Tuesday, November 19, 2013

ဖွဲ့စည်းပုံပြင်ရန်နှင့် ဖက်ဒရယ်အရေး ချင်း မြို့မိ၊ မြို့ဖများ သူရဦးရွှေမန်းကို တင်ပြထား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ချင်းပြည်နယ် မြို့နယ်များမှ အရပ်ဘက်အဖွဲ့အစည်းများ၊ ပါ တီများ၊ မြို့မိမြို့ဖများ နိုဝင်ဘာ ၁၇ ရက်က တွေ့ဆုံခဲ့ရာတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးအတွက် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ရေးဆွဲထားသော စာတမ်း ကို တင်ပြခဲ့ ကြောင်း အဖွဲ့ချုပ်အတွင်းရေးမှူး ဦးကမ်းလျန်က နိုဝင်ဘာ ၁၈ တွင် မဇ္ဈိမကို ပြောသည်။

“ဖွဲ့စည်းပုံပြင်ဆင်ဖို့၊ နောက်တစ်ခါ ၁၉၄၇ ခုနှစ်ကလုပ်တဲ့ ပင်လုံကဲ့သို့ ညီလာခံလုပ်ဖို့၊ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်မှသာ ငြိမ်းချမ်းရေးရမယ်ဆိုတဲ့ ကျွန်တော်တို့ပါတီ မူဝါဒစာတမ်းကို ပေးလိုက် တယ်”ဟု ပြောသည်။ တွေ့ဆုံပွဲကို တီးတိန်မြို့ ကမ်ဟောက်ခန်းမ ၌ နှစ်နာရီကြာခန့် ကျင်းပခဲ့ပြီး ဒေသ ခံ ၃၆၀ ကျော် တက်ရောက်သည်။

ထို့သို့ တွေ့ဆုံရာတွင် ဒေသခံများက ချင်းပြည်နယ်တွင် လေယာဉ်ကွင်းရရှိရေး၊ မြို့နယ်အသီးသီးတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများ တင်ပြကြကြောင်း ဦးကမ်းလျန်၏ ပြောကြားချက်အရ သိရသည်။

ချင်းပြည်နယ်၌ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အပေါ့စားလေယာဉ်များ ဆင်းသက်နိုင် ရေး စီစဉ်ပေးရန် ဆွေးနွေးတင်ပြခဲ့ကြောင်းလည်း ဆွေးနွေးပွဲတက်ရောက်သူ ဒေသခံ ချင်းအမျိုးသား တစ်ဦးဖြစ်သည့် ကိုမုန်လဲက မဇ္ဈိမကို ပြောသည်။

“ရေအားလျှပ်စစ်ပေးဖို့၊ လေယာဉ်ကွင်းတစ်ခုရယ်၊ ပညာရေးကောလိပ်တစ်ခုဆောက်ဖို့၊ လေယာဉ်ကွင်း က အပေါ့စားလေယာဉ် ဆင်းနိုင်အောင်ပါ”ဟု ပြောသည်။

သူရဦးရွှေမန်းသည် နိုဝင်ဘာ ၁၇ ရက်တွင်ပင် ချင်းပြည်နယ် ဟားခါးမြို့ မြို့တော်ခန်းမ၌လည်း ဟားခါး မြို့၊ ဖလမ်းမြို့နှင့် ထန်တလန်မြို့တို့ရှိ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။

သူရဦးရွှေမန်းသည် နိုဝင်ဘာ ၁၆ ရက်ကလည်း စစ်ကိုင်းတိုင်း ကလေးခရိုင်၊ တမူးခရိုင်၊ မော်လိုက်ခရိုင် တို့မှ ပါတီအသီးသီး၊ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအဖွဲ့များနှင့် ကလေးမြို့နယ်၊ မြို့တော်ခန်းမတွင် တွေ့ဆုံခဲ့ပြီး ယင်းပွဲတွင် တက်ရောက်လာသူများမှ ၁၇ ဦးက ခေါင်းစဉ်ခွဲ ၅၇ ခုဖြင့် ဆွေးနွေး ခဲ့ကြသည်။
 Mizzima

0 comments:

Post a Comment