၂၄.၁၀.၂၀၁၃ရက်နေ့ ၀၄၀၀အချိန် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊
မေဓါဝီလမ်းပေါ်တွင် ဦးခေါင်း သွေးထွက်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး
သေဆုံးနေ၍ ယာဉ်ထိန်းတပ်ဖွဲ့စု - ၂ မှ တပ်ဖွဲ့ဝင် များသည်
မြောက်ဥက္ကလာပဆေးရုံသို့ ပိုအပ်ခဲ့ပြီး ၁၀၀၀အချိန် မှုခင်းဆရာဝန်မှ
ရင်ခွဲစစ်ဆေး ခဲ့ရာ သေ ဆုံးသူ အောင်နိုင်ဦး (ဘ)ဦးကျော်ဦး၊ (က)ရပ်ကွက်၊
မြောက် ဥက္ကလာပမြို့ နယ်နေသူတွင် ဦးခေါင်း ၀ဲဘက်ပြတ်ရှဒဏ်ရာ (၁)ချက်၊
ငယ်ထိပ်ပြတ်ရှဒဏ်ရာ (၁)ချက်၊ ငယ်ထိပ်ဘေးပြတ်ရှဒဏ်ရာ (၁)ချက်တို့ ရရှိကာ
ဦးနှောက်အမှေးပေါက်ပြီး ဦးနှောက်အတွင်း သွေး ၀င်သေဆုံးခြင်းဖြစ်ကြောင်း
သိရှိရ သဖြင့် မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ)၈၅၈/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့်
အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police
Yangon Police
0 comments:
Post a Comment