Monday, November 4, 2013

ဆီးချိုရောဂါနှင့်ဖျားခြင်း

ဆီးချိုသမားတွေကအကြောင်းအမျိုးမျိုးကြောင့်ဖျားတတ်ပါတယ်။ဒီလိုဖျား
ရင်ဘာကြောင့်ပဲဖျားဖျားလူနာအများစုထင်တာကဖျားတဲ့အတွက်မစားနိုင်
မသောက်နိုင်ဖြစ်ကြတဲ့အတွက်ကြောင့်ဆီးချိုတက်မှာမဟုတ်ပါဘူး။အဲဒီ
တော့ဆီးချိုတက်မှာမဟုတ်ဘူးလို့သူတို့ဘာသာယူဆတဲ့အတွက်ဆီးချို
တအားကျသွားမှာကိုစိုးရိမ်ပြီးဆီးချိုကုသဆေးတွေကိုကိုယ့်သဘောနဲ့ကို
ရပ်လိုက်ကြပါတယ်။

တကယ်တမ်းမှာတော့ဖျားတယ်ဆိုတာစိတ်ဖိစီးမှု(Stress)တစ်မျိုးပါပဲ။စိတ်
ဖိစီးမှုဖြစ်လာတာနဲ့ခန္တာကိုယ်ထဲမှာအင်ဆူလင်ကိုဟန့်တားစေတဲ့ကော်
တီဆောဓာတ်တွေထွက်လာပါတယ်။အဲဒီဓာတ်တွေကစိတ်ဖိစီးမှုဖြစ်တိုင်း
ထွက်လာပြီးအင်ဆူလင်ကိုဆန့်ကျင်တဲ့ဓာတ်ရှိတဲ့အတွက်ဆီးချိုပိုပြီးတက်
လာပါတယ်။လူတစ်ယောက်ကလေဖြတ်သွားတယ်ဆိုရင်စိတ်ဖိစီးမှုတွေ
ဖြစ်သွားပါတယ်။ကော်တီဆောတွေထွက်လာပြီးဆီးချိုပိုတက်လာပါတယ်။
နှလုံးသွေးကြောပိတ်သွားတယ်၊ဖျားတယ်ဆိုတာကလည်းအတူတူပါပဲ။တ
ကယ်တမ်းမှာဆီးချိုရောဂါရှိသူဖျားရင်ဆီးချိုကပိုတောင်တက်နိုင်ပါသေး
တယ်။လူတွေရဲ့အယူအဆတွေမှားနေကြတာပါ။ဖျားတာနဲ့ဆေးကိုရပ်လိုက်
တဲ့အတွက်ကြောင့်ဆီးချိုကတအားတက်သွားတာမျိုးဖြစ်တတ်ပါတယ်။သ
တိထားရမှာကကိုယ်ထင်သလိုဆီးချိုကအရမ်းမကျသွားနိုင်ပါဘူး။ဆီးချိုဆေး
တွေကိုလည်းမရပ်လိုက်သင့်ပါဘူး။

ဆီးချိုသမားတစ်ယောက်ဖျားရင်သက်ဆိုင်ရာဆီးချိုအထူးကုဆရာဝန်နဲ့ပြ
ဖို့ကအဓိကပါပဲ။နောက်တစ်ချက်ကတော့ဖျားတဲ့နေ့တွေမှာဆီးချိုမကြာခ
ဏစစ်ပေးပါ။တစ်နေ့သုံးကြိမ်ဒါမှမဟုတ်လေးကြိမ်လောက်စစ်ပါ။Frequent
Monitoring ကအရေးကြီးပါတယ်။သွေးတွင်းသကြားဓာတ်ကျသွားတယ်
ဆိုရင်တော့ဆေးကိုလျော့သောက်ထားလို့ရပေမယ့်ဆီးချိုတက်နေတဲ့အ
ချိန်တွေမှာဆေးကိုပိုသောက်ဖို့တောင်လိုအပ်ပါတယ်။ဆီးချိုသမားဖျားရင်
ရေကိုများများသောက်ပေးပါ။ဆီးချိုအရမ်းတက်နေရင်သောက်ဆေးနဲ့မနိုင
တော့ရင်အင်ဆူလင်ပြောင်းထိုးနေပေးဖို့လိုအပ်ပါတယ်။နေကောင်းသွားမ
သောက်ဆေးပြန်သောက်ခိုင်းပါတယ်။သောက်ဆေးကတစ်ခါသောက်လိုက်
ရင်သွေးထဲမှာ6 နာရီကနေ 8 နာရီအထိရှိနေပါတယ်။သောက်ပြီးရင်ပြန်ပြင်
လို့မရပါဘူး။အင်ဆူလင်ဆေးကတော့ 6 နာရီခြားတစ်ခါထိုးရတဲ့အတွက်ပို
သက်သာပါတယ်။

ဆီးချိုသမားဖျားတိုင်းလည်းဆရာဝန်ဆီလာပြဖို့အဆင်ပြေချင်မှပြေမှာပါ။
ဆီးချိုသမားတစ်ဦးဖျားတယ်။အဖျားကလည်းနည်းတယ်။နည်းနည်းပါးပါးအ
အေးမိတာ၊နှာစေးတာလောက်ဆိုရင်အိမ်မှာပဲနေလို့ရပါတယ်။အဓိကလုပ်
ရမှာကတော့ဆီးချိုစစ်ဆေးပေးနေဖို့လိုပါတယ်။

နောက်တစ်ခုအထူးမှာချင်တာကဆေးတွေကိုကိုယ့်သဘောနဲ့ကိုယ်မရပ်
လိုက်ပါနဲ့။ဆီးချိုက 60 အောက်အထိရောက်နေရင်တော့ဆေးကိုလျှော့
သောက်လို့ရပါတယ်။တက်နေရင်ပိုပြီးတိုးသောက်ဖို့လိုပါတယ်။အစားအ
သောက်ကတော့ပုံမှန်အတိုင်းဆက်စားလို့ရပါတယ်။ဖျားနေတဲ့အတွက်
ကြောင့်အစာကြေလွယ်အောင်ကြေလွယ်တဲ့အစားအစာတွေစားရင်ပို
ကောင်းပါတယ်။များသောအားဖြင့်ဖျားနာတဲ့ဝေဒနာအတွက်ပေးတဲ့ပဋိဇီဝ
ပိုးသတ်ဆေးတွေနဲ့ဆီးချိုကုဆေးတွေနဲ့တွဲသောက်လို့ရပါတယ်။ပြသနာ
မရှိပါဘူး။အကိုက်အခဲပျောက်ဆေးတွေနဲ့ဆီးချိုဆေးတွေတွဲသောက်လို့ရ
ပါတယ်။ဒါပေမယ့်ဆီးချိုသမားတစ်ဦးကျောက်ကပ်ထိထားတယ်ဆိုရင်
တော့အကိုက်အခဲပျောက်ဆေးကိုတစ်ခါ-နှစ်ခါသောက်တာဘာမှမဖြစ်ပေ
မယ့်စွဲသောက်လို့တော့မရပါဘူး

တွဲဖက်ပါမောက္ခဒေါက်တာဦးကိုကို
အထွေထွေရောဂါအထူးကုဆရာဝန်ကြီး

ကျန်းမာရေးအတွက်သိသင့်သည်များစုစည်းထားမှု

0 comments:

Post a Comment