Monday, December 30, 2013

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အခမဲ့ဝိုင်ဖိုင်ဇုန် ဇန်န၀ါရီ အပြီးတပ်ဆင်မည်

ဆီးဂိမ်းတွင် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကို ကြေးတံဆိပ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော ဂျပန်လူမျိုးနည်းပြ ကုမာဒါကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆို မည်ဖြစ်သည်။မြန်မာအမျိုးသမီး ဘောလုံးအသင်းအနေဖြင့် လာမည့် ၂၀၁၄ မေလအတွင်း ဗီယက်နမ်နိုင်ငံ၌ အာရှ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန်ရှိပြီး ကုမာဒါကိုပင် နည်းပြချုပ် တာဝန်ပေးမည်ဟု အသင်းမန်နေဂျာ ဒေါ်မြတ်မြတ်ဦးက ပြောသည်။

“ကုမာဒါကို စာချုပ်သက်တမ်းတိုးမယ်လို့ ဥက္ကဋ္ဌက ပြောပါတယ်။ လာမယ့် အာရှအမျိုးသမီး ချန်ပီယံ ရှစ်ပြိုင်ပွဲအတွက်လည်း သူ့ကိုနည်းပြချုပ်တာဝန်ပေးမှာပါ” ဟု ၎င်းကဆိုသည်။ဂျပန်လူမျိုး နည်းပြ ကုမာ ဒါသည် ၂၀၁၁ ခုနှစ်ကတည်းက မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်နေသူဖြစ်ပြီး ၂၀၁၂ အာဆီယံ အကောင်းဆုံးနည်းပြဆုကိုလည်း ရရှိထားသူဖြစ်သည်။

မြန်မာအမျိုးသမီး ဘောလုံးအသင်းအနေဖြင့် အိမ်ရှင်ဗီယက်နမ်အပါအ၀င် အသင်းရှစ်သင်း ပါဝင်ယှဉ် ပြိုင်မည့် ၂၀၁၄ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (ခ) ၌ တောင်ကိုရီးယား၊ တရုတ်၊ ထိုင်း အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။

Mizzima - News in Burmese

0 comments:

Post a Comment