Thursday, October 10, 2013

၁၀-၁၀-၁၃ မှ ၁၆-၁၀-၁၃ ထိ ၇ရက်ဟောစာတမ်း

တနင်္ဂနွေ
စိတ်လှုပ်ရှားမှုများမည်။ ဆုံးဖြတ်ချက် အမျိုးမျိုး ချဖြစ်မည်။ ရည်ရွယ်ချက်များနေမည်။ ကွက်ကျော်မြင် အကဲခတ်တွေ ကောင်းနေသော်လည်း ကိုယ့်စိတ်ကိုယ် မပိုင်ဖြစ်နေမည်။ ကျန်းမာရေးအနည်းငယ်ချုချာနိုင်၍ ဂရုစိုက်ပါ။ ခြေဖျားလက်ဖျားခိုက်မိနိုင်၍ ဂရုစိုက်ပါ။ သင့်အလုပ်အတွက် ဘာမှ မစိုးရိမ်ပါနှင့်။ စကားပြော ဆင်ခြင်ပါ။ ကတိပေးမလွန်နှင့်။ ပစ္စည်းလက်ဆောင်ရမည်။ အချစ်ရေးကောင်းတယ်။ မင်္ဂလာလက်ထပ်ဖြစ်မည်။ အိမ်ထောင်ရှိသူတို့ ဖောက်ပြန်ဖြစ်မည်။
အကျိုးပေးဂဏန်းမှာ - ၄၊ ၁၊ ၉။
အထူးဟော -  သတိလေးတော့ ထားပါ။
ယတြာ      -  တနင်္ဂနွေ နံနက်တွင် အိမ်ဘုရားကို အောင်သပြေ (၁၉) ညွန့် လှူပါ။
 တနလာၤ
အရာရာ တယူဿန် တဇွတ်ထိုး မလုပ်ပါနှင့်။ သင်၏ မိဘသားချင်းတွေအတွက် ကောင်းတာတွေ ဆောင်ရွက်ဖြစ်မည်။ သင်၏ချစ်သူအတွက် အကောင်းဆုံးလက်ဆောင်လေးတွေ ပေးဖြစ်မည်။ သင်၏ အိမ်ထောင် ဖက်အတွက် အကောင်းဆုံး ဆောင်ရွက်မှု တွေ ပေးဖြစ်မည်။ အားလုံး စိတ်ချမ်းသာမှုများရရှိသော နေ့ဖြစ်မည်။ မရောက်ဘူးသောခရီး ၊ မပေါင်းဘူးသော မိတ်ဆွေ တွေ နှင့် တွေ့ရလိမ့်မည်။ ကျန်းမာရေးကောင်းနေမည်။ အနည်းငယ်ထိခိုက်ရှနာ ဖြစ်တတ်၍ ဂရုစိုက်ပါ။ စကားပြောဆင်ခြင်ပါ။ စကားရှုပ်မည်။ စက်၊မြေ တို့ ၀င်မည်။ ထွက်မည်။ အလုပ်အကိုင် အဆင်ပြေမည်။ ငွေဝင်မည်။ အချစ်ရေး ၊ အိမ်ထောင်ရေး အဆင်ပြေမည်။ လက်ထပ်မင်္ဂလာ အောင်မြင်မည်။ 
အကျိုးပေးဂဏန်း - ၅၊ ၀၊ ၂။
အထူးဟော       - အားလုံးကံကောင်းမည်။
ယတြာ      - တနင်္လာနံနက် တွင် နှင်းဆီပန်း နီနီ (၅) ပွင့် အိမ္ဘုရား ကို ကပ္ပါ။ 
အဂါၤ
စိတ်မြန်၏။ ဇွဲကောင်း၏။ ရည်ရွယ်ချက်များ၏။ တစ်ခုပြီးမှ တစ်ခု လုပ်ပါ။ အောင်မြင်၏။ ခရီးဝေးယာယီ သွားရမည်။ ကား ၊ ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ ရုတ်တရက် ခိုက်မိတတ်သည်။ ထီ ၊ မဲပေါက်မည်။ အန္တရာယ် မရှိပါ။ စပ်တူ မလုပ်ရ။ လူယုံမထားရ။ စကားပြောဆင်ခြင်ပါ။ အချစ်ရေးကောင်း၏။ ၁ယောက်မက စွဲလန်း သူ တွေ့မည်။ ချစ်သူ ၁ယောက် နှင့် အဆင်မပြေ ရန်မြင်သည်။ ကျန်းမာရေး အနည်းငယ် ဂရုစိုက်ပါ။ ငွေကြေး ကိစ္စ ပြောရလိမ့်မည်။ ပစ္စည်းကိစ္စ ပြောရလိမ့်မည်။  
အကျိုးပေးဂဏန်း - ၃၊၆၊ ၉
အထူးဟော - ကံကောင်းမည်။
ယတြာ - အင်္ဂါ နံနက်တွင် အိမ်ဘုရား ကို အုန်းဆွမ်းကပ်လှူပါ။
ဗုဒ္ဒဟူး
စိတ်ပြောင်းလဲမှုရှိမည်။ ကြိုးစားမှုတွေ ကောင်းမည်။ ရည်ရွယ်ချက်တွေ အောင်မြင်မည်။ ကိုယ့်ဒူးကိုယ့်ချွန် ကြိုးစားမှုများ အောင်မြင်မည်။ ကျန်းမာရေး ကောင်းမည်။ စာမေးပွဲ တွေ အောင်မြင်မည်။ ထူးချွန်မှုတွေရမည်။ ဆု ၊ လက်ဆောင်ရမည်။ အချစ်ရေး ကောင်း သည်။ လက်ထပ်ချိန်နီး သော်လည်း ၁ယောက် နှင့် ၁ယောက် အတိုက်အခံ ဖြစ်လာတတ်သည်။ ပြန်အဆင်ပြေမည်။ အထင်လွဲခံရတတ်သည်။ စီးပွားရေး ဆောင်ရွက်မှု့ တွေ အောင်မြင်မည်။ ခရီးထွက်ရန် အကြောင်းပေါ်သော်လည်း မသွားဖြစ်တတ်ပါ။  
အကျိုးပေးဂဏန်း - ၀၊ ၆၊ ၎
အထူးဟော - အောင်မြင်မည်။
ယတြာ - ဗုဒ္ဓဟူးနေ့တွင် အိမ်ဘုရား ကို အောင်သပြေ (၁၉) ညွန့် ကပ်လှူပါ။
ကြာသပတေး
ကြိုးစားမှု ပြုလျှင် တိုးတက်မှုတွေရှိလာမည်။ အပေါင်းအသင်းမှားနိုင်၍ ဂရုစိုက်ပါ။ အတိုင်အခံ ရန်ကြုံမည်။ ကျော်လွှားနိုင်မည်။ ထီ၊မဲ ပေါက်မည်။ ခရီးဝေးယာယီ တွေရောက်မည်။ စကားပြောဆင်ခြင်ပါ။ လွတ်လပ်မှု့လိုလား ၏ ။ ရည်ရွယ်ချက် များ၏။ မရောက်ဘူးသော ခရီးဝေး ရောက်မည်။ စကားပြောဆင်ခြင်ပါ။ လူယုံမထားရ။  
အကျိုးပေးဂဏန်း   ၅၊၄၊၂။
အထူးဟော- အဆင်ပြေမည်။
ယတြာ- ကြာသပတေး နံနက် တွင် အုန်းဆွမ်း နှင့် အကြော် (၁၉) ခုကပ်ပါ။ 
သောကြာ
ဆုံးဖြတ်ချက် မမြန်ဆန်ပါနှင့်။ စကားပြောမလွန်ပါနှင့်။ လူယုံမထားပါနှင့်။ ဤ တစ်ပတ် အတွင်းမမျှော်လင်း သော ဖြစ်ရပ်လေးများပေါ်ပေါက်လာပါလိမ့်မည်။ ခရီးဝေးယာယီ တွေ ရောက်မည်။ လမ်းခရီး အန္တရာယ် မရှိပါ။ စက် ၊ မြေ ၊ ရွှေ တို့ ဂရုစိုက်ပါ။ အ၀ယ် မှား တတ်သည်။ အချစ်ရေး ရှုပ်မည်။ လက်ထပ်မင်္ဂလာပွဲနီးချိန် တွင် ပြဿနာ အသေးအဖွဲ ဖြစ်မည်။ အန္တရာယ်မရှိပါ။ ရုတ်တရက် ခိုက်မိတတ်၍ ဆင်ခြင်ပါ။ အလုပ်အကိုင်တွေ အားလုံး အဆင်ပြေမည်။ အန္တရာယ်မှ လွတ်ကာသီကာ လွတ်မည်။
အကျိုးပေးဂဏန်း  ၈၊၁၊၆။
အထူးဟော- အောင်မြင်မည်။
ယတြာ- သောကြာနေ့နံနက်တွင် အိမ်ဘုရားကို သစ်သီး (၉) မျိုး လှူပါ။ 
စနေ
စိတ်မြန်ကိုယ်မြန်  ဆောင်ရွက်မှုတွေများလာမည်။  ရည်ရွယ်ချက်တွေအောင်မြင်မည်။ အဝေးမိတ်ဆွေ လုံးဝ ကူညီမည်။ ကျန်းမာရေး အနည်းငယ်ချူချာမည်။ မစိုးရိမ်ရ။ အန္တရာယ် လုံးဝ မရှိပါ။ ခရီးဝေးသွားရမည်။ ပစ္စည်း ၊ ငွေကြေး အလိမ်ခံရမည်။ ပျောက်တတ်သည်။ အချစ်ရေး မကောင်း တစ်ခါ ကောင်းတလှည့်ဖြစ်မည်။ အလုပ်အကိုင် အဆင်ပြေမည်။ ထီ ၊ မဲ ပေါက်မည်။ မင်္ဂလာပွဲ ဖြစ်မည်။ အိမ်ထောင်ရေးသာယာမည်။ အလုပ်အကိုင်ပို၍ တိုးတက်မည်။ မိဘ ၊ သားချင်း အတွက် အကျိုးပြု ကူညီဖြစ်မည်။
အကျိုးပေးဂဏန်း - ၇၊၈၊၁။
အထူးဟော - အဆင်ပြေမည်။
ယတြာ - စနေနေ့ နံနက်တွင် ထန်းလျက် နှင့် ဆွမ်းဖြူ သောက်တော်ရေ ကပ်လှူပါ။ အိမ္ဘုရား ကပ္ပါ။ သင့်ဆန္ဒတွေ မုချအောင်မြင်မည်။  

0 comments:

Post a Comment