Saturday, November 2, 2013

ကျောင်းဆရာ ဆရာမများအတွက် တစ်နှစ်စာ လစာငွေ ကုန်ကျစရိတ် ကျပ် ၄၄ ဒသမ ၄ ဘီလျံ ၈ ရက်၊ ၈ နာရီ၊ ၃၁ မိနစ်စာ ဓာတ်ငွေ့ရောင်းရသော ဘဏ္ဍာငွေနှင့် ညီမျှဟုဆို

မြန်မာနိုင်ငံရှိ ကျောင်းဆရာ ဆရာမများ၏ တစ်နှစ်စာ လစာငွေ ကုန်ကျစရိတ် ကျပ် ၄၄ ဒသမ ၄ ဘီလျံသည် ၈ ရက်၊ ၈ နာရီ၊ ၃၁ မိနစ်စာ ဓာတ်ငွေ့ရောင်းရသော ဘဏ္ဍာငွေနှင့် ညီမျှကြောင်း အောက် တိုဘာ ၃၁ ရက် သင်္ဂဟဟိုတယ် အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးများအတွက် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး အလုပ်ရုံဆွေးနွေးပွဲတွင် ယူနီဆက်ဖ်မြန်မာ ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၂-၂၀၁၃ ခုနှစ် ဘတ်ဂျက်တွင် ပညာရေး သုံးစွဲငွေမှာ ပညာရေး ၀န်ကြီးဌာနသို့ ခွဲဝေ သတ်မှတ် ပေးခြင်းဖြင့် တိုင်းတာပါက ကျပ် ၇၅၂၀၆၆ သန်းရှိပြီး ၀န်ကြီးဌာနများနှင့် ဦးစီးဌာနများ အတွက် စုစုပေါင်း သုံးစွဲငွေ ကျပ် ၆၈၃၃၃၆၂ သန်း၏ ၁၁ ရာခိုင်နှုန်း ဖြစ်သည်။ ၀န်ကြီးဌာနများနှင့် ဦးစီးဌာနများ အတွက် စာရင်းရှင် သုံးစွဲငွေ၏ ၁၅ ဒသမ ၂ ရာခိုင်နှုန်းနှင့် ငွေလုံးငွေရင်း သုံးစွဲငွေ၏ ၆ ဒသမ ၇ ရာခိုင်နှုန်းမှာ ပညာရေးအတွက် သုံးစွဲကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပညာရေး သုံးစွဲငွေမှာ ဂျီဒီပီ၏ ၀ ဒသမ ၇ ရာခိုင်နှုန်းနှင့် စုစုပေါင်း နိုင်ငံတော် အစိုးရ အသုံးစရိတ်၏ ၃ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် ဘတ်ဂျက်ပါ သုံးစွဲငွေကို ပေါင်းထည့် ထားသော်လည်း အပြည့်အ၀ အကောင်အထည် ဖော်သည့်တိုင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသေးကြောင်း...


ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိန်းက ''Social Budget, Social Investment ဆိုတာတွေက ၀န်ကြီးဌာန သုံးခုပေါင်းကို ခေါ်လိုက်တာ။ ကလေးတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အကုန်လုပ်ပေးရမှာ။ နောက်လာမည့် ဘတ်ဂျက်တွေမှာ လိုအပ်တဲ့ အတိုင်းတိုးဖို့ တောင်းခံရမယ်။ Plan ပါရမယ်။ ဘာလုပ်မယ်ဆိုတဲ့ Plan မပါဘဲနဲ့ ပိုက်ဆံတစ်ရာ လိုချင်ပါတယ် ပြောလို့မရဘူးလေ။ အဲ့ဒီတစ်ရာကို ဘယ်လိုသုံးမလဲ ဆိုတာကို Plan ပါမယ်။ ဒါပေမဲ့ ခုနကပြောသလို အခြားနိုင်ငံတွေနဲ့ စာရင်နည်းနေ သေးတာပေါ့။ သက်ဆိုင်ရာ ၀န်ကြီးဌာနက စရမှာပေါ့။ ငွေတွေက အဟောသိကံ ဖြစ်ကုန်ပြီလေ။ Plan ပါရင်တော့ Plan အတိုင်း လုပ်မလုပ် စစ်ဆေးလို့ရမယ်။ စစ်ဆေးဖို့ လုပ်တာကတော့ သက်ဆိုင်ရာ ၀န်ကြီးဌာန လုပ်တယ်။ ပြီးတော့မှ စာရင်းစစ်ချုပ်ရုံးက လုပ်တယ်ပေါ့နော်။ ဒီထက် လုပ်နိုင်တဲ့ ယန္တရား တစ်ခုရှိရင် ပိုကောင်းတာပေါ့'' ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပညာရေး သုံးစွဲငွေမှာ ဂျီဒီပီ၏ ၀ ဒသမ ၇ ရာခိုင်နှုန်းနှင့် စုစုပေါင်း နိုင်ငံတော် အစိုးရ အသုံးစရိတ်၏ ၃ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် ဘတ်ဂျက်ပါ သုံးစွဲငွေကို ပေါင်းထည့် ထားသော်လည်း အပြည့်အ၀ အကောင်အထည် ဖော်သည့်တိုင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသေးကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မူလတန်းသင် ဆရာ ၃၆၀၀၀ မျှရှိပြီး စာသင်ကျောင်း ရာခိုင်နှုန်း ၆၀ ၌ ဆရာမလုံလောက်ဘဲ ကျောင်းဆရာ သုံးယောက်မှ အတန်းငါးတန်းမျှ၍ သင်ကြားနေရကြောင်း ယူနီဆက်ဖ်၏ ထုတ်ပြန်ချက် စာတမ်းများအရ သိရသည်။

Eleven

0 comments:

Post a Comment