Monday, November 11, 2013

သင်လူ ဖြစ်ရခြင်း၏ ရည်ရွယ်ချက်က ဘာလဲ

ကမ္ဘာပေါ်မှာ လူတွေ မရည်မတွက်နိုင်အောင် များပြားကြပါတယ်။ ထို့သို့ များပြားသည်နှင့် အမျှ ကိုးကွယ် ယုံကြည်မှုတွေက တစ်ယောက်နှင့် တစ်ယောက်မတူညီကြသလို ရည်ရွယ်ချက်ခြင်းတွေကလည်း မတူညီ ကြပါဘူး။
လူတစ်ချို့က ဆရာဝန် ဖြစ်ဖို့အတွက် လူဖြစ်လာကြသလို၊ တစ်ချို့ကြတော့လည်း သင်္ဘောသားကြီး ဖြစ် ဖို့ကို အဓိက လို့ဆိုကြပါတယ်။ အစရှိသဖြင့်ပေါ့။အဲလိုမျိုး ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေ ရှိတာ ဟာ ကောင်းပါတယ်။
သို့သော် ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနှင့် လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ဟာ ရာထူးတွေလား ဒါမှမဟုတ် ကျော်ကြားမှုလား သို့မဟုတ် အောင်မြင်မှုလား လားပေါင်းများစွာနှင့် စဉ်းစားစရာတွေ များပြား လှပါတယ်။
တကယ်တော့ လူဖြစ်ရဖြင်း၏ အဓိက ရည်ရွယ်ချက်ဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ အစစ်အမှန် ဆုံးသောအရာဟာ တစ်ခုတည်း ရှိပါတယ်။ အဲဒါကတော့ သံသရာမှ လွတ်မြောက်အောင် ကြင့်ကြံအား ထုတ်ခြင်း ဖြစ်ပါတယ်။ပိုက်ဆံတွေ ချမ်းသာ နေရုံမျှဖြင့် လူဖြစ်ရကျိုး နပ်သည် မဟုတ် အောင်မြင် ကျော်ကြား နေရုံမျှဖြင့် လူဖြစ်ရကျိုး နပ်သည်မဟုတ်ပါ။
" လူအများစုသည် လှူရခြင်းထက် ယူရသည်ကို ပို၍ နှစ်သက်ကြသည်။ ပညာရှိတို့သည် လှူရသည်ကို တန်ဖိုးထားပြီးပညာမဲ့တို့သည် ယူရသည်ကို အလေးထားကြသည်။ စည်းစိမ်းဥစ္စာတို့သည် ယခုဘဝ အတွက် သာ ဖြစ်ပြီး ကုသိုလ်တို့သည် သံသရာအတွက် ဖြစ်သည်။"
ထို့ကြောင့် မိမိသည် ဘာအတွက်ကြောင့် လူဖြစ်လာရသလဲ ဆိုတာကို သေချာစွာ ဆုံးဖြတ်နိုင်ပြီး ကောင်း မွန်သောလမ်းကို သေချာစွာ ရွေးချယ်နိုင်ပါစေ။ 
မေတ္တာရှင် ရွှေပြည်သာ၏ လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက် စာအုပ်ကို အမှီပြုပြီး ရေးသား ထားခြင်း ဖြစ်ပါ သည်။
ကျော်လင်းနိုင်
By ရိုးရာလေး

0 comments:

Post a Comment