၂၀၁၄ ဘောလုံးရာသီတွင် AFC Cup ၀င်ခွင့်ရရှိထားသော မြန်မာနေရှင်နယ်လိဂ်ကလပ်
နေပြည်တော် အက်ဖ်စီအသင်းအနေဖြင့် ရန်ကုန်ယူနိုက်တက်
တိုက်စစ်မှူးကြည်လင်းကို ခေါ်ယူနိုင်ရန် ကိုးဆယ် ရာခိုင်နှုန်း သေချာနေပြီဟု
အသင်းဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းက မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။
နေပြည်တော်အသင်းအနေဖြင့် ပြီးခဲ့သည့် ၂၀၁၃ ဘောလုံးရာသီ ကတည်းကကြည်လင်းကိုခေါ်ယူရန်
ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် ယခုနှစ်တွင်
ထပ်မံကြိုးစားခြင်းလည်း ဖြစ်သည်။ “ကြည် လင်းအသင်းကို ရောက်တော့မှာပါ။
ပြောင်းရွှေ့ကြေးညှိဖို့ပဲ လိုတော့တယ်။ ရန်ကုန်အသင်းကတောင်း တဲ့
ပြောင်းရွှေ့ကြေးကိုလည်း ပေးချေဖို့အသင့်ရှိပါတယ်” ဟု
ဦးဖြိုးကိုကိုတင့်ဆန်းက ဆိုသည်။
မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကြည်လင်းသည် ဆီးဂိမ်းတွင်ရရှိခဲ့သော ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရပြီး အလုံးစုံသက်သာပျောက်ကင်းရန်အတွက်တစ်လခန့်အနားယူရဦးမည် ဖြစ်သည်။
ဒဏ်ရာအခြေအနေနှင့် ပတ်သက်ပြီး ကြည်လင်းက “ဒဏ်ရာအခြေအနေကတော့ တစ်လလောက် နားရ ဦးမယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ဒဏ်ရာဟောင်းကိုပဲ ပြန်ထိတာပါ။ ဂျပန်မှာလည်း ဆေးကုသ မှု ခံခဲ့ပါသေးတယ်” ဟု ပြောသည်။ နေပြည်တော်အသင်းအနေဖြင့် အသင်းသမိုင်းတစ်လျှောက် ပထမ ဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသော AFC Cup ပြိုင်ပွဲတွင် အောင်မြင်မှုရရန်အတွက် ကြည် လင်းအပါအ၀င် လက်ရွေးစင်အဆင့် ကစားသမားသုံးဦးခန့် ထပ်မံအားဖြည့်ရန် ရည်ရွယ်ထားသည်။
၂၀၁၄AFC Cup ပြိုင်ပွဲတွင် နေပြည်တော်အသင်းအနေဖြင့် အိန်္ဒိယကလပ် ပူနီ၊ စင်ကာပူကလပ် တန် ပီးနက်စ်ရိုဗာ၊ ဟောင်ကောင်ကလပ် ကစ်ချီအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေကာ ဖေဖော် ၀ါရီ ၂၄ ရက်မှစတင်ပြီး အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် စတင်ကစားမည် ဖြစ်သည်။
Mizzima - News in Burmese
မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကြည်လင်းသည် ဆီးဂိမ်းတွင်ရရှိခဲ့သော ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရပြီး အလုံးစုံသက်သာပျောက်ကင်းရန်အတွက
ဒဏ်ရာအခြေအနေနှင့် ပတ်သက်ပြီး ကြည်လင်းက “ဒဏ်ရာအခြေအနေကတော့ တစ်လလောက် နားရ ဦးမယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ဒဏ်ရာဟောင်းကိုပဲ ပြန်ထိတာပါ။ ဂျပန်မှာလည်း ဆေးကုသ မှု ခံခဲ့ပါသေးတယ်” ဟု ပြောသည်။ နေပြည်တော်အသင်းအနေဖြင့် အသင်းသမိုင်းတစ်လျှောက် ပထမ ဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသော AFC Cup ပြိုင်ပွဲတွင် အောင်မြင်မှုရရန်အတွက် ကြည် လင်းအပါအ၀င် လက်ရွေးစင်အဆင့် ကစားသမားသုံးဦးခန့် ထပ်မံအားဖြည့်ရန် ရည်ရွယ်ထားသည်။
၂၀၁၄AFC Cup ပြိုင်ပွဲတွင် နေပြည်တော်အသင်းအနေဖြင့် အိန်္ဒိယကလပ် ပူနီ၊ စင်ကာပူကလပ် တန် ပီးနက်စ်ရိုဗာ၊ ဟောင်ကောင်ကလပ် ကစ်ချီအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေကာ ဖေဖော် ၀ါရီ ၂၄ ရက်မှစတင်ပြီး အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် စတင်ကစားမည် ဖြစ်သည်။
Mizzima - News in Burmese
0 comments:
Post a Comment