရှိတဲ့ မျှော်လင့်ချက်များ ဟာဒေါ်စုအတွက် စိန်ခေါ်မှုတွေ သေချာပေါက်ဖြစ်လာမှာပါ။ ဒေါ်စုအနေနဲ့လည်း သက်တမ်းငါးနှစ်တာကလအတွင်းမှာ အလုံးစုံသော မျှော်လင့်ချက်များကို ဘယ်လိုမှ ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘဲ လမ်းပန်းဆက်သွယ်ရေး၊ ရေ မီးရရှိရေးနဲ့ လူသားရင်းမြစ်ဖွံ့ဖြိုးမှုဆိုင်ရာအခက်အခဲတွေက၂၀၁၅
နောက်ပိုင်းကာလ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ဖင့်နှေးစေမယ်ဖြစ်ပါတယ်။ဘယ်ပါတီကပဲအစိုးရဖွဲ့ဖွဲ့ ဘယ်သူပဲသမ္မတ ဖြစ်ဖြစ် ဒီအချက်ကို သန်းခြောက်ဆယ်သော လူထုတစ်ရပ်လုံးနဲ့အတူ တပ်မတော်အပါအဝင် Stakeholder များအားလုံးတို့က ကြိုတင် တွက်ဆပြင်ဆင်ထားဖို့ တော်တော်အရေးကြီးလှပါတယ်။ အထူးသဖြင့် ဒေါ်စုသာသမ္မတလောင်းဖြစ်ခွင့်ရခဲ့ရင် တခြားသောသမ္မတလောင်းများထက် ပိုပြီးဂရုပြုရမယ့် အချက်ဖြစ်ပါတယ်။ တပ်မတော်ကျောထောက်နောက်ခံရှိတဲ့သမ္မတလောင်း သို့မဟုတ် တပ်မတော်နဲ့ နားလည်မှုအပြည့်အဝရရှိပြီးသားသမ္မတလောင်းထက် ဒေါ်စုက သမ္မတဖြစ်လာတဲ့အခါ ပိုမိုများပြားတဲ့ဖိအားတွေကိုရင်ဆိုင်ရနိုင်ပြီး ဖြေရှင်းရလည်းခက်ခဲမယ့်ပြသနာတွေဖြစ်နေတာကြောင့်ပါ။
ဒါပေမယ့် အမျိုးသားပြည်လည်စည်းလုံးညီညွတ်ရေးကိုသာ အခိုင်အမာတည်ဆောက်နိုင်ရင်တော့
ဒီကိစ္စဟာလည်း လက်တွဲပြီးဝိုင်းဝန်းဖြေရှင်းလို့ရတဲ့ သာမန် အသေးအဖွဲတွေဖြစ်သွားနိုင်ပါတယ်။ရင်ကြားစေ့ရေးကိုတောင် ခိုင်ခိုင်မာမာ ပီပီပြင်ပြင်မလုပ်နိုင်သေးတော့
အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို နှစ်နှစ်အတွင်းတည်ဆောက်ပြီးဆီးနိုင်မလားဆိုတာလည်း အရေးတကြီး မေးရမယ့်မေးခွန်းတစ်ခုဖြစ်နေပါတယ်။

ဒေါ်စုကို သမ္မတဖြစ်ခွင့်ပြုဖို့ တစ်ဖက် ( တပ်နဲ့ အာဏာရပါတီဖက် )ကစဉ်းစားပြီဆိုရင်လည်း ၂၀၁၅ မတိုင်ခင်မှာ တိုင်းရင်းသားများ၊ ပါတီများ၊ တပ်မတော်နဲ့လူမှုအဖွဲ့အစည်းအသီးသီးတို့ဟာ အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် preelection condition များအတွက် သေချာပေါက်
တွေ့ဆုံညှိနှိုင်းဆုံးဖြတ် သဘောတူညီချက်ရယူကြရမှာဖြစ်ပါတယ်။အကြောင်းကတော့
၂၀၁၅ ရွေးကောက်ပွဲကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့နဲ့ ၂၀၁၅အလွန် နိုင်ငံရေးခရီး ကိုတည်တည်ငြိမ်ငြိမ်ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် သက်ဆိုင်သူ
အားလုံးကြိုတင်နားလည်မှုရယူထားဖို့ မဖြစ်မနေလိုအပ်တာကြောင့်ဖြစ်ပါတယ်။

stakeholder များအားလုံးက အမြော်အမြင်၊ရိုးသားမှု ၊ လိမ်မာပါးနပ်မှု ၊စိတ်ရှည်သည်းခံမှုနဲ့ အမျိုးသားရေးစိတ်ဓါတ်တို့ကိုအခြေခံပြီးကြိုးပမ်းနိုင်ရင်လည်း ဒေါ်စု သမ္မတဖြစ်ခွင့်ရတဲ့အခါနိုင်ငံရေးအပြောင်းအလဲရဲ့ ဒုတိယမြောက် အစိုးရနဲ့လွှတ်တော်သက်တမ်းအတွင်း အပြောင်းအလဲရဲ့အရှိန်အဟုနကို သိသိသာသာမြှင့်ယူနိုင်ပါတယ်။ တစ်နည်းပြောရရင် ဒီမိုကရေစီကို ပိုပြီးမြန်မြန်ဆန်ဆန်ရနိုင်ဖို့မျှော်လင့်လို့ရလာနိုင်ပါတယ်။

ဒေါ်စု သမ္မတလောင်းအဖြစ် ရွေးချယ်ခံခွင့်ရ မရ ကိစ္စက ၂၀၁၄ ခုနှစ်အတွင်း အဖြေထွက်မယ်လို့ ယူဆရပါတယ်။ အခုအခါမှာတော့ ဒီအဖြေအတွက် အဓိက အတားအဆီး ဒါမှမဟုတ် ဆုံးဖြတ်ခွင့်ဟာ တပ်မတော်ခေါင်းဆောင်များရဲ့ လက်မှာရှိတယ်လို့ ခိုင်မာစွာ ယူဆထားချက်ဟာ
ပြောင်းလဲတော့မယ့်အရိပ်လက္ခဏာများပေါ်လာပြီဖြစ်ပါတယ်။ ဒေါ်စုရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ
လူထု စုဝေးပွဲတွေ အရှိန်မြင့်လာတဲ့အချိန်မှာပဲ တပ်မတော်က အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ တပ်မတော်အနေနဲ့ကန့်ကွက်မယ်မဟုတ်ကြောင်းအတိအလင်းထုတ်ဖော်ပြောဆိုလိုက်ခြင်း၊ ပြင်ဆင်ရေး
ဆိုင်ရာ တပ်မတော်သဘောထားများကို လွှတ်တော် ပြင်ဆင်ရေးဆိုင်ရာ သုံးသပ်ရေးကော်မတီသို့ တင်ပြဖို့ရှိခြင်း တို့ကြောင့် တပ်မတော်က ပြင်ဆင်ရေးရဲ့အဓိက အတားအဆီးလို့ရှုမြင်နေမှုများကို ပြန်လည်သုံးသပ်မှုများရှိလာနိုင်ပါတယ်။တပ်မတော်ရဲ့ အခု ခြေလှမ်းတစ်လှမ်းဟာ နိုင်ငံတော်တိုးတက်ရေး၊ဒီမိုကရေစီ ပေါ်ပေါက်ရေးတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေတာဖြစ်ပြီး တပ်မတော်က ပြောသလို အမှန်တစ်ကယ်ရပ်တည်မယ်လို့လည်း ယုံကြည်ရပါတယ်။ အမှန်တစ်ကယ်သာ တပ်မတော်က ပြင်ဆင်ရေး အတားအဆီးမဟုတ်ခဲ့ရင်
မြန်မာ့ နိုင်ငံရေးလမ်းကြောင်းဟာ အကောင်းဘက်ကို ဦးတည်ပြောင်းလဲတော့မှာဖြစ်ပြီး လူထုနဲ့တပ်မတော်ကြား စည်းလုံးညီညွတ်မှုရရှိရန်လည်း မဝေးတော့ဘူးလို့ ပြောလို့ရပါတယ်။

ဒေါ်စုသမ္မတဖြစ်ခဲ့ရင် နိုင်ငံတော်အချုပ်အခြာအာဏာကိုမထိပါးနိုင်ဘူးလို့ တပ်မတော်က ယုံကြည်လောက်တဲ့အနေအထားရှိရင်တစ်နည်းအားဖြင့် နိုင်ငံတော်တည်ငြိမ်ရေးကိုမထိခိုက်နိုင်ဘူးလို့ တပ်မတော်က စိတ်ချလက်ချရှိခဲ့ရင် တစ်ကယ်တမ်းဒေါ်စုအနေနဲ့ သမ္မတရာထူးယှဉ်ပြိုင်ခွင့်ရရေး
အဓိက ကျော်ဖြတ်ရမှာကတပ်မတော်မဟုတ်ဘဲ အာဏာရပါတီကြီးဖြစ်သာပါလိမ့်မယ်။ ဒီလထဲ ကျင်းပဖို့ရှိတဲ့ ပြည်ခိုင်ဖြိုးပါတီ
အစည်းအေဝေးဟာ ပြင်ဆင်ရေးအတွက် အဆုံးအဖြတ်ဖြစ်နိုင်ပြီး တစ်ညီတစ်ညွတ်ထဲ ပြင်ဆင်ရေးဆိုင်ရာ
လိုက်လျောမှုများကိုပြုလုပ်ဖို့ဆုံးဖြတ်မလားဆိုတာကတော့ စောင့်ကြည်ရရမှာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ
အမတ်များက တစ်ညီတစ်ညွတ်သော်လည်းကောင်း အများစုကသော်လည်းကောင်း ပြင်ဆင်ရေးဆိုင်ရာ လိုက်လျောမှုများပြုလုပ်ဖို့ထောက်ခံခဲ့ရင်တော့ ဒေါ်စုအတွက် လမ်းပွင့်သွားဖို့ရှိပါတယ်။
တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များနဲ့ အတိုက်အခံ အမတ်များ ပေါင်းရင် ကန့်ကွက်မယ့်ပါတီတချို့ရှိခဲ့ရင်တောင် ပြင်ဆင်ရေးအတွက်လိုအပ်နေတဲ့ ၇၅ ရာခိုင်နှုန်းကျော်ရရှိနိုင်တာကြောင့်ဖြစ်ပါတယ်။

တစ်ကယ်လို့ ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးက ပြင်ဆင်ရေးနဲ့ပတ်သက်လို့ အတိုက်အခံတို့လိုလားတဲ့
အနေအထားအထိ လိုက်လျောရန် ဆုံးဖြတ်မပေးနိုင်ရင်တော့ ၂၀၁၅ မတိုင်ခင် အခြေခံဥပဒေကို အတိုက်အခံတို့ လိုလားတဲ့ အနေအထား ၊ဒေါ်စု သမ္မတရာထူးရွေးချယ်ခွင့်ရရှိမယ့်အနေအထား ဖြစ်လာဖို့
ခက်ခဲနေဦးမှာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အာဏာလက်လွတ်ဖြစ်မယ့်အနေအထားကို အမှန်တစ်ကယ်ပဲ ပြောင်းလဲပေးမလားဆိုတာကတော့ စိတ်ဝင်စားဖွယ်အကောင်းဆုံး မေးခွန်းဖြစ်လာပါပြီ။

တပ်မတော်ဟာ အခြေခံဥပဒေမှာ ဆုံးဖြတ်ခွင့်အတွက်အရေးပါတဲ့ ရာခိုင်နှုန်းတစ်ခုကို
အခိုင်အမာပြဌာန်းပြီးရယူထားခဲ့တာကြောင့် ဒီအနေအထားဟာ ဒေါ်စုကို တပ်မတော်က ဟန့်တားထားလိုခြင်းဖြစ်တယ်၊ ဒီမိုကရေစီကိုဦးတည်ပြီး အမှန်တစ်ကယ်ပြောင်းလဲမပေး
လိုခြင်းကြောင့်ဖြစ်တယ်ဆိုတဲ့ အယူအဆများကိုလည်း မကြာခင်ချေဖျက်ပစ်နိုင်တော့မယ်လို့ယူဆရပြီး တစ်ကယ်သာ တပ်မတော်က ပြင်ဆင်ရေးဆိုင်ရာလိုက်လျောမှုများပြုလုပ်ပေးခဲ့ရင်တော့ အားလုံးရဲ့ ယူဆချက်များကို ပြန်လည်သုံးသပ်ရတော့မှာဖြစ်ပါတယ်။

သေချာတာကတော့ ဒေါ်စုသမ္မတ ဖြစ်ရေးကိစ္စဟာ အလားအလာတချို့ရှိလာနေသော်ငြားလည်း
သေချာရေရာမှုမရှိသေးဘူးလို့ကောက်ချက်ဆွဲနိုင်ပါတယ်။ကြိုတင်သဘောတူညီချက်များ ဘယ်လောက်ရရှိထားသည်ဖြစ်စေ ၊ တပ်မတော်က ကြီးကြီးမားမားလိုက်လျောနိုင်
သည်ဖြစ်စေ နောက်ဆုံးလွှတ်တော်ရဲ့ဆုံးဖြတ်ချက်နဲ့စတင်ရမှာဖြစ်တဲ့ ပြင်ဆင်ရေးကိစ္စဟာ တိတိကျကျခန့်မှန်းပြောဆိုဖို့ရာ ခက်ခဲနေသေးတာတွေ့ရပါတယ်။

ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်း၊ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှု၊ နိုင်ငံတော်တည်ငြိမ်ရေးစတဲ့ကိစ္စများဟာ တစ်ခုနဲ့တစ်ခု သေသေချာချာ ချိတ်ဆက်နေတာဖြစ်ပြီး အတိမ်းအစောင်း
ခံနိုင်တဲ့အနေအထားကိုလည်းမရောက်သေးတာအမှန်ဖြစ်ပါတယ်။၂၀၁၅ခုနှစ်မှာ
ဒီမိုကရေစီ ရရှိဦးမှာမဟုတ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အလွန်အကျွံမျှော်လင့်လို့မရကြောင်း၊ ပြင်ဆင်ရေးကလည်း ဒီမိုကရေစီနဲ့ လုံးဝကိုက်ညီတဲ့အထိမဖြစ်နိုင်သေးကြောင်း
အားလုံးက ကြိုတင်လက်ခံထားပြီး ပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲကိုဖြတ်သန်းကြဖို့ဖြစ်ပါတယ်။

၂၀၁၅ မှာ သမ္မတလောင်းအဖြစ် အရွေးချယ်ခံခွင့်ရခဲ့ရင် ဒေါ်စုဟာ သမ္မတရာထူးရယူရန်အလားအလာကောင်းတဲ့သမ္မတလောင်းဖြစ်လာတော့မှာဖြစ်ပြီး သမ္မတသာဖြစ်ခဲ့ရင် လည်း ဒေါ်စုအနေနဲ့ အခုထက်အများကြီးပိုမိုခက်ခဲတဲ့ ခရီးကြမ်းကိုလျှောက်လှမ်းရပါလိမ့်မယ်။ ပါတီကို စိတ်ချလက်ချ ထားခဲ့ဖို့၊ လူထုရဲ့မျှော်လင့်ချက်များဖြည့်ဆည်းပေးနိုင်ဖို့၊ ဖက်ဒရယ်နဲ့တန်းတူညီမျှရေးဆိုင်ရာ ဖိအားများကို ရင်ဆိုင်ဖို့ ၊အင်အားကောင်းလှတဲ့ အမျိုးသားရေးဝါဒီတို့ကို စိတ်ကျေနပ်မှုပေးနိုင်ဖို့ ၊တစ်ဖက်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ တည်ဆောက်မှုများကိုလည်း မြှင့်တင်ဆောင်ရွက်နိုင်ဖို့ ၊အစိုးရ ယန္တရားကြီးကို အကြီးအကျယ် reform ပြုလုပ်ဖို့၊ စွမ်းရည်ပြည့်ဝတဲ့ ကက်ဘိနက်ဖွဲ့နိုင်ဖို့၊ တပ်မတော်နဲ့ နားလည်မှုရှိရှိလက်တွဲလုပ်ဆောင်နိုင်ဖို့၊လူထုရဲ့စွမ်းရည်ကို ဒီမိုကရေစီနဲ့ကိုက်ညီအောင် ဦးဆောင်မြှင့်တင်ပေးနိုင်ဖို့နဲ့အထူးသဖြင့်တိုင်းပြည်ကိုဒီမိုကရေစီတည်ဆောက်ရေးလမ်းပေါ်ကနေချော်ထွက်
မသွားအောင် ထိန်းသိမ်းပေးဖို့ စတဲ့ စိန်ခေါ်မှုတွေက ဒေါ်စုကို ဆည်းကြိုနေမှာ မုချဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်စု သမ္မတဖြစ်ခဲ့ရင် အားလုံးက အခုထက် ပိုသဘောထားကြီးကြဖို့၊ အခုထက်ပိုပြီး စိတ်ရှည်သည်းခံကြဖို့နဲ့အခုထက်ပိုပြီးအလုပ်လုပ်ကြဖို့လည်းလိုအပ်မှာဖြစ်ပါတယ်။နိုင်ငံတကာအသိုင်း
အဝိုင်းကလည်းအထူးတလည်မျှော်လင့်ထားတာဖြစ်လေတော့ သေချာပေါက် ကြိုတင်တွက်ဆဖို့မလွယ်သေးတာမှန်ပေမယ့် ဒေါ်စုသာသမ္မတရာထူးကိုရယူထမ်းဆောင်ခွင့်ရခဲ့ရင်
ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ပုံရိပ်ဟာ နိုင်ငံတကာအမြင်မှာ အခုထက်ပိုပြီး လင်းလက်တောက်ပလာနိုင်တာဖြစ်သလို နှစ်ပေါင်းငါး
ဆယ်ကြာအောင် မှေးမှန်နေခဲ့တဲ့ တပ်မတော်ရဲ့ ပုံရိပ်ကလည်း အံ့မခန်း ပြောင်းလဲသွားပါလိမ့်မယ်။
သန်းခြောက်ဆယ်သောလူထုနဲ့ stakeholder အားလုံး ကသာ စိတ်ရှည် သည်းခံမှု နဲ့ လုံ့လဝိရီယများကို အချိုးညီညီပေါင်းစပ်ပြီး ကြိုးပမ်းအားထုတ်ကြမယ်ဆိုရင် ဒီမိုကရေစီပန်းတိုင်ကိုလည်း အမြန်ဆုံးအရောက်လှမ်းနိုင်ဖို့ရာလည်း ပိုမိုလျှင်မြန်သွားနိုင်မယ်ဖြစ်ပါကြောင်း။ ။


ပိုက်တင်
ဒေါ်စုသာသမ္မတဖြစ်ရင် အရင်ဆုံး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ၊ ချေးငွေတွေနဲ့ Aidsဆိုတဲ့ ထောက်ပံ့ငွေတွေ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သိသိသာသာတိုးပွားလာဖို့က မလွဲဧကန်ဖြစ် ပါတယ်။ နောက်ထပ်သေချာပေါက်ရမယ့်ရလဒ်ကတော့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲ
ကို နိုင်ငံတကာက အပြည့်အဝ အသိအမှတ်ပြုခြင်းနဲ့ တပ်မတော်ရဲ့ ဂုဏ်ရှိန်ဂုဏ်ဝါ အထွတ် အထိပ်သို့ပြန် လည်ရောက် ရှိခြင်းတို့ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေ၊ အကူအညီတေ၊ွ ချေးငွေတွေက တိုင်းပြည်စီးပွားရေးကို သိသိသာသာတိုးတက်ကောင်း မွန်စေဖို့ အရေးအပါဆုံးအထောက်အပံ့တွေထဲက တစ်ခုဖြစ်ပြီးပြည်တွင်းက အခြေခံအဆောက်အဦ များ တည်ဆောက်နိုင်တဲ့အတိုင်းအတာပေါ်မူတည်လို့အာရှမှာ မြန်မာ့ရပ်တည်ချက်ဟာ တမုဟုတ်ချင်း အနေ အထားပြောင်းလဲနိုင်တာဖြစ်ပါတယ်။
နိုင်ငံတကာရဲ့လက်ရှိ မြန်မာ့နိုင်ငံရေးအပြောင်းအလဲအပေါ်ယုံကြည်လက်ခံမှုဟာ ဒေါ်စုသမ္မတ ရာထူး အရွေး ချယ်ခံ ပိုင်ခွင့် အပေါ် များစွာမူတည်နေပြီး အထူးသဖြင့် အနောက်တိုင်းက ဒီမိုကရေစီတောင့် တင်းပြီး သား နိုင်ငံတို့ဟာ သမ္မတရာထူးဆိုင်ရာ သတ်မှတ်ပြဌာန်းချက်များဖြစ်တဲ့၅၉ ( စ ) အပေါ်ကို အထူး သဖြင့် အာရုံ စူးစိုက်ထားကြတာဖြစ်ပါတယ်။

ဒေါ်စုသာ သမ္မတရာထူးရခဲ့ရင် စီးပွားရေးအရ သေချာပေါက်တိုးတက်မှုဟာ အတိုင်းအတာ တစ်ခု အထိသေချာပေါက် အရှိန်ရလာနိုင်တယ်လို့ခန့်မှန်းကြည့်နိုင်ပေမယ့် နိုင်ငံရေးအရတော့ ပြည်တွင်းက အင်အား စုအားလုံး လက်ခံနိုင်တဲ့ အနေအထားကို ချက်ချင်းရောက်ရှိမှာမဟုတ်သေးပါဘူး။
တစ်နည်းပြောရရင် ၂၀၁၅ ခုနှစ်မှာ ဒေါ်စုသမ္မတဖြစ်ရုံနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အပြည့်အဝဖြစ် ထွန်းပြီလို့ ပြောလို့လုံးဝ မရသေးပါဘူး။ ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်ဖို့က လုပ်စရာတွေ အများကြီးရှိနေဦး မယ်ဆိုတာ သတိပြုရပါလိမ့်မယ်။ ဖက်ဒရယ်ဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုနဲ့ တခြားသော နိုင်ငံရေးအရ ဖြစ်ထွန်းမှုတချို့တော့ရှိလာမှာဖြစ်ပေမယ့် ၂၅ ရာခိုင်နှုန်းကိုလွှတ်တော်တွင်းမှ ဖယ်ရှားရေးကိစ္စကို ချက်ချင်း လက်ငင်းကိုင်တွယ်ဖို့ရာ ဘယ်လိုမှမဖြစ်နိုင်သေးဘဲ ဒါဟာ စိတ်ရှည်လက်ရှည်နဲ့ အချိန်ယူ ညှိနှိုင်း သင့်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။

ဒေါ်စုသမ္မတဖြစ်ရေးဟာ နှစ်ဖက် ယုံကြည်မှုကို အတိုင်းအတာတစ်ခုထိ တည်ဆောက်နိုင်ခဲ့ရင် ၅၉ (စ ) ကိုပြင်ဆင်တဲ့နည်းအားဖြင့်လည်းကောင်း၊သို့တည်းမဟုတ် ဒေါ်စုအနေနဲ့ ၅၉ ( စ )နဲ့ ကိုက်ညီမယ့် အနေ အထား ကို ဖန်တီးပေးခြင်းအားဖြင့်လည်းကောင်း အလွယ်တကူ ပြေလည်သွားနိုင်တာ လည်းဖြစ်ပါတယ်။ နှစ်ဖက် ယုံကြည်မှုကိုအမှန်တစ်ကယ်တည်ဆောက်နိုင်ရင် ဒီနည်းလမ်းနှစ် ခု စလုံး က (  နည်းလမ်း တစ်ခု ခုက ) အလုပ်ဖြစ်နိုင်တဲ့နည်းလမ်းများ ဖြစ်လာနိုင်ပါတယ်။

တပ်မတော်အနေနဲ့ကလည်း ပြည်ထောင်စုမပြိုကွဲရေးနဲ့ အထူးသဖြင့် နိုင်ငံတော် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရရှိထားတဲ့position ကို မထိပါးသရွေ့ ကျန်တာ အားလုံးကို လိုက်လျောနိုင်စရာရှိပါတယ်။ဒေါ်စုသမ္မတဖြစ်ခဲ့ ရင်တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုင်ရာ လိုလားချက်များ၊ လူထုရဲ့ ဖွံ့ဖြိုးတိုးတက်လိုသောဆန္ဒများနဲ့ ဒေါ်စုအပေါ် ထားရှိတဲ့ မျှော်လင့်ချက်များ ဟာဒေါ်စုအတွက် စိန်ခေါ်မှုတွေ သေချာပေါက်ဖြစ်လာမှာပါ။ ဒေါ်စုအနေနဲ့လည်း သက်တမ်းငါးနှစ်တာ ကလ အတွင်းမှာ အလုံးစုံသော မျှော်လင့်ချက်များကို ဘယ်လိုမှ ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘဲ လမ်းပန်း ဆက်သွယ်ရေး၊ ရေ မီးရရှိရေးနဲ့ လူသားရင်းမြစ်ဖွံ့ဖြိုးမှု ဆိုင်ရာအခက်အခဲတွေ က၂၀၁၅နောက် ပိုင်း ကာလ နိုငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ဖင့်နှေးစေမယ်ဖြစ်ပါတယ်။ဘယ်ပါတီ ကပဲအစိုးရဖွဲ့ဖွဲ့ ဘယ်သူပဲသမ္မတ ဖြစ်ဖြစ် ဒီအချက်ကို သန်းခြောက်ဆယ်သော လူထု တစ်ရပ်လုံးနဲ့အတူ တပ်မတော်အပါအဝင် Stakeholder များအားလုံးတို့က ကြိုတင် တွက်ဆပြင်ဆင်ထားဖို့ တော်တော် အရေးကြီးလှပါတယ်။ အထူးသဖြင့် ဒေါ်စုသာသမ္မတလောင်းဖြစ် ခွင့်ရခဲ့ရင် တခြားသော သမ္မတလောင်း များထက် ပိုပြီးဂရုပြုရမယ့် အချက်ဖြစ်ပါတယ်။ တပ် မတော်ကျောထောက်နောက် ခံရှိတဲ့ သမ္မတလောင်း သို့မဟုတ် တပ်မတော်နဲ့ နားလည်မှု အပြည့် အဝရရှိပြီးသားသမ္မတလောင်းထက် ဒေါ်စုက သမ္မတဖြစ် လာတဲ့ အခါ ပိုမိုများပြားတဲ့ဖိအားတွေ ကိုရင်ဆိုင် ရနိုင်ပြီး ဖြေရှင်းရလည်းခက် ခဲမယ့်ပြသနာတွေဖြစ်နေ တာကြောင့်ပါ။
ဒါပေမယ့် အမျိုးသားပြည်လည်စည်းလုံးညီညွတ်ရေးကိုသာ အခိုင်အမာ တည်ဆောက်နိုင် ရင်တော့ ဒီကိစ္စ ဟာလည်း လက်တွဲပြီးဝိုင်းဝန်းဖြေရှင်းလို့ရတဲ့ သာမန် အသေးအဖွဲတွေဖြစ်သွားနိုင်ပါတယ်။ရင်ကြားစေ့ရေး ကိုတောင် ခိုင်ခိုင်မာမာ ပီပီပြင်ပြင် မလုပ်နိုင်သေးတော့ အမျိုး သားပြန် လည် စည်းလုံး ညီညွတ်ရေးကို နှစ်နှစ်အတွင်း တည်ဆောက်ပြီး ဆီးနိုင်မလား ဆိုတာလည်း အရေးတကြီး မေးရမယ့်မေးခွန်း တစ်ခုဖြစ်နေ ပါတယ်။

ဒေါ်စုကို သမ္မတဖြစ်ခွင့်ပြုဖို့ တစ်ဖက် ( တပ်နဲ့ အာဏာရပါတီဖက် )ကစဉ်းစားပြီဆိုရင်လည်း ၂၀၁၅ မတိုင် ခင်မှာ တိုင်းရင်းသားများ၊ ပါတီများ၊ တပ်မတော်နဲ့လူမှုအဖွဲ့အစည်းအသီးသီးတို့ဟာ အခြေခံ ဥပဒေပြင် ဆင်ရေးအပါအဝင် preelection condition များအတွက် သေချာပေါက်တွေ့ဆုံညှိနှိုင်းဆုံးဖြတ် သဘော တူညီချက်ရယူကြရမှာဖြစ်ပါတယ်။အကြောင်းကတော့၂၀၁၅ ရွေးကောက်ပွဲကို အကောင်း ဆုံးဖြတ် သန်းနိုင် ဖို့နဲ့ ၂၀၁၅အလွန် နိုင်ငံရေးခရီး ကိုတည်တည်ငြိမ်ငြိမ် ဆက်လက်လျှောက် လှမ်းနိုင်ရေး အတွက် သက်ဆိုင်သူ အားလုံးကြိုတင်နားလည်မှုရယူထားဖို့ မဖြစ်မနေလိုအပ် တာကြောင့်ဖြစ် ပါတယ်။

stakeholder များအားလုံးက အမြော်အမြင်၊ရိုးသားမှု ၊ လိမ်မာပါးနပ်မှု ၊စိတ်ရှည်သည်းခံမှုနဲ့ အမျိုးသားရေး စိတ်ဓါတ်တို့ကိုအခြေခံပြီးကြိုးပမ်းနိုင်ရင်လည်း ဒေါ်စု သမ္မတဖြစ်ခွင့်ရတဲ့ အခါနိုင်ငံရေး အပြောင်းအလဲရဲ့ ဒုတိယမြောက် အစိုးရနဲ့လွှတ်တော်သက်တမ်းအတွင်း အပြောင်းအလဲရဲ့အရှိန်အဟုနကို သိသိ သာသာမြှင့် ယူနိုင်ပါတယ်။ တစ်နည်းပြောရရင် ဒီမိုကရေစီကို ပိုပြီးမြန်မြန်ဆန်ဆန် ရနိုင်ဖို့မျှော်လင့်လို့ ရလာနိုင် ပါတယ်။

ဒေါ်စု သမ္မတလောင်းအဖြစ် ရွေးချယ်ခံခွင့်ရ မရ ကိစ္စက ၂၀၁၄ ခုနှစ်အတွင်း အဖြေထွက်မယ်လို့ ယူဆ ရပါတယ်။ အခုအခါမှာတော့ ဒီအဖြေအတွက် အဓိက အတားအဆီး ဒါမှမဟုတ် ဆုံးဖြတ်ခွင့်ဟာ တပ်မတော်ခေါင်းဆောင်များရဲ့ လက်မှာရှိတယ်လို့ ခိုင်မာစွာ ယူဆထားချက် ဟာ ပြောင်း လဲတော့ မယ့် အရိပ် လက္ခဏာများပေါ်လာပြီဖြစ်ပါတယ်။ ဒေါ်စုရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာလူထု စုဝေးပွဲတွေ အရှိန်မြင့်လာတဲ့အချိန်မှာပဲ တပ်မတော်က အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ တပ်မတော်အနေနဲ့ ကန့်ကွက် မယ်မဟုတ်ကြောင်းအတိအလင်းထုတ်ဖော်ပြောဆိုလိုက်ခြင်း၊ ပြင်ဆင်ရေး ဆိုင်ရာ တပ်မတော် သဘောထားများကို လွှတ်တော် ပြင်ဆင်ရေးဆိုင်ရာ သုံးသပ်ရေးကော်မတီသို့ တင်ပြဖို့ရှိခြင်း တို့ကြောင့် တပ်မတော်က ပြင်ဆင်ရေးရဲ့အဓိက အတားအဆီးလို့ရှုမြင်နေမှုများကို ပြန်လည် သုံးသပ်မှု များရှိလာနိုင် ပါ တယ်။တပ်မတော်ရဲ့ အခု ခြေလှမ်းတစ်လှမ်းဟာ နိုင်ငံတော်တိုးတက်ရေး၊ဒီမိုကရေစီ ပေါ်ပေါက်ရေး တို့ အတွက် များစွာအကျိုးဖြစ်ထွန်းစေတာဖြစ်ပြီး တပ်မတော်က ပြောသလို အမှန် တစ်ကယ် ရပ်တည် မယ်လို့ လည်း ယုံကြည်ရပါတယ်။ အမှန်တစ်ကယ်သာ တပ်မတော်က ပြင်ဆင်ရေး အတား အဆီး မဟုတ် ခဲ့ရင် မြန်မာ့ နိုင်ငံရေးလမ်းကြောင်းဟာ အကောင်းဘက်ကို ဦးတည်ပြောင်း လဲတော့ မှာဖြစ်ပြီး လူထုနဲ့ တပ်မတော်ကြား စည်းလုံးညီညွတ်မှုရရှိရန်လည်း မဝေးတော့ဘူးလို့ ပြောလို့ရပါတယ်။

ဒေါ်စုသမ္မတဖြစ်ခဲ့ရင် နိုင်ငံတော်အချုပ်အခြာအာဏာကိုမထိပါးနိုင်ဘူးလို့ တပ်မတော်က ယုံကြည်လောက် တဲ့ အနေအထားရှိရင်တစ်နည်းအားဖြင့် နိုင်ငံတော်တည်ငြိမ်ရေးကိုမထိခိုက်နိုင်ဘူးလို့ တပ်မတော်က စိတ်ချ လက်ချရှိခဲ့ရင် တစ်ကယ်တမ်းဒေါ်စုအနေနဲ့ သမ္မတရာထူးယှဉ်ပြိုင်ခွင့်ရရေး အဓိက ကျော်ဖြတ် ရမှာ ကတပ်မတော်မဟုတ်ဘဲ အာဏာရပါတီကြီးဖြစ်သာပါလိမ့်မယ်။ ဒီလထဲ ကျင်းပဖို့ရှိတဲ့ ပြည်ခိုင်ဖြိုးပါတီ
အစည်းအေဝေးဟာ ပြင်ဆင်ရေးအတွက် အဆုံးအဖြတ်ဖြစ်နိုင်ပြီး တစ်ညီတစ်ညွတ်ထဲ ပြင်ဆင်ရေးဆိုင်ရာ
လိုက်လျောမှုများကိုပြုလုပ်ဖို့ဆုံးဖြတ်မလားဆိုတာကတော့ စောင့်ကြည်ရရမှာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ
အမတ်များက တစ်ညီတစ်ညွတ်သော်လည်းကောင်း အများစုကသော်လည်းကောင်း ပြင်ဆင်ရေးဆိုင်ရာ လိုက်လျောမှုများပြုလုပ်ဖို့ထောက်ခံခဲ့ရင်တော့ ဒေါ်စုအတွက် လမ်းပွင့်သွားဖို့ရှိပါတယ်။
တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များနဲ့ အတိုက်အခံ အမတ်များ ပေါင်းရင် ကန့်ကွက်မယ့်ပါတီတချို့ရှိခဲ့ရင်တောင် ပြင်ဆင်ရေးအတွက်လိုအပ်နေတဲ့ ၇၅ ရာခိုင်နှုန်းကျော် ရရှိနိုင် တာကြောင့်ဖြစ်ပါတယ်။

တစ်ကယ်လို့ ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးက ပြင်ဆင်ရေးနဲ့ပတ်သက်လို့ အတိုက်အခံတို့လိုလားတဲ့
အနေအထားအထိ လိုက်လျောရန် ဆုံးဖြတ်မပေးနိုင်ရင်တော့ ၂၀၁၅ မတိုင်ခင် အခြေခံဥပဒေကို အတိုက် အခံတို့ လိုလားတဲ့ အနေအထား ၊ဒေါ်စု သမ္မတရာထူးရွေးချယ်ခွင့်ရရှိမယ့်အနေအထား ဖြစ်လာဖို့
ခက်ခဲနေဦးမှာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အာဏာလက်လွတ်ဖြစ်မယ့်အနေအထားကို အမှန်တစ်ကယ်ပဲ ပြောင်းလဲပေးမလားဆိုတာကတော့ စိတ်ဝင်စားဖွယ်အကောင်းဆုံး မေးခွန်းဖြစ်လာပါပြီ။

တပ်မတော်ဟာ အခြေခံဥပဒေမှာ ဆုံးဖြတ်ခွင့်အတွက်အရေးပါတဲ့ ရာခိုင်နှုန်းတစ်ခုကိုအခိုင် အမာပြဌာန်းပြီး ရယူထားခဲ့တာကြောင့် ဒီအနေအထားဟာ ဒေါ်စုကို တပ်မတော်က ဟန့်တား ထား လိုခြင်းဖြစ်တယ်၊ ဒီမိုကရေစီ ကိုဦးတည်ပြီး အမှန်တစ်ကယ်ပြောင်းလဲမပေးလိုခြင်းကြောင့်ဖြစ်တယ်ဆိုတဲ့ အယူအဆများ ကိုလည်း မကြာခင်ချေဖျက်ပစ်နိုင်တော့မယ်လို့ယူဆရပြီး တစ်ကယ်သာ တပ်မတော်က ပြင်ဆင်ရေး ဆိုင်ရာ လိုက်လျောမှုများပြုလုပ်ပေးခဲ့ရင်တော့ အားလုံးရဲ့ ယူဆချက်များကို ပြန်လည် သုံးသပ်ရတော့ မှာဖြစ်ပါ တယ်။

သေချာတာကတော့ ဒေါ်စုသမ္မတ ဖြစ်ရေးကိစ္စဟာ အလားအလာ တချို့ရှိ လာနေသော်ငြား လည်း သေ ချာရေ ရာမှုမရှိသေးဘူးလို့ကောက်ချက်ဆွဲနိုင်ပါတယ်။ကြိုတင် သဘောတူ ညီချက်များ ဘယ်လောက် ရရှိထား သည်ဖြစ်စေ ၊ တပ်မတော်က ကြီးကြီးမားမားလိုက်လျောနိုင်သည်ဖြစ်စေ နောက်ဆုံး လွှတ်တော် ရဲ့ ဆုံးဖြတ် ချက်နဲ့စတင်ရမှာဖြစ်တဲ့ ပြင်ဆင်ရေးကိစ္စဟာ တိတိကျကျ ခန့်မှန်းပြော ဆို ဖို့ရာ ခက်ခဲနေသေးတာတွေ့ရပါတယ်။ ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်း၊ငြိမ်းချမ်းရေး တည်ဆောက်နိုင် မှု ၊ နိုင်ငံတော်တည်ငြိမ်ရေးစတဲ့ကိစ္စများဟာ တစ်ခုနဲ့တစ်ခု သေသေချာချာ ချိတ်ဆက်နေတာဖြစ်ပြီး အတိမ်း အစောင်းခံနိုင်တဲ့အနေအထားကိုလည်းမရောက်သေးတာအမှန်ဖြစ်ပါတယ်။၂၀၁၅ ခုနှစ်မှာ ဒီမိုကရေစီ ရရှိဦး မှာမဟုတ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အလွန်အကျွံမျှော်လင့် လို့ မရကြောင်း ၊ ပြင်ဆင်ရေး ကလည်း ဒီမိုကရေစီနဲ့ လုံးဝကိုက်ညီတဲ့အထိမဖြစ်နိုင်သေးကြောင်းအားလုံးက ကြိုတင် လက်ခံထားပြီး ပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲကိုဖြတ်သန်းကြဖို့ဖြစ်ပါတယ်။

၂၀၁၅ မှာ သမ္မတလောင်းအဖြစ် အရွေးချယ်ခံခွင့်ရခဲ့ရင် ဒေါ်စုဟာ သမ္မတရာထူး ရယူရန် အလား အလာကောင်းတဲ့ သမ္မတလောင်းဖြစ်လာတော့မှာဖြစ်ပြီး သမ္မတသာဖြစ်ခဲ့ရင် လည်း ဒေါ်စုအနေနဲ့ အခုထက် အများကြီးပိုမိုခက်ခဲတဲ့ ခရီးကြမ်းကိုလျှောက်လှမ်းရပါလိမ့်မယ်။ ပါတီကို စိတ်ချလက်ချ ထားခဲ့ဖို့၊ လူထုရဲ့မျှော် လင့်ချက်များဖြည့်ဆည်းပေးနိုင်ဖို့၊ ဖက်ဒရယ်နဲ့တန်းတူညီမျှရေးဆိုင်ရာ ဖိအားများကို ရင်ဆိုင်ဖို့ ၊အင်အားကောင်းလှတဲ့ အမျိုးသားရေးဝါဒီတို့ကို စိတ်ကျေနပ်မှုပေးနိုင်ဖို့ ၊တစ်ဖက်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ တည်ဆောက်မှုများကိုလည်း မြှင့်တင်ဆောင်ရွက်နိုင်ဖို့ ၊အစိုးရ ယန္တရားကြီးကို အကြီးအကျယ် reform ပြုလုပ်ဖို့၊ စွမ်းရည်ပြည့်ဝတဲ့ ကက်ဘိနက်ဖွဲ့နိုင်ဖို့၊ တပ်မတော်နဲ့ နားလည်မှု ရှိရှိလက်တွဲလုပ်ဆောင်နိုင်ဖို့၊လူထုရဲ့စွမ်းရည်ကို ဒီမိုကရေစီနဲ့ကိုက်ညီအောင် ဦးဆောင်မြှင့် တင်ပေးနိုင်ဖို့နဲ့ အထူးသဖြင့်တိုင်းပြည်ကိုဒီမိုကရေစီတည်ဆောက်ရေးလမ်းပေါ်ကနေချော်ထွက်
မသွားအောင် ထိန်းသိမ်းပေးဖို့ စတဲ့ စိန်ခေါ်မှုတွေက ဒေါ်စုကို ဆည်းကြိုနေမှာ မုချဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်စု သမ္မတဖြစ်ခဲ့ရင် အားလုံးက အခုထက် ပိုသဘောထားကြီးကြဖို့၊ အခုထက်ပိုပြီး စိတ်ရှည်သည်းခံကြဖို့နဲ့အခုထက်ပိုပြီးအလုပ်လုပ်ကြဖို့လည်းလိုအပ်မှာဖြစ်ပါတယ်။နိုင်ငံတကာအသိုင်း
အဝိုင်းကလည်းအထူးတလည်မျှော်လင့်ထားတာဖြစ်လေတော့ သေချာပေါက် ကြိုတင်တွက်ဆဖို့ မလွယ်သေးတာ မှန်ပေမယ့် ဒေါ်စုသာသမ္မတရာထူးကို ရယူထမ်းဆောင်ခွင့် ရခဲ့ရင် ပြည်ထောင် စုမြန် မာနိုင်ငံရဲ့ ပုံရိပ်ဟာ နိုင်ငံတကာအမြင်မှာ အခုထက်ပိုပြီး လင်းလက်တောက် ပ လာနိုင် တာဖြစ်သလို နှစ်ပေါင်းငါးဆယ်ကြာအောင် မှေးမှန်နေခဲ့တဲ့ တပ်မတော်ရဲ့ ပုံရိပ်ကလည်း အံ့မခန်း ပြောင်းလဲ သွားပါ လိမ့်မယ်။
သန်းခြောက်ဆယ်သောလူထုနဲ့ stakeholder အားလုံး ကသာ စိတ်ရှည် သည်းခံမှု နဲ့ လုံ့လဝိရီယများကို အချိုးညီညီပေါင်းစပ်ပြီး ကြိုးပမ်းအားထုတ်ကြမယ်ဆိုရင် ဒီမိုကရေစီပန်းတိုင်ကိုလည်း အမြန်ဆုံး အရောက်လှမ်းနိုင်ဖို့ရာလည်း ပိုမိုလျှင်မြန်သွားနိုင်မယ်ဖြစ်ပါကြောင်း။ ။


ပိုက်တင်

0 comments:

Post a Comment