ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် Miss Grand International ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် Miss Grand Myanmar ထားထက်ထက်နှင့် တွေ့ဆုံ၍ မေးခွန်းအချို့မေးဖြစ်ခဲ့သည
အားကစားစိတ်ဓာတ်လေးသိချင်ပါ
--------------------------
ညီမတို့ ကျွမ်းဘားကစား တဲ့သူတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရတယ်။ အားကစား ကစားတဲ့အကွက်အချင်းချင်း စည်းလုံးမှုရှိတယ်။ ကျန်းမာရေးလဲ ကောင်းတယ်။ ငယ်ငယ်ကတည်း က အားကစားလိုက်စားတဲ့ သူဆို ရင် သူများတွေထက် စိတ်ဓာတ်ကပိုပြီး ခိုင်မာတယ်။ တခြားလူငယ်တွေကို ဘယ် အားကစားမဆို ကိုယ်နှစ်သက်တဲ့ အား ကစားမျိုးကို ကစားစေချင်ပါတယ်။
မိန်းကလေးတစ်ယောက်အနေနဲ့ ကျွမ်းဘား အားကစားကို ဘာကြောင့်ရွေးချယ်ခဲ့ပါ သလဲ။
--------------------------
ငယ်ငယ်တုန်းက ကျွမ်းဘားကို မြန်မာ-ရုရှား နှစ်နိုင်ငံ ကျင်းပတာကို သွားကြည့်ခဲ့တယ်။ လှလှပပရှိပြီး အရမ်း ကြည့်လို့ကောင်းတယ်။ ပြီးတော့ လုပ် ဆောင်ရတာက တခြားအားကစားနည်း နဲ့မတူဘူး။ ခက်ခက်ခဲခဲရှိတယ်။ ကျွမ်း ဘားက အားကစားနည်းအကုန်လုံးရဲ့ အခြေခံဖြစ်တယ်။ ကျွမ်းဘားကစားတတ် ရင် တခြားအားကစားနည်းတွေ ကစားဖို့ လွယ်ကူတယ်။ ကျွမ်းဘားကို အရမ်း ကြိုက်လို့ဆော့ရင်းနဲ့ နောက်ပိုင်း မြန်မာ နိုင်ငံကိုယ်စားပြုအဖြစ် သွားပြိုင်ရမယ် ဆိုပြီး ကစားခဲ့တာပါ။
ကျွမ်းဘားကစားချိန်မှာ ငယ်ဆရာဆို ဘယ်သူဖြစ်မလဲ။
--------------------------
ညီမကို အရင်ဆုံးစသင်ပေးတာ ဆရာဦးခင်စိုးပါ။ ဆရာတွေက အများ ကြီးရှိပါတယ်။ ဆရာဦးခင်စိုးကတော့ လက်ဦးဆရာပါ။ အဆင့်ဆင့်သင်ကြား ခဲ့တဲ့ ဆရာတွေလဲ အများကြီးရှိပါတယ်။
ကျွမ်းဘားကိုရွေးချယ်ပြီးလိ
--------------------------
ကျွမ်းဘားက အမှန်အတိုင်းပြော ရရင် ဆီးဂိမ်းအရှေ့တောင်အာရှသွား
အနုပညာနဲ့ပတ်သတ်တဲ့ စောင်းတီးခြင်း ကရော ဘယ်လိုခံစားချက်ရှိသလဲ။
--------------------------
အနုပညာကတော့ Miss သရုပ်ဆောင် တို့မှ မဟုတ်ဘူး၊ အနုပညာဆိုတာ ကျယ်ပြန့်တယ်။ ကိုယ်တကယ်စိတ်ဝင် စားရင် စိတ်ဝင်စားတဲ့အရာပေါ်မှာ တန်ဖိုး ထားရတယ်။ အနုပညာမှ မဟုတ်ပါဘူး။ အားကစားသမားဆိုလဲ အားကစားသမား အလျောက် ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ စိတ်ဝင်စား တန်ဖိုးထားရတယ်။ ညီမလဲ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ တန်ဖိုးထား ပြီး လုပ်ပါတယ်။ အခုနောက်ပိုင်းမှာ စောင်းအနုပညာသင်ကြားမှုက နည်း နည်းရှားလာတယ်။ စိတ်ဝင်စားတဲ့သူက နည်းလာတယ်။ စောင်းတီးခြင်းက မြန်မာ အမျိုးသမီးတစ်ယောက်အနေနဲ့ တီးတတ် ရင် ပိုကောင်းတာပေါ့။
မိန်းကလေးတစ် ယောက်အနေနဲ့ စောင်းတီးခြင်းအနုပညာ က ကြည့်လို့ကောင်းတယ်။ လှလှပပ ရှိတယ်။ စောင်းတီးခြင်းက နည်းနည်း အလှမ်းဝေးနေတော့ ညီမကဖော်ထုတ် ချင်တာလဲပါတယ်။ ညီမလဲ တကယ် စိတ်ဝင်စားလို့ပါ။ ညီမအရင်တုန်းက နိုင်ငံခြားသီချင်းတွေပဲ တီးဖြစ်တယ်။ ကိုယ့်ရဲ့ မြန်မာတူရိယာစောင်းက တခြား နိုင်ငံမှာဆို မရှိဘူး။ ကိုယ့်ရဲ့ရိုးရာစောင်းနဲ့ တခြားဖျော်ဖြေမှုကိုလဲ တီးလို့ရတယ် ဆိုတာ ပြချင်တယ်။ အခုမြန်မာတို့ ပြိုင်မယ့်ပြိုင်ပွဲက ငြိမ်းချမ်းရေးရဖို့အတွက် Miss ပြိုင်ပွဲကို အဓိကရည်ရွယ်ချက် ထားပြီး လုပ်တယ်ဆိုတဲ့ခေါင်းစဉ်ပေါ့
The Union Daily
0 comments:
Post a Comment