Tuesday, November 5, 2013

ထင်းမီးဖို လျော့သုံးရင် လူတစ်သန်း အသက်ကယ်ရာရောက်နိုင်


ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အသုံးပြုတဲ့ မီးဖိုကို လျော့သုံးမယ်ဆိုရင် ကမ္ဘာကြီးပူနွေးမှုကို နှောင့်နှေးစေမှာဖြစ် သလို လူတစ်သန်းရဲ့ အသက်ကိုလည်း ကယ်ဆယ်နိုင်လိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ပြောလိုက်ပါတယ်။

ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim ရဲ့ အဆိုအရ မီးဖိုကနေ ထွက်ရှိတဲ့ မီးခိုးငွေ့တွေဟာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်သလို လူတွေရဲ့ အသက်ရှုလမ်းကြောင်းနဲ့ နှလုံးရောကိုပါ ထိခိုက်စေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ထင်းမီးဖိုတွေ၊ ကျောက်မီးသွေးမီးဖိုတွေ၊ လွှစာမှုန့် မီးဖိုတွေ အသုံးပြုနေဆဲဖြစ်တဲ့အတွက် အဲဒီမီးဖိုတွေအစာ သဘာဝပတ်ဝန်းကျင်နဲ့ ပိုမို ကိုက်ညီမယ့် မီးဖိုတွေကို အစားထိုး အသုံးပြုနိုင်မယ်ဆိုရင် လူပေါင်း တစ်သန်းရဲ့ အသက်ကို ကယ် တင် ရာ ရောက် မယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။

ABC Radio Australia

0 comments:

Post a Comment