Monday, November 18, 2013

လူသားချင်းစာနာထောက်ထားသည့် အကူညီများကို မြန်မာအစိုးရမှ တဆင့် ခွဲခြားမူမရှိဘဲပေးအပ်မည်ဟု မြန်မာအစိုးရနှင့် OIC သဘောတူ




မြန်မာနိုင်ငံအတွင်း အရပ်ဖက်အဖွဲ့ အစည်းများနှင့် အတူ OIC အဖွဲ့ ဝင်နိုင်ငံများမှ ပေးအပ်သည့် လူသားချင်းစာနာထောက်ထားသည့်အကူညီအထောက်ပံ့များအား နိုင်ငံတော်အစိုးရမှတဆင့် ခွဲခြားမူ မရှိဘဲ ပေးအပ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်မူ အကောင်ထည်ဖော်ရေး ဗဟိုကော်မတီနှင့် အစ္စလမ်မစ်ပူးပေါင်းဆောင်၇ွက်ရေးအဖွဲ့ OIC တို့ မှ ပူးတွဲ၍ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထို့ ပြင် OIC အဖွဲ့ အနေဖြင့် မြန်မာအစိုးရရင်ဆိုင်နေရသည့် စိန်ခေါ်မူများရင်ဆိုင်ဖြေရှင်းရာတွင် သက်ဆိုင်၍ လိုအပ်သောအကူညီများပေးအပ်သွားမည်ဖြစ်ပြီး သတင်းအချက်လက်များအား ကဏ္ဍပေါင်းစုံ မှ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုသို့ ပူးပေါင်းလုပ်ဆောင်ရာတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ တိုင်းရင်းသားစည်းလုံးညီညွတ်မူနှင့် အချုပ်ချာအာဏာ ၊ ပြည်တွင်းရေးများအား ၀င်ရောက်စွက်ဖက်ခြင်းအား ရှောင်ကြဉ်၍ အခြေခံမူများအား အပြည့်အ၀လေးစားမည်ဖြစ်ကြောင်း ပူးပေါင်းကြေညာချက်ထုတ်ပြန်ခဲ့သည်။

မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ လာရောက်ခဲ့သည့် အစ္စလမ်မစ်ပူးပေါင်းဆောင်၇ွက်ရေးအဖွဲ့ OIC အိုအိုင်စီအတွင်းရေးမူးချုပ်၊ ဂျီဘူတီနှင့်တူရကီနိုင်ငံခြားရေးဝန်ကြီးများ ၊ ဘင်္ဂလားဒေခ့်ျ ၊အီဂျစ် ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဆော်ဒီအာရေးဘီးယာဒ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်များမှ မြန်မာနိုင်ငံသို့  နိုဝင်ဘာ ၁၄ ရက်နေ့ တွင်ရောက်ရှိ ခဲ့ပြီးမြန်မာနိုင်ငံ ရှိ မြိုနယ်အချိုတွင် အိုအိုင်စီအဖွဲ့ လာရောက်ခြင်းအပေါ်ဆန္ဒထုတ်ဖော်မူများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

" ဒီလေ့လာရေး ခရီးစဉ်ကြောင့် မြန်မာနိုင်ငံက ပြည်သူတွေရဲ့ မျှော်လင့်ချက် ဆန္ဒတွေနဲ့  အညီ ငြိမ်းချမ်းရေး၊တရားဥပဒေစိုးမိုးရေးတို့ ကိုနိုင်ငံတော်သမ္မတ ရဲ့ ဦးဆောင်မူနဲ့ အညီ ပြုပြင်ပြောင်း လဲနေတယ်ဆိုတာ လက်တွေ့ ကျကျလေ့လာသိမြင် ခွင့်ရခဲ့ပါတယ်
နိုင်ငံတော်သမ္မတရဲ့  မိန့် ခွန်းမှာပါတဲ့ အကြမ်းဖက်မူ ကျူးလွန်သူတွေကို တရားဥပဒေအရပြင်းထန်စွာ အရေးယူမယ်ဆိုတာတွေကိုလဲ မှတ်သားထားပြီး အရေးကြီးကြောင်းတွေ့ ရပါတယ်" ဟု အတွင်းရေးမူးချုပ်၊ OIC ဂျီဘူတီကပြောကြားခဲ့သည်။

ထို့ ပြင် OIC အဖွဲ့ အစည်းအပေါ် ဘာသာရေးအဖွဲ့ အစည်းတစ်ခုဖြစ်သည်ဟု နားလည်မူ လွဲမှားနေကြောင်း မိမိတို့ အဖွဲ့ အစည်းသည် International Inter-governmental Organization တစ်ခု သာဖြစ်ကြောင်းပြောကြား၍ နိုဝင်ဘာ၁၇ရက်နေ့ တွင် ကာတာလေကြောင်း လိုင်းဖြင့် မြန်မာနိုင်ငံ မှ ပြန်လည်ထွက်ခွာခဲ့သည်။

ပန်မိုးဝါ(ရိုးရာလေး)

0 comments:

Post a Comment