Friday, October 11, 2013

ပဲခူးမြစ်ထဲမှ ၁၇ နှစ်အရွယ် မိန်းကလေးအလောင်းတွေ့ရှိ

ပဲခူးမြစ်ထဲမှ အသက် (၁၇)နှစ်ရှိ မိန်းကလေးတစ်ဦး၏ ပုပ်ပွနေသောအလောင်းအား တွေ့ရှိခဲ့ရာ မည်ကဲ့သို့ သေဆုံး ခဲ့ရကြောင်းကို သိရှိရန်အောက်တိုဘာ ၉ ရက်တွင် အမှုဖွင့်စစ်ဆေးနေပြီဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

အဆိုပါ အလောင်းမှာ ပင်လယ်(၉)သွယ်၊ စိုက်ပျိုးရေးကုမ္ပဏီအနီးရှိ ပဲခူးမြစ်ထဲတွင် အောက်တိုဘာ ၉ ရက် ညနေက
ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု သရက်ပင်ချောင်နယ်မြေရဲတပ်ဖွဲ့က ဆိုထားသည်။

စစ်ဆေးချက်အရ သေဆုံးသူမှာ မသွန်းမီမီဇော်(၁၇)နှစ်အမှတ် (၆၃၀)၊ ရွှေပြည်သာလမ်း၊ ၆/အနောက် ရပ်ကွက်၊ သာကေတမြို့နယ်နေသူဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

သူမ၏ အလောင်းမှာပုပ်ပွနေပြီး မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်ရာ ပီအာရ် ၀၁ အမှတ်ဖြင့် လက်ခံစစ်ဆေး
နေသည်။ ယင်းသေဆုံးမှုကိုလည်း သာမာန်သွေးရိုးသားရိုး သေဆုံးနေခဲ့ခြင်းဟုတ်မဟုတ် ဖော်ထုတ် သိရှိနိုင်ရန် ရဲအုပ်ဇော်ထွန်းက တရားလိုပြုလုပ်တိုင်တန်းထားသည်။

ထို့ကြောင့် သရက်ပင်ချောင်နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၈/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး စစ်ဆေး နေသည် ဟု သိရသည်။

Mizzima - News in Burmese

0 comments:

Post a Comment