
မီးလောင်ကျွမ်းခဲ့သည့် MAI အလူမီနီယမ် စက်ရုံရုံးခန်းအား တွေ့ရစဉ်
ရွှေပြည်သာ မြို့နယ်ရှိ သာဓုကန် စက်မှုဇုန်ရှိ MAI အလူမီနီယမ်
စက်ရုံရုံးခန်း မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း ရွှေပြည်သာမြို့နယ်
မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်း ကျပ်သိန်း ၂၀ ခန့်
တန်ဖိုးရှိ ကွန်ပျူတာတစ်လုံး၊ ဆိုဖာဆက်တီတစ်စုံ၊ ရေခဲသေတ္တာတစ်လုံး၊
သစ်သားဘီဒိုတစ်လုံး၊ တီဗီတစ်လုံးနှင့် ရုံးသုံးစာရွက် စာတမ်းများကို
မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုသို့ မီးသတ်ယာဉ် (၁၂) စီး၊ ကွပ်ကဲမှုယာဉ်
သုံးစီးတို့ လာရောက်ငြှိမ်းသတ်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင်
မီးငြိမ်းသွားခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
"ဒီနေ့က ကုမ္ပဏီ ပိတ်ရက်ဆိုတော့ အလုပ်သမားတွေ အများကြီး မရှိပါဘူး။
စက်ရုံလုံခြုံရေးတွေပဲ ရှိပါတယ်။ စပြီး မီးလောင်ကျွမ်းတာကတော့
အဲဒီစက်ရုံရဲ့ ရုံးခန်းရှိုးကေ့စ်ပေါ်မှာ ရေနွေးအိုး တည်ထား ရာက တစ်ဆင့်
ရေဆူပြီး ရေခန်းသွားရာကနေ အပူလွန် မီးလောင်ကျွမ်းခဲ့တာပါ" ဟု
ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယင်းမီးလောင်ကျွမ်းမှုကို လှော်ကားနယ်မြေ ရဲစခန်းက အဆိုပါ စက်ရုံ၏
လုံခြုံရေးမှူး ဦးစန်းဦး (၆၀) နှစ်အား (ပ)၃၂၅/၂၀၁၃/ပုဒ်မ ၂၈၅ ဖြင့်
အမှုဖွင့်ထားကြောင်း သိရသည်။
Eleven
0 comments:
Post a Comment