Thursday, October 24, 2013

အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းစပ်မှ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာခြင်းမရှိ

ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မိုးလေ၀သ အခြေအနေပါ။အခုလိုပြောပြပေးတဲ့ ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။

အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းစပ်မှ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာခြင်းမရှိတာကိုတွေ့ရပါတယ်။
Weather News Update
23-10-2013
5:58 pm

(၁) (၂၃-၁၀-၂၀၁၃)ရက်နေ့(၁၂)နာရီခွဲအချိန် တိုင်းတာချက်များ အရ မြေပြင်မိုးလေ၀သအခြေအနေအခင်းအကျင်းများအနေအထားကတော့

(က) အနောက်ဖက်ဆုံး အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်း Utar Pradesh ပြည်နယ် ကမ်းရိုးတန်း အစပ်တွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းဟာ ပိုမို အားကောင်းလာjခင်းမရှိဘဲ ဆက်လက်တည်ရှိနေပါတယ်။
(c) မြန်မာနိုင်ငံအပေါ်မှာတော့ တရုတ်ပြည်မကြီးဖက်မှ အရှေ့မြောက်လေအေး များ မြန်မာနိုင်ငံအထက်ပိုင်းဒေသများအတွင်းသို့ တိုးဝင်နေတာကိုတွေ့ရပါတယ်။
(ဂ) အရှေ့ဖက် ပစ်ဖိတ်သမုဒ္ဒယာအနောက်ပိုင်းတွင် တိုင်းဖွန်းမုန်တိုငး Francisco ဟာဆက်လက်အားကောင်းနေပြီး၊ လောလောဆယ်တွင် ပြန်မကွေမှီ မြောက် အနောက် ယွန်းယွန်းကို ရွေ့နေပါတယ်။

(၂) ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း နဲ့ ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံ Utar Pradesh ကမ်းခြေအစပ်မှာ ဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းဟာ (၂၃-၁၀-၂၀၁၃)ရက် ညနေ(၂)နာရီခွဲအချိန် တိုင်းတာချက်များအရ ပိုမို အားကောင်းလာခြင်းမရှိဘဲကုန်းအတွင်းပိုင်းကိုလည်း ပိုမိုရောက်ရှိလာခဲ့ပါတယ်။ မုန်တိုင်းဖြစ်ပေါ်နိုင်ဖို့ အလားအလာတွေလည်း ပြန်လည်လျော့ကျလာခဲ့ပါတယ်။ မုန်တိုင်းဖြစ်ဖို့အလားအလာ ဖြစ်တန်ရာကိန်းကတော့ (၈%- ၁၀%)ခန့်သာ ရှိပါတယ်။ ကုန်းတွင်းပိုင်းမှာဘဲ တဖြည်းဖြည်း အားလျော့သွားမယ်လို့ ခန့်မှန်းရပါတယ်။

(၃) ပစိဖိတ်သမုဒ္ဒယာအနောက်ဖက်တွင်ရှိ တိုင်းဖွန်းမုန်တိုင်း Francisco ရဲ့ လက်ရှိ အနေအထားများကတော့
Typhoon Francisco (26W)
230600 UTC 24.4°N, 130.6°N
Propagation: 295°, 7 knots (8.5 mph)
Wind: 70 knots (85 mph)
Gust: 85 knots (102 mph)
Wave: 27 feet
(၂၅-၁၀-၂၀၁၃)ရက် နဲ့ (၂၆-၁၀-၂၀၁၃)ရက်နေ့များမှာ ဂျပန်နိုင်ငတာင်ပိုင်းကို အဖျားခတ်ပြီး အရှေ့မြောက်ဖက်ကို ရွေ့လျှားသွားမယ်လို့ ခန့်မှန်းထားပါတယ်။

ဒေါက်တာထွန်းလွင်

0 comments:

Post a Comment