Thursday, December 5, 2013

ရဲသား (၂)ဦးမှ ကလေး (၄)ယောက်မိခင်အားမုဒိမ်းကျင့်မှု ဖြစ်ပွား

ပြီးခဲ့သော ဒီဇင်ဘာ (၂)ရက် တနင်္လာနေ့ ည က ကွတ်ခိုင်မြို့နယ် နောင်ခရိုကျေးရွာရှိ ကလေး (၄) မိခင်အား ရဲသားနှစ်ဦးမှ ရဲဝတ်စုံဖြင့် ထိုအမျိုးသမီးတစ်ဦးထဲရှိနေစဉ် အိမ်ထဲဝင်လာပြီး မူယစ်ဆေးဝါးရောင်း သည်ဟု ဆိုကာ စစ်ဆေးပြီး အ၀တ်အစားများ အကုန်ချွတ်ခိုင်းကာမုဒိမ်း ကျင့်ထားခဲ့ကြောင်းသိရသည်။

“ဘိန်းရောင်းတယ် ဆိုပြီးတစ်ကိုယ်လုံးရှိ အ၀တ်အစားတွေကို ရှာတယ်တဲ့။ ရှာပြီးမတွေ့တော့မှ အ၀တ်အကုန်လုံးချွတ်ပြီးမုဒိမ်းကျင့်ပြီးထားခဲ့တာတဲ့” ဟုကွတ်ခိုင်ဒေသခံတစ်ဦးကဆိုသည်။

ထိုအမျိုးသမီးသည် အသက် ၃၅ နှစ်အရွယ်ဖြစ်ပြီး သူ၏ အမျိုးသားနှင့် အတူနေထိုင်သည့် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးဖြစ်သည်။

Kachinwave News

0 comments:

Post a Comment