Monday, November 18, 2013

ရခိုင်ပြည်နယ်ရှိ မူဆလင်များ၏ နိုင်ငံသားဖြစ်မှု အတည်ပြုမည့် လုပ်ငန်းစတင်တော့မည်


လာမည့် သီတင်းပတ်များ အတွင်း ရခိုင်ပြည်နယ်ရှိမူဆလင် များ၏ နိုင်ငံသားဖြစ်မှုကို အတည် ပြုမည့် လုပ်ငန်းများ စတင်တော့ မည်ဖြစ်ကြောင်း မကြာခင်က ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာ ခဲ့သော ပူးတွဲ မစ်ရှင်အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရ သည်။

မစ်ရှင်အဖွဲ့အနေဖြင့်အစိုးရ၏ အားစိုက်ထုတ်မှုဖြစ်သော ယင်း လုပ်ငန်းများကိုဒေသန္တရလူ့အဖွဲ့ အစည်း များနှင့် ညှိနှိုင်းတိုင်ပင်ကာ ပွင့်လင်းမြင်သာမှုနှင့်အချိန်သတ် မှတ်ချက်ထားရှိရန် အမျိုးသားရေး စရိုက် လက္ခဏာသို့ မဟုတ်အခြား ခေါင်းစဉ်တစ်ခုတပ်ကာလူသား မျိုးနွယ်စုတစ်ရပ်ကိုဆန့်ကျင်ခြင်း မပြုရန်နှင့် လူသားချင်း စာနာထောက်ထားသောအသက်ကယ် အကူအညီများကိုစွက်ဖက်ခြင်း မပြုရန်တိုက်တွန်း ကြောင်း ၎င်း ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြ ထားသည်။

ရခိုင်ပြည်နယ်တွင်းပဋိပက္ခ များနှင့်ပတ်သက်၍ပြည်နယ်တွင် စီးပွားရေးအခွင့်အလမ်းနှင့်ဖွံ့ဖြိုး တိုးတက်မှု နည်းပါးခြင်းအတွက် ရခိုင်လူမှုအဖွဲ့အစည်းအတွင်း စိတ်ပျက်ဒေါသထွက်ကာ ရန်လိုမှုများ ဖြစ်ပေါ် လာခြင်း ဖြစ်ပြီး ရခိုင် တို့၏ ယဉ်ကျေးမှုဂုဏ်ယူစရာ သမိုင်းကြောင်းတို့၏အနာဂတ်နှင့် ပတ်သက်၍ ကြောက်ရွံ့မှုများ မလုံခြုံမှုများခံစားနေရကြောင်း မစ်ရှင်အဖွဲ့၏တာဝန်ခံများက ဆိုသည်။

၎င်းင်းအဖွဲ့အနေဖြင့်မကြာ သေးခင်က ကြားသိခဲ့ရသော “ရခိုင်ပြည်နယ်အတွင်းမှီတင်း နေထိုင်သူများ အားလုံး၏ အနာဂတ် ကြီးပွားချမ်းသာမှုနှင့်လုံခြုံရေးကို ခြိမ်းခြောက်နေသောလှုံ့ဆော်မှု၊ အမုန်းစကား၊ အကြမ်းဖက်ရေး ဆော်သြမှုများကိုလုံးဝသည်းညည်း ခံမည်မဟုတ်”ဟူသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ချဉ်းကပ်မှုကို အလေးအနက်ထောက်ခံလိုက်ပြီး ရခိုင်ပြည်သူများကိုကူညီရန် နိုင်ငံ အသိုင်း အ၀န်းက အသင့်ရှိကြောင်း တာဝန်ခံများ၏ထုတ်ဖော်ကြေညာ ချက်အရ သိရသည်။ 

Hot News Journal

0 comments:

Post a Comment