Thursday, December 19, 2013

နေပြည်တော်တွင် ဖွံ့ဖြိုးရေးရန်ပုံငွေ ပိုမိုထိရောက်စွာ သုံးစွဲနိုင်မည်ဟုဆို

မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျပ် ၃၃၀ ဘီလီယံ ပေးထားရာ ဒီဇင်ဘာ ၁၁ ရက် နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော်နာယက ထုတ်ပြန်သော အမိန့်ကြေ ညာစာအရ နေပြည်တော် ရှစ်မြို့နယ်၏ ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့အား ဒေသ အုပ်ချုပ်ရေး အဖွဲ့များမပါဝင်ဘဲ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ပါ၍ နေပြည်တော် ရှစ်မြို့နယ်အတွက် ကျပ်သိန်း ရှစ်ထောင် ကို ပိုမိုထိရောက်စွာ သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မဇ္ဈိမကို ပြောသည်။

“နေပြည်တော်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ပဲ ဖွဲ့ရမယ်လို့ ပါတယ်။ ဒီတော့ ကျွန်မတို့ ဇမ္ဗူသီရီမြို့နယ်မှာဆိုရင် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်ဦးခင်မောင်ဌေးရယ်၊ ကျွန်မရယ်ပဲ ရှိတော့ ဒေသဖွံ့ဖြိုးရေးလုပ်နေတဲ့ အစိုးရ၀န်ထမ်းမဟုတ်တဲ့ အ ရပ်သားတွေနဲ့ပဲဖွဲ့လိုက်တယ်။ ဒီတစ်မြို့နယ်သိန်းတစ်ထောင်ကိစ္စမှာ ကျွန်မအမြင်ကတော့ အုပ်ချုပ်ရေး အဖွဲ့အစည်းကလူတွေ မပါတာ ပိုကောင်းပါတယ်။ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပိုပြီးကျယ်ကျယ်ပြန့် ပြန့်နဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာပေါ့”ဟု ပြောသည်။

တိုင်းလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ဟူ၍ သီးခြားမရှိသည့် သမ္မတက တိုက်ရိုက်အုပ်ချုပ်ခွင့်ရ နေ ပြည်တော်ကောင်စီနယ်မြေတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်သုံးဦးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရှစ်ဦးတို့သာ ရှိကြပြီး ၎င်းတို့သည် တိုင်း၊ သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အချို့ကဲ့သို့ အစိုးရအဖွဲ့ဝင်များ မဟုတ်ကြခြင်း ပြည်ထောင်စုလွှတ်တော်နာယက၏ အမိန့်ကြေညာချက် အရ ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့များကိုလည်း ၎င်းတို့ဖြင့်သာ ဖွဲ့စည်းထားရသ ဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်က အတွင်းရေးမှူးအဖြစ်နှင့် ဒေသခံ ရပ်မိရပ်ဖထဲမှ လူမှုရေးလုပ်ငန်းလုပ် ဆောင်ရွက်နေသူ ဆောင်ရွက်လိုစိတ် ပြင်းပြသူတို့က အဖွဲ့ဝင်များအဖြစ်လည်းကောင်း ဖွဲ့စည်း ဆောင်ရွက်နေကြသည်။

မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်ဖော်ရေးအဖွဲ့ဖွဲ့စည်းရန် ယခင်ညွှန်ကြားချက်အဟောင်းအရဆိုလျှင် ဒေသဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက အဓိက ပါဝင်ခဲ့ကြသဖြင့် လက် တွေ့ အကောင်အထည်ဖော်ရန် နှောင့်နှေးပြီး ထိရောက်မှုနှောင့်နှေးခြင်းများလည်း ရှိနိုင်သည်ဟု ဆို၏။

လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည့်ပုံစံ မှ ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းဆောင်ရွက်ခွင့်ရလာခြင်းမှာ ပိုမိုအကျိုးဖြစ် ထွန်းစေကြောင်း၊သို့ရာတွင် ယခုကဲ့သို့ ဖွဲ့စည်းဆောင်ရွက်ခွင့်ပုံစံ ထူးခြားစွာပြောင်းလဲရခြင်းသည် လွှတ် တော်နှင့် အစိုးရအဖွဲ့အကြား ပေါင်းစပ်ညှိနှိုင်းမှုမျိုးကို သမ္မတ တိုက်ရိုက်အုပ်ချုပ်ခွင့်ရသည့် နေပြည် တော်ကောင်စီ ဧရိယာအတွင်း မဆောင်ရွက်လိုသည့် သဘောထားများ အစိုးရအဖွဲ့၌ ရှိခြင်း ယခင် ဖွဲ့ စည်းပုံကို ပြင်ဆင်ပေးရန် ပြည်ထောင်စုလွှတ်တော်နာယကထံသို့ တောင်းဆိုခြင်းများ ရှိခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက မဇ္ဈိမကို ပြောသည်။

Mizzima

0 comments:

Post a Comment