
အသက်(၁၈)နှစ်သာ ရှိသေးပြီး အမည်မဖော်ပြသည့် မိန်းကလေးသည် အင်တာနက်မှတစ်ဆင့် မိမိ၏ အပျိုရည်ကို လေလံတင်ထားခြင်း ဖြစ်သည်။
ရုရှားနိုင်ငံမှ ဆယ်ကျော်သက် မိန်းကလေး တစ်ဦးသည် မိမိ၏ အပျိုရည်ကို ဒေါ်လာ
(၃၀၀၀၀)မျှဖြင့် ရောင်းချရန် ကမ်းလှမ်းခဲ့ကြောင်း သိရှိရသည်။
အသက်(၁၈)နှစ်သာ ရှိသေးပြီး အမည်မဖော်ပြသည့် မိန်းကလေးသည် အင်တာနက်မှတစ်ဆင့်
မိမိ၏ အပျိုရည်ကို လေလံတင်ထားခြင်း ဖြစ်သည်။ သူမအနေဖြင့် ပေါင်စတာလင်
(၁၈၀၀၀)ဝန်းကျင် [ဒေါ်လာသုံးသောင်းမျှ]ဖြင့် ဈေးပေးသူနှင့် ပထမဆုံး
တစ်ညတာကို ဖြတ်သန်းရန် အသင့်ရှိနေကြောင်း မိန်းကလေးက ပြောဆိုထားသည်။
ထို့အပြင် သူမသည် အသုံးမပြုရသေးသည့် အသစ်ကျပ်ချွတ်ဖြစ်ကြောင်းလည်း
ဆိုက်ဘေးရီးယားတွင် နေထိုင်သည့် အဆိုပါ မိန်းကလေးက အာမခံထားသေးသည်။
မိန်းကလေးက လေလံအောင်မြင်သော အမျိုးသားသည် ကရက်စ်နိုယက်ခ်မြို့ရှိ
သူမဆန္ဒရှိရာ ဟိုတယ်တစ်ခုတွင် အတူအိပ်စက်ခွင့် ရှိမည်ဟု ကြေညာထားသည်။ အဆိုပါ
လေလံကိစ္စသည် ရုရှားတွင် အငြင်းပွားစရာ အခြေအနေ တစ်ခုအဖြစ်
ရောက်ရှိလာသော်လည်း ရဲအဖွဲ့က တစ်စုံတစ်ရာ ဝင်စွက်ဖက်မည် မဟုတ်ဟု ဆိုသည်။
"မိန်းကလေးကရော၊ ဝယ်လက်ဘက်ကပါ ဥပဒေ ချိုးဖောက်မှု တစ်ခုခု မရှိရင်
ကျွန်တော်တို့အတွက် ပြဿနာ မဟုတ်ဘူးလေ"ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ
ပုဂ္ဂိုလ် တစ်ဦးက မှတ်ချက်ပြုခဲ့သည်။
အဆိုပါ ဆယ်ကျော်သက်
မိန်းကလေးက "ကျွန်မ အရေးတကြီး ငွေလိုနေလို့ပါ။ ဒါကြောင့် ကျွန်မ
ပိုင်ဆိုင်ထားတဲ့ တန်ဖိုးအထားဆုံး အရာကို ထုတ်ရောင်းဖို့ ဆုံးဖြတ်ခဲ့ရတာ
ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်မရည်မှန်းထားတဲ့ ဈေးနှုန်းကို မြန်မြန်ရဖို့
မျှော်လင့်ပါတယ်။ မနက်ဖြန်ပဲ ဖြစ်ဖြစ်ပေါ့။ ကျွန်မရဲ့ အပျိုစင်ဂုဏ်
စစ်မှန်သလား ဆိုတာကို သက်သေထူဖို့ အဆင်သင့်ပါပဲ"ဟု လည်း လေလံဝက်ဘ် ဆိုက်တွင်
ရေးသားထားကြောင်း ဆိုက်ဘေးရီးယန်းတိုင်းမ် သတင်းစာက ဖော်ပြခဲ့သည်။ သူမက
"ကျွန်မ ရူးနေတာလည်း မဟုတ်ဘူး။ အဆန်းထွင်တာလည်း မဟုတ်ဘူး။ ကျွန်မ
ငွေလိုလို့ပါ။ ပြီးတော့ ငွေသားနဲ့ပဲ ပေးချေစေချင်တယ်"ဟုလည်း ဆိုသည်။
ယခုအခါ မိန်းကလေးသည် အက်ဗ်ဂျီနီ ဗိုလ်နော့ဗ် အမည်ရှိ အမျိုးသားနှင့်
ဈေးနှုန်း ညှိနှိုင်းမှု အဆင်ပြေသွားပြီဟု သတင်းများ ထွက်ပေါ်နေသော်လည်း
ဝယ်လက်အကြောင်း တိတိကျကျ မသိရှိရချေ။ ရဲတပ်ဖွဲ့ကမူ ယင်းအခြေအနေသည်
ရုရှားနိုင်ငံ၏ ပြည့်တန်ဆာဆိုင်ရာ အက်ဥပဒေနှင့် ငြိစွန်းကြောင်း သတ်မှတ်၍
မရနိုင်ဟု ယူဆထားပြီး ရာဇဝတ်မှုဖြင့် ဖမ်းဆီးရန် မလိုကြောင်း ပြောဆိုထားသည်။
Planet Myanmar Network
0 comments:
Post a Comment