ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြမှု ခေါင်းဆောင် ဆူသက်သောင်ဆူဘန်က ဒီဇင်ဘာ ၂၂
ရက်တွင် ကြီးမားသော ဆန္ဒပြမှု ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၇
ရက် ညပိုင်းက ထုတ်ပြန်ကြေညာ ခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
ထိုင်းပြည် သူများ အနေဖြင့် ဝန်ကြီးချုပ် ရင်လပ်အား ရာထူးမှ ဖယ်ရှားရေး
ကြိုးပမ်းသည့် ဆန္ဒပြမှုတွင် ပါဝင် ကြရန် ဆူသက်က တိုက်တွန်းခဲ့သည်။ ထို့အပြင်
ပြည်သူ့ဒီမို ကရေစီ ပြုပြင်ပြောင်း လဲရေး
ကော်မတီ (PDRC) အတွင်းရေးမှူးချုပ်လည်း ဖြစ်သူ ဆူသက်သည် ဒီဇင် ဘာ ၁၉
ရက်နှင့် ၂ဝ ရက်တို့တွင် ဗန်ကောက်မြို့၌ ပြုလုပ်မည့် ချီတက်
ဆန္ဒပြမှု များကိုလည်း ဦး ဆောင်သွားမည် ဖြစ်သည်။
ဝန်ကြီးချုပ် ရင်လပ်က ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ပြီးသည့် အချိန်ထိ လက်ရှိရာထူး တာဝန်အား ဆက်လက် ထမ်းဆောင်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၇ ရက် တွင် ထပ်လောင်း ပြောကြားခဲ့ သည်။ ထိုင်းနိုင်ငံ အနေဖြင့် လာမည့် အထွေထွေ ရွေးကောက်ပွဲကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
မြ၀တီ
0 comments:
Post a Comment