Thursday, November 14, 2013

အောင်မြင်ကျော်ကြား/ကြီးပွားချမ်းသာလိုသူများ ဖတ်ရန်


လွန်ခဲ့သော( ၁၀ )ရက်ခန့် က facebook မိတ်ဆွေတစ်ဦးပေးပို့ သော message ကိုအကြောင်းပြု၍ ဤစာစုကိုရေးဖြစ်ခြင်းဖြစ်ပါသည်။
ပုထုဇဉ်လူသားတိုင်းလိုလိုပင် ကြီးပွားချမ်းသာလိုကြသည်၊ အောင်မြင်ကျော်ကြားလိုကြသည်။ သို့ သော်ဖြစ်ချင် တိုင်းတော့ ဖြစ်ခွင့်မရကြပါ။ အချို့ မှာအတိတ်ကံ နည်း၍ ဖြစ်ပြီး အချို့ မှာမူကား နည်းလမ်းမသိ၍ (သို့ )နည်းလမ်းမှားနေ၍ကံပါသော်လည်း အောင်မြင် မှု နှင့် အလှမ်းဝေးနေ ရသည်။ နွံနစ်သည့် ပတ္တမြားပမာ-မီးခဲပြာဖုံးဖြစ်နေကြရသည်။
ကြီးပွားချမ်းသာနိုင်သော နည်းလမ်းများမှာ---------------
(၁) မိဘ (သို့ ) မျိုးရိုးစဉ်ဆက် ချမ်းသာကြခြင်း
(၂) ချမ်းသာသော အိမ်ထောင်ဘက် နှင့် ဆုံစည်းရခြင်း
(၃) ကိုယ်တိုင် ကြိုးစား အားထုတ်မှု ဖြင့် ချမ်းသာလာခြင်းတို့ ဖြစ်ပါသည်။
-နံပါတ် ၁ နည်းလမ်းမှာ ရွေးချယ်ခွင့်မရပါ၊
-အချစ်ကိုဦးစားပေးသူများ၊ချမ်းသာသူနှင့် လွဲခဲ့ရသူများ နံပါတ် ၂ နည်းလမ်း နှင့်မသက်ဆိုင်ပါ၊
-နည်းလမ်း ၃ မှာမူ လူတိုင်းကြိုးစားကြည့် ခွင့်ရှိပါသည်။ သို့ သော်လွယ်ကူသောအလုပ် တခုတော့ မဟုတ်ပါ၊လူသားဆန်စွာ စဉ်းစားမည်ဆိုလျှင် အခက်ဆုံးနည်းလမ်းဖြစ်၍ အခြေခံ မရှိလျှင် အချိန်များ စွာပေး ရန်လိုအပ်ပါသည်။
ချမ်းသာခြင်းနှင့်ပတ်သက်၍ စကားပုံများစွာရှိပါသည်၊ ချွေတာစုဆောင်းသူဌေးလောင်း-အလုပ်ဟူသမျှ ဂုဏ်ရှိစွ…..
စသည်-----သို့ သော်အလုပ်ကြိုးစားယုံမျှ ဖြင့်၊ချွေတာစုဆောင်းယုံမျှဖြင့်သေချာပေါက်မကြီးပွားနိုင်ပါ။
*** အဓိကသော့ချက်မှာ----
(၁) အကျိုးပေးမည့် လုပ်ငန်း
(၂)အကျိုးဖြစ်ထွန်းမည့် ဒေသ
(၃)ကျော်ကြား မှု ရနိုင်မည့် နယ်ပယ်(စာပေ၊ဂီတ၊ရုပ်ရှင်၊model စသည်)
(၄)အောင်မြင်နိုင်သည့် အတိုင်းအတာ
(၅)အောင်မြင်မည့် ကာလ တို့ ကိုခန့် မှန်းနိုင်ရန်လိုအပ်ပါသည်၊
ဗီဇ ၊ပါရမီ ရှိသည့် နယ်ပယ်တွင် ကြိုးပမ်းအားထုတ်ခြင်းသည် လေစုန် ၊ရေစုန် တွင်ရွက်လွှင့်ရသည်နှင့်တူညီပြီး
ဗီဇ ပါရမီ မရှိသည့် နယ်တွင်ကြိုးစားအားထုတ်ခြင်းသည် ငွေကုန် သံပြာ ဖြစ်မည့် လုပ်ငန်းစဉ်သာတည်း။
မိမိ၏ ဗီဇ ပါရမီ ကို မိမိဘာသာ ခန့် မှန်းနိုင်သလို နားလည်တတ်ကျွမ်းသူများနှင့် တိုင်ပင်၍လည်းသိနိုင်ပါသည်။
သို့ သော်ဝါသနာပါတိုင်းအောင်မြင်သည်တော့မဟုတ်ပါ။ အောင်မြင်မှုရနိုင်/ မရနိုင် နှင့်  မည်သည့် ကာလတွင်
အောင်မြင်နိုင်သည်ကို သိနိုင်ရန် အတတ်ပညာ လိုအပ်ပါသည်။
သို့ ဖြစ်၍ အောင်မြင်ကျော်ကြားလိုသူ လူငယ်များ၊ ကြီးပွားလိုသူ လုပ်ငန်းရှင်များ နှင့် လုပ်ငန်းစတင်လိုသူများအား
အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်အပ်ပါသည်။
မည်သူမဆို
(၁)မိမိ၏ အလားအလာကို အခမဲ့စစ်ဆေးကြည့် နိုင်ပါသည်။
(၂)အလားအလာကောင်းသူ များအား email ဖြင့်အကြောင်းကြားပါမည်။
(၃)ဆက်လက်ဆောင်ရွက်ရန်သဘောတူလျှင် အောင်မြင်မှု ရသည်အထိ အသေးစိတ်လမ်းညွန်ချက်များပေးပို့ ၍
ကူညီပါမည်။
(၄)လမ်းညွန်သည့် အတိုင်းတိတိကျကျဆောင်ရွက်ရန်လိုအပ်ပါသည်။
(၅)သင်အောင်မြင်ပြီဆိုလျှင်ဆရာ့ ကိုထိုက်ထိုက်တန်တန် ကန်တော့ရပါမည်။
အထက်ပါအချက်များကို သဘောကျပါလျှင် email or ph ဖြင့်အောက်ပါအချက်အလက်များကိုပေး ပို့ နိုင်ပါသည်။
(1) D.O.B (date of birth) & name
(2) P.O.B (place of birth –township)
(3) T.O.B (time of birth) (မွေးချိန်တိကျမှန်ကန်ရန် အရေးကြီးပါသည်)
(4) လက်ဝါးနှစ်ဘက်ပုံစံ (camera or scanner ဖြင့် ရယူနိုင်ပါသည်)
(5) ပညာအရည်အချင်း
(6) လက်ရှိအလုပ်အကိုင်
အများအကျိုးဆောင်၊ ကိုယ့်အကျိုးအောင်
With regards,
Minkha.

2 comments:

  1. အီးမေးလ်လဲ ပါဘူး

    ReplyDelete
  2. ဘယ်လိုဆက်သွယ်ရမလဲဗျ

    ReplyDelete