Wednesday, October 23, 2013

Mangoအတွက် ကြော်ငြာဓာတ်ပုံများ ရိုက်ကူးပေးခဲ့သည့် မီရန်ဒါကားရ်



 မီရန်ဒါသည် ဗြိတိသျှ စူပါမော်ဒယ်လ် ကိတ်မော့စ် နေရာတွင် Mango၏ မျက်နှာသစ် မော်ဒယ်လ်အဖြစ် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက စာချုပ်ထားခဲ့
သူမအနေဖြင့် ဘီကနီ ရေကူးဝတ်စုံ၊ အမျိုးသမီး အတွင်းခံ အဝတ်အထည်တို့နှင့် ကိုယ်ဟန်ပြတိုင်း အလွန် ညှို့ဓာတ်ပြင်း သည့် စူပါမော်ဒယ်လ် တစ်ဦးအဖြစ် အသိအမှတ်ပြု ခံရလေ့ ရှိသော်လည်း ကျက်သရေရှိရှိ တည် တည်ငြိမ်ငြိမ် မျက်နှာစာ တစ်ခုကိုလည်း ပိုင်ဆိုင်နေကြောင်း မီရန်ဒါကားရ်က လက်တွေ့ ပြသလိုက် သည်။ အသက်(၃၀)အရွယ် ဩစတြေးလျ စူပါမော်ဒယ်လ်သည်
Mangoအတွက် ဆောင်းဦးပေါက် ဖက်ရှင် ဒီဇိုင်းသစ် များနှင့် ကိုယ်ဟန်ပြ ဓာတ်ပုံ အရိုက်ခံခဲ့ရာ တွေ့မြင်နေကျ ပုံစံနှင့် ကွဲထွက်ပြီး တည်ငြိမ်ရင့် ကျက်သော အလှအပတစ်ခု တည်ရှိနေကြောင်း ဖော်ထုတ်ပြနိုင်ခဲ့သည်။

မီရန်ဒါသည် ဗြိတိသျှ စူပါမော်ဒယ်လ် ကိတ်မော့စ် နေရာတွင် Mango၏ မျက်နှာသစ် မော်ဒယ်လ်အဖြစ် ပြီးခဲ့ သည့် နှစ်ကုန်ပိုင်းက စာချုပ်ထားခဲ့သည်။ Victoria's Secret၏ လက်ရွေးစင် အလှမယ်သည် နယူးယော့ခ် တွင် နာမည်ကျော် ဓာတ်ပုံဆရာ နှစ်ဦးနှင့်အတူ Mangoအတွက် ကြော်ငြာဓာတ်ပုံများ အရိုက်ခံ ခဲ့ခြင်း ဖြစ်သည်။ မီရန်ဒါသည် ရုံးဆန်ဆန် ဖက်ရှင်မျိုးနှင့် လုပ်ငန်းရှင် အမျိုးသမီး တစ်ဦးအသွင် တင့်တယ်နေ သလို အနွေးထည် တစ်ထည်နှင့် ပေါ့ပေါ့ပါးပါး မိန်းကလေးငယ် တစ်ဦး၏ ပုံစံမျိုးဖြင့်ပါ တွေ့မြင်နေခဲ့ရသည်။

စပိန် ဖက်ရှင်လုပ်ငန်းကြီးသည် မီရန်ဒါနှင့် တိုင်ပင်ကာ လိုက်ဖက်သည့် ဂျင်းဘောင်းဘီနှင့် ကုတ်အင်္ကျီ တို့ကို လည်း ဆင်မြန်းပေးခဲ့သေးသည်။ အင်ဇီနှင့်ဗွန်း ဓာတ်ပုံဆရာ နှစ်ဦးက ဓာတ်ပုံရိုက်ချက်များအတွက် တာဝန် ယူခဲ့ပြီး မီရန်ဒါအတွက် ကိုယ်ဟန်ပြရန် ဂါလ်ဒင် ဆာဂလီယိုက အကြံပေးခဲ့သည်။ "Mangoရဲ့ ဆောင်းဦး ဖက်ရှင် Campaignအတွက် ဓာတ်ပုံတွေ ရိုက်ခဲ့ချိန်က ကျွန်မအတွက် ကျေနပ်စရာပါ။ ဓာတ်ပုံ ဆရာတွေ ကလည်း သိပ်တော်တယ်လေ။ အားလုံးက အချိတ်အဆက်မိမိ အလုပ်လုပ်နေခဲ့ကြတာ အံ့ဩစ ရာပါ။ ရလဒ်ကိုလည်း တစ်ဖွဲ့လုံးက ကျေနပ်ခဲ့ကြပါတယ်"ဟု မီရန်ဒါက Graziaသို့ ပြောကြားခဲ့သည်။ သူမက "ဓာတ်ပုံ ရိုက်ချက်တွေက တတ်နိုင်သမျှ သဘာဝဆန်ဆန် အကြမ်းထည်ဖြစ်အောင် ဦးတည် ခဲ့ပါတယ်။ ဒီစိတ်ကူးက ဖက်ရှင် အဝတ်အထည်တွေရဲ့ ဂုဏ်ရည်ကို ပိုပြီး ပေါ်လွင်စေတယ်လို့ ကျွန်မထင် ပါတယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။

From: Planet Myanmar Network

0 comments:

Post a Comment