Thursday, October 10, 2013

ကားခေါင်မိုးပေါ်တွင် အဝတ်ဗလာဖြင့်ကနေသည့် ဗီဒီယိုဖိုင်ကို အွန်လိုင်းတင်လိုက်ခြင်းကြောင့် ဆော်ဒီအမျိုးသား(၄)ဦး ပြင်းထန်စွာ ပြစ်ဒဏ်ချမှတ်ခံရ

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဆော်ဒီ အာရေဗျနိုင်ငံရှိ Buraidah ရာဇဝတ်မှု တရားရုံးမှ ကားခေါင်မိုးပေါ် တွင် အဝတ်ဗလာဖြင့်ကနေသည့်ဗီဒီယိုကို ရိုက်ကူးပြီး အွန်လိုင်းတင်ခဲ့သော ဆော်ဒီအမျိုးသား ၄ ဦး ကို ပြင်းထန်သည့် စီရင်ချက်များ ချမှတ်လိုက်သည်။

၎ ဦးထဲမှ ၃ ဦးကို ထောင်ဒဏ် ၃ နှစ်မှ ၇နှစ်၊ ကြိမ်ဒဏ် ၅ဝဝ မှ ၁၂ဝဝ အထိကျခံစေရန် ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ကျန်တစ်ဦးကို ထောင်ဒဏ် ၁ဝ နှစ်၊ ကြိမ်ဒဏ်အချက် ၂ဝဝဝ နှင့် ဒဏ်ကြေး ငွေ ဆော်ဒီ ရီရယ် ၅ဝဝဝဝ (အမေရိ ကန်ဒေါ်လာ ၁၃ဝဝဝ)ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

တာဝန်ရှိသူများက အဆိုပါဖြစ်ရပ် တွင် ပါဝင်ခဲ့သည့် ကားကို သိမ်းယူခဲ့သ လို အွန်လိုင်းတင်ခဲ့သော ဗီဒီယိုဖိုင်ကိုလည်း ဖယ်ရှားခဲ့သည်။ ပြစ်ဒဏ်ချမှတ်ခံရသူ လေးဦးတွင် နှစ်ဦးက လုံခြုံရေးဝန်ထမ်း များဖြစ်သည်။

Ref: CNN

0 comments:

Post a Comment