Friday, November 1, 2013

မြို့ပတ် အထူးရထားတွဲသစ် ကျပ် ၃၀၀ ဖြင့် နိုဝင်ဘာ ၁ ရက်နေ့ စတင်ပြေးဆွဲမည်

မြန်မာ့မီးရထားမှ အစားထိုး မြို့ပတ်အထူးရထားတွဲသစ်အား ကျပ် ၃၀၀ ဖြင့်  နိုဝင်ဘာ ၁ ရက်တွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်းရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ အထူးမြို့ပတ်ရထားသည် ယခင်က မြန်မာ့မီးရထားမှ ပြေးဆွဲလျက်ရှိသည့် 'ဇ' ရိုးရိုးရထားရှိ တွဲဆိုင်းများအစား အဆင့်မြှင့်တင်၍ တွဲဆိုင်းအသစ်ခြောက်တွဲ ထပ်မံထည့်သွင်း ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။
''မြို့ပတ်ရထား အားလုံးကို အဆင့်မြှင့်တင်ဖို့တော့ရှိတယ်။ အခုပြေးဆွဲမယ့်ရထားက ဈေးသည်တွေတော့ စီးခွင့်မပြုဘူး။ ထိုင်စီးခရီးသည် ၇၀ လောက်တော့ ဆံ့မယ်။ ခရီးသည် ၁၀၀ လောက်ထိတော့ စီးနိုင်မှာပါ။ လက်မှတ် မဖြတ်ဘဲစီးတဲ့ခရီးသည် မိရင် ကျပ် ၃၀၀၀ ဒဏ်ကြေး သတ်မှတ် ထားပါတယ်'' ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန (အောက်မြန်မာပြည်)မှ အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်း က ပြောကြားခဲ့သည်။
အဆိုပါ အထူးမြို့ပတ်ရထားသည် နံနက် ၅ နာရီမှ ည ၉ နာရီကျော်ထိ မြို့ပတ် လေးကြိမ် ပြေး ဆွဲမည်ဖြစ်ပြီး နိုင်ငံခြားသားခရီးသည်များ လက်မှတ်ခအား အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ သတ်မှတ် ထားကြောင်း သိရသည်။
ရန်ကုန်မြို့ပတ်ရထားကဏ္ဍ အဆင့်မြှင့်မှုကို စက်တင်ဘာ ၂၉ ရက်က အဲယားကွန်းပါဝင်သော ဂျပန်ရထားဖြင့် ပြေးဆွဲခဲ့ပြီး ယခုမှာ ဒုတိယအကြိမ်ဖြစ်သည်။

Eleven

0 comments:

Post a Comment