Thursday, November 14, 2013

မိုဘိုင်း ငွေဖြည့်ကတ် ချွတ်ယွင်းချက် ဖြစ်ပေါ်



လက်ရှိ အသုံးပြုနေတဲ့ ဂျီအက်စ်အမ်နဲ့ စီဒီအမ်အေ မိုဘိုင်းဖုန်း ငွေဖြည့်ကဒ်တွေမှာ ချွတ်ယွင်း ချက်တွေ ဖြစ်ပေါ်နေတဲ့အတွက် ဖြေရှင်းပေးနေရတယ်လို့ ငွေဖြည့်ကတ် အရောင်းဆိုင်တွေ က ပြောပါ တယ်။
sim cardငွေဖြည့်ကတ် ၀ယ်ယူအသုံးပြုသူတွေအနေနဲ့ ငွေဖြည့်သွင်းတဲ့ ကုတ်နံပါတ် ပေါ်လာအောင် ခဲ ခြစ်လိုက်တဲ့အခါ အောက်ခံခဲအလွှာပါ စုတ်ပြဲသွားပြီး နံပါတ် လုံးဝမရှိတော့လို့ ငွေဖြည့် မရတော့ တဲ့ ပြဿနာ ဖြစ်ကြောင်း ဆိုပါတယ်။

အဓိက ပြဿနာကတော့ ကုတ်နံပါတ် ရိုက်နှိပ်ထားတဲ့ အောက်ခံ ခဲသားအလွှာ စွဲမနေဘဲ အပေါ်ယံ ခဲအလွှာကို ခြစ်လိုက်တာနဲ့ အားလုံး ပျက်စီး ကွာသွားတာမျိုး ဖြစ်ပါတယ်။

လောလောဆယ် ဆက်သွယ်ရေးဌာနဟာ အီလိုက်၊ တာမိုးညဲချမ်းသာ၊ ရတနာပုံ၊ အေးရှားမီဂါလင့်နဲ့ ဂလိုဘယ် တယ်လီဖုန်း စတဲ့ ပုဂ္ဂလိက ကုမ္ပဏီ ၅ ခုကို ကော်မရှင် ၆ ရာခိုင်နှုန်းပေးပြီး ငွေဖြည့်ကတ်တွေ ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းချခွင့်ပြုထားတယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးသောင်းတင်က နိုဝင်ဘာ ၁၃ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒီဗွီဘီ

0 comments:

Post a Comment