
ယခုနှစ်အတွင်း
ပြည်တွင်းရှိ ကလေးသူငယ် အမျိုးသမီးများ လူကုန်ကူးခံရမှု ဖြစ်စဉ်များအနက်
တရုတ်နိုင်ငံတွင် အဓမ္မ လက်ထပ်ရန် အရောင်းစားခံရမှု ဖြစ်စဉ်များ အများဆုံး
ဖြစ် ပွားနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လူကုန်ကူးမှု
တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
၂၀၁၃ ခုနှစ်အတွင်း ကလေးသူငယ် လူကုန်ကူးခံရသည့် အမှုအရေအတွက် ၁၈ မှု ရှိခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးချုပ် ၀င်းနိုင်ထွန်းထံမှ သိရသည်။
ယင်းကဲ့သို့ ဖြစ်စဉ်များမှာ တရုတ်နိုင်ငံတွင် အဓမ္မလက်ထပ်ရန် ရောင်းစားခံရမှု ရှစ်မှု၊ ပြည်တွင်း၌ အဓမ္မ ပြည့်တန်ဆာအဖြစ် ခိုင်းစေမှု ငါးမှု၊ တရုတ်နိုင်ငံသို့ အဓမ္မ မွေးစားရန် ရောင်းစားမှု နှစ်မှု၊ ထိုင်းနိုင်ငံတွင် အဓမ္မ ပြည့်တန်ဆာအဖြစ် ခိုင်းစေမှုနှစ်မှုနှင့် လုပ်အား ခေါင်းပုံဖြတ်စေခံရမှု နှစ်မှုတို့ ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ "ပြည်တွင်းမှာရှိတဲ့ ကလေးသူငယ်တွေက အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကို အများဆုံး လူကုန်ကူး ခံနေရပါတယ်။ အခုနှစ်ထဲမှာ ကလေးသူငယ် အမျိုးသမီးတွေ တရုတ်နိုင်ငံမှာ အဓမ္မ လက်ထပ်ဖို့အတွက် ရောင်းစားခံခဲ့ရတာ ရှစ်မှုရှိခဲ့တယ်။ ထိုင်းနိုင်ငံမှာလည်း အဓမ္မ ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့တဲ့ နှစ်မှုရှိတယ်။ လူကုန်ကူးတဲ့ သူတွေကတော့ လူကုန်ကူးခံရတဲ့ မိဘတွေရဲ့ အသိပညာ ဗဟုသုတ နည်းပါးမှုပေါ် အခြေခံပြီးတော့ ပွဲစားတွေက အလုပ်ကိုင်ရရှိအောင် ဆောင်ရွက်ပေးမယ်ဆိုပြီး ခေါင်းပုံဖြတ်တာတွေ၊ မိဘတွေရဲ့ စီးပွားရေး မပြေလည်တာ၊ အိမ်ထောင်ရေး အဆင်မပြေတာတွေကြောင့် ကလေးတွေက အလုပ်ကို ရှာဖွေတဲ့အခါမှာ ရောင်းစားခံနေရတာတွေ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဖြစ်သူ ရဲမှူးချုပ် ၀င်းနိုင်ထွန်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် နေပြည်တော်တို့တွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ကို အသစ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
မူဆယ်မြို့မှ တရုတ်နိုင်ငံ ရွှေလီမြို့သို့ သွားရောက်သော နယ်စပ်ဂိတ်၌ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဓာတ်ပုံ-ထွန်းနေလှိုင်(နောင်
Eleven
0 comments:
Post a Comment