Friday, November 1, 2013

အရက်နှင့် လေ့ကျင့်ခန်း

 
အရက်သောက်လိုက်တာကြောင့်လေ့ကျင့်ခန်းတွေကြိုးစားလုပ်ထားပေမယ့်ဘယ်လိုအကျိုးဆက်တွေဖြစ်လာသလဲဆိုတာသိပါရဲ့လား။

၁။ခန္တာကိုယ်၏ပြန်လည်ပြုပြင်သောစနစ်ကိုနှေးကွေးခြင်း

လေ့ကျင့်ခန်းတွေကြိုးကြိုးစားစားလုပ်တဲ့အခါအသည်းနဲ့ကြွက်သားမှာရှိတဲ့
အဆီပိုတွေဟာစွမ်းအင်ရှိတဲ့ကြွက်သားတွေပြန်လည်ဖြစ်ပေါ်တဲ့နေရာမှာ
အကူညီပေးပါတယ်။တကယ်လို့ဒီလိုအချိန်မျိုးမှာအရက်သောက်မိရင်
စွမ်းအင်တွေအစားအရက်ကနေရာယူသွားပါတယ်။လေ့လာတွေ့ရှိချက်အရခန္တာကိုယ်ပြုပြင်မှုဟာ 50%လောက်ထိ
နှေးကွေးသွားပြီးကြွက်သားတွေမှာရှိသင့်တဲ့စွမ်းအင်တွေလည်းအလျင်အမြန်
လျော့နည်းသွားနိုင်တယ်လို့ဆိုပါတယ်။

၂။ခန္တာကိုယ်မှာအဆီပိုများစုနေခြင်း

လေ့ကျင့်ခန်းကြောင့်ကယ်လိုရီတွေကိုလောင်ကျွမ်းသွားပေမယ့်အရက်အလွန်အကျွံသောက်လိုက်တဲ့အခါခန္တာကိုယ်ဟာကယ်လိုရီအများအပြားကိုအဆီပို
တွေအဖြစ်ပြန်လည်ပြုလုပ်လိုက်ပါတယ်။အမိုင်နိုအက်စစ်တွေကိုလည်း
အဆီတွေအဖြစ်ချေဖျက်လိုက်တဲ့အပြင်စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ကော်တီ
ဆောဟော်မုန်းအဆင့်ကိုလည်းမြင့်မားစေပါတယ်။

၃။အိပ်စက်မှုကိုအနှောက်အယှက်ဖြစ်စေခြင်း

အမျိုးသား၉၃ယောက်နဲ့အမျိုးသမီး၉၃ယောက်ကိုအရက်သောက်စေပြီး
လေ့လာမှုပြုလုပ်ခဲ့ရာအမျိုးသားတွေထက်အမျိုးသမီးတွေရဲ့အိပ်ချိန်ဟာပုံမှန်ထက်မိနစ် ၃၀လျော့နည်းသွားတာကိုတွေ့ရှိခဲ့ပါတယ်။လေ့ကျင့်ခန်းတွေ
ကြောင့်အိပ်စက်ခြင်းဟာသက်သောင့်သက်သာဖြစ်နေပေမယ့်အရက်ကတော့အိပ်ချိန်စက်ဝန်းကိုအနှောက်အယှက်ပေးပြီးခန္တာကိုယ်ဖွံဖြိုးကြီးထွားမှု
ဟော်မုန်းကိုဟန့်တားကာကြွက်သားဖြစ်ပေါ်မှုကို70%ထိထိခိုက်နိုင်တယ်
လို့ဒေါက်တာပီယက်တိုလီကဆိုပါတယ်။

၎။အာဟာရရှိမှုကိုလျော့နည်းစေခြင်း

အရက်ဟာအစာအိမ်အတွင်းမျက်နှာပြင်ကိုမအီမသာဖြစ်စေပြီးအာဟာရစုပ်ယူတဲ့စွမ်းအင်ကိုလျော့နည်းစေပါတယ်။ဆီးခဏခဏသွားစေတာကြောင့်အခန့်မသင့်ရင်ရေဓာတ်ဆုံးရှုံးပြီးခန္တာကိုယ်ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုနှေးကွေးစေပါတယ်။

အိဖြူ(ဆေးဝါးတက္ကသိုလ်)

0 comments:

Post a Comment