Wednesday, October 30, 2013

ချောင်းသာ၌ မြန်မာ့အကြီးဆုံး နဂါးရုံဘုရား တည်ဆောက်

Photo: ချောင်းသာ၌ မြန်မာ့အကြီးဆုံး နဂါးရုံဘုရား တည်ဆောက်
Wednesday, October 30, 2013

ချောင်းသာ-ငွေသောင်ယံလမ်းပေါ်ရှိ အမှတ် ၆ ရပ်ကွက်တွင်
မြန်မာနိုင်ငံ၏ အကြီးဆုံး ဒီပါအေးမြ မဟာနဂါးရုံဘုရားကို တည်ဆောက်လျက် ရှိရာ ယခုအခါ ၈၀ ရာခိုင်နှုန်းခန့်အထိ ပြီးစီးနေပြီဖြစ်ကြောင်း နဂါးရုံဘုရား တည်ဆောက်ရေးအဖွဲ့မှ တာဝန်ရှိသူအချို့က People Power သတင်းစာသို့
ပြောကြားသည်။

ယင်းနဂါးရုံဘုရားကြီးကို စတင်တည်ဆောက်စဉ်က နဂါးရုပ်တစ်ရုပ်တည်းဖြင့် တည်ဆောက်ထားသော်လည်း
နောက်ပိုင်းတွင် နဂါးခုနှစ် ကောင်ကို ထည့်သွင်းတည်
ဆောက်ထားပြီး ဥာဏ်တော် ၆၃ ပေ အမြင့်ရှိကြောင်း ယင်းဘုရားကိုတာဝန်ယူတည်ဆောက်သည့် ပန်းရံဆရာ ဦးအာနိုးက ပြောကြားသည်။

“ဒီဘုရားကြီး ပြီးသွားရင် မြန်မနိုင်ငံမာရှိတဲ့ နဂါးရုံးတွေထဲမှာ အကြီးဆုံးဖြစ်လာမယ်” ဟု ၎င်းကပြောကြားသည်။

ဘုရားကြီးပြီးစီးသွားပါက ချောင်းသာကမ်းခြေသည် အပန်းဖြေစရာနေရာသာမက ဘုရားဖူးများပါ စည်ကား လာနိုင်ကြောင်း ချောင်းသာရွာတွင် ဆိုင်ကယ်ကယ်ရီ
သမား ဦးအောင်လေးက ဆိုသည်။

အဆိုပါ နဂါးရုံဘုရားကြီးကို ၂၀၀၇ ခုနှစ်တွင် စတင်တည်ထား ကိုးကွယ်ခဲ့ပြီး ပထမတည်ထားစဉ်က နဂါးမှာ ကျိုးကျသွားသဖြင့်
၂၀၁၂ ခုနှစ်တွင် ကတည်းကပြုပြင်တည်ဆောက်နေခြင်းဖြစ်ကြောင်း ဘုရားဂေါပကထံမှသိရှိရသည်။

အေးငြိမ်းသူ

People power
ချောင်းသာ-ငွေသောင်ယံ လမ်းပေါ်ရှိ အမှတ် ၆ ရပ်ကွက်တွင် မြန်မာနိုင်ငံ၏ အကြီးဆုံး ဒီပါအေးမြ မဟာ နဂါးရုံဘုရားကို တည်ဆောက်လျက် ရှိရာ ယခုအခါ ၈၀ ရာခိုင်နှုန်းခန့်အထိ ပြီးစီးနေပြီဖြစ်ကြောင်း နဂါးရုံဘုရား တည်ဆောက်ရေးအဖွဲ့မှ တာဝန်ရှိသူအချို့က People Power သတင်းစာသို့ ပြောကြားသည်။

ယင်းနဂါးရုံဘုရားကြီးကို စတင်တည်ဆောက်စဉ်က နဂါးရုပ်တစ်ရုပ်တည်းဖြင့် တည်ဆောက်ထား သော် လည်း နောက်ပိုင်းတွင် နဂါးခုနှစ် ကောင်ကို ထည့်သွင်းတည် ဆောက်ထားပြီး ဥာဏ်တော် ၆၃ ပေ အမြင့်ရှိကြောင်း ယင်းဘုရားကိုတာဝန်ယူတည်ဆောက်သည့် ပန်းရံဆရာ ဦးအာနိုးက ပြောကြားသည်။

“ဒီဘုရားကြီး ပြီးသွားရင် မြန်မနိုင်ငံမာရှိတဲ့ နဂါးရုံးတွေထဲမှာ အကြီးဆုံးဖြစ်လာမယ်” ဟု ၎င်းကပြောကြား သည်။

ဘုရားကြီးပြီးစီးသွားပါက ချောင်းသာကမ်းခြေသည် အပန်းဖြေစရာနေရာသာမက ဘုရားဖူးများပါ စည်ကား လာနိုင်ကြောင်း ချောင်းသာရွာတွင် ဆိုင်ကယ်ကယ်ရီသမား ဦးအောင်လေးက ဆိုသည်။
 
အဆိုပါ နဂါးရုံဘုရားကြီးကို ၂၀၀၇ ခုနှစ်တွင် စတင်တည်ထား ကိုးကွယ်ခဲ့ပြီး ပထမတည်ထားစဉ်က နဂါး မှာ ကျိုးကျသွားသဖြင့် ၂၀၁၂ ခုနှစ်တွင် ကတည်းကပြုပြင်တည်ဆောက်နေခြင်းဖြစ်ကြောင်း ဘုရားဂေါပက ထံမှသိရှိရသည်။

အေးငြိမ်းသူ
People power

0 comments:

Post a Comment