
မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နဲ့
အစိုးရငြိမ်းချမ်းရေး အဖွဲ့တို့ သမိုင်းဝင်တဲ့ ဆွေးနွေးပွဲပြုလုက်ကြပြီး
ပထမရက် ဆွေးနွေးမှုအတွင်း တိုင်းရင်းသားအဖွဲ့ဖက်က တင်ပြတဲ့ ဘုံသဘော တူညီချက်
အချက် ၂ ချက်ကို အစိုးရဖက်က ထပ်မံ ဆွေးနွေးဖို့အချက်အဖြစ်
သတ်မှတ် ထားပါ တယ်။
ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးနဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ
ပြန်လည် ပြုပြင်ရေးအချက်တွေကို အစိုးရ ဖက်က ဆက်လက်ဆွေးနွေးရမယ့် ကိစ္စအဖြစ်
တုန့်ပြန်ခဲ့တာဖြစ်တယ်လို့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး
ကောင်စီ RCSS/SSA တောင်ပိုင်း တပ်ဖွဲ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
“အစိုးရဘက်က ဆက်လက်ဆွေးနွေးရန်ရှိသည်ဆိုသည့် အချက် ကန့်သက်ချက်ပါပါတယ်။ ၁
အချက် ကတော့ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး ဖြစ်ပါတယ်။ ၂ အချက်ကတော့
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် ပြုပြင်ရေး ကိစ္စဆိုတဲ့
ကိစ္စကို အစိုးရဘက်က လုပ်နိုင်တာ ရှိသလို မလုပ်နိုင်တဲ့ ကိစ္စတွေများကိုလည်း
ရှိပါတဲ့အတွက်ကြောင့် အထက်ကို ပြန်လည် တင်ပြရန်လို အပ်ပါကြောင်း ဒီ ၂
ချက်ကို ဒီအတိုင်းပြန်လည် ပြောကြားပြီးတော့ ကျန်တဲ့အချက်များကို မူအားဖြင့်
လက်ခံပါတယ် ဆိုတဲ့ အကြောင်း ပြောပါတယ်။
အစိုးရဘက်က တင်ပြလာတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးမူ မှာလည်း
တိုင်းရင်းသား လက်နက် ကိုင်တွေအနေနဲ့ ထောက်ပြစရာတွေ ရှိနေတယ်လို့
ဗိုလ်မှူးကြီး စိုင်းလက ဆက်ပြောပါတယ်။
“အစိုးရဘက်က တင်ပြလာတဲ့ ဒီတစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး
သဘောတူညီချက် မူမှာ ပါရှိနေတဲ့ ငြိမ်းချမ်းရေး အတွက် လက်နက်ကိုင် လမ်းစဉ်
စွန့်လွှတ်ဖို့ ကိစ္စပဲ ဖြစ်ပါတယ်။ အဲဒါကို တိုင်းရင်း သား လက်နက်ကိုင်
အဖွဲ့အစည်းများက ဒီကိစ္စကို စဉ်းစားပုံ မရရှိကြပါဘူးလို့ သူတို့က
ပြောကြပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကို တင်ပြ ထားပါတယ်။
အဲဒါနဲ့ ဆန့်ကျင်ဖြစ်နေတဲ့ လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်ရယ်ဆိုတော့
အဆိုပြုချက် ၂ ခုက ဆန့်ကျင်ဘက်လို ဖြစ်နေတာကို ကျွန်တော်တို့ လေ့လာ
တွေ့ရှိရပါတယ် ခင်ဗျ။”
တစ်ဆက်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နိုင်ငံရေး ဦးဆောင်မှု
ကော်မတီနဲ့ အစိုးရရဲ့ လုပ်ငန်း ကော်မတီတို့ဟာ ဒီကနေ့မှာ နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်ရေး မူကြမ်းနဲ့ ပါတ်သက်ပြီး သဘော တူညီချက်တွေ၊
ဆက်လက်ဆွေးနွေးရမယ့် အချက်တွေကို ဆုံးဖြတ်ကြမှာ ဖြစ် တယ်လို့ မြန်မာငြိမ်း
ချမ်းရေး စင်တာ ကပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့နဲ့ မြန်မာအစိုးရ
ကိုယ်စားလှယ်ဆွေးနွေးပွဲကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးရဲ့
အထူးအကြံပေးပုဂ္ဂိုလ် ဘီဂျေးနမ် ဘီးယားနဲ့ တရုတ်နိုင်ငံ ကိုယ်စားလှယ်
တွေလည်း တက်ရောက် နေတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက
သတင်းပေးပို့ခဲ့ပါတယ်။
အမှန်မှာတော့ ဒီမြစ်ကြီးနားမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း
ကချင်လွတ်မြောက်ရေး တပ် ကေအိုင် အေနဲ့ မြန်မာငြိမ်းချမ်းရေးကော်မတီတို့သာ
တက်ရောက်ဖို့ စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် ၁၆
ဖွဲ့စလုံးက တက်ရောက်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ စုပေါင်းထားတဲ့ ညီညွတ်သော
တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ကတော့ လောလောဆယ်
မြန်မာအစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား သဘော တူညီမှု အားလုံး မရသေးပေမယ့်
ဒီလို ဆွေးနွေးမှုအပေါ် အားရကြောင်းပြောဆိုခဲ့ပါတယ်။
ABC
0 comments:
Post a Comment