ငါးနှစ်အရွယ်သမီးဖြစ်သူကို မုဒိန်းကျင့်၊သေတဲ့အထိရိုက်နှက်နှိပ်စက်ခဲ့ တဲ့ဖခင်ဖြစ်သူ ကို ဆော်ဒီတရားရုံးက ထောင်ဒဏ်၈နှစ်၊ကြာပွတ် နဲ့ အချက် ၈၀၀ ရိုက်ဖို့ အမိန့် ချလိုက်ပါတယ်။
ဒီပြစ်မှုမှာပါဝင်ခဲ့တဲ့ ဂမ်ဒီရဲ့ ဒုတိယမယားဖြစ်သူကိုလည်း ထောင် ၁၀လနဲ့  ကြိမ်ဒဏ်အချက် ၁၅၀ ပြစ်ဒဏ်ချပါတယ်။
ကံဆိုးရှာတဲ့ကလေးမလေးဟာ ဒီဇင်ဘာ ၂၅ရက် ၂၀၁၁ခုနှစ်မှာဦးခေါင်းခွံကွဲအက်၊ နံရိုးကျိုး၊ ဘယ်ဖက် လက်ကျိုး၊အညိုအမဲများစွာနဲ့ ဆေးရုံကိုရောက်လာခဲ့ပါတယ်။ နောက်လ အနည်းငယ် မှာကလေး မလေးသေဆုံးသွားခဲ့ပါတယ်။
ဂမ်ဒီဟာမူဆလင်တယ်လီဗီးရှင်းမှာပုံမှန်ဟောပြောရတဲ့တရားဟောဆရာတစ်ယောက်ဖြစ်ပါတယ်။ သမီးဖြစ်သူကို ၀ါယာကြိုး၊ကြိမ်လုံးတွေတွေနဲ့ ရိုက်နှက်နှိပ်စက်ခဲ့ကြောင်းဝန်ခံ ပါတယ်။ ခုလိုလုပ်ရတာဟာ သမီးဖြစ်သူရဲ့ အပျိုစင်ဖြစ်မှုကို သံသယရှိတဲ့အတွက်ခုလို မုဒိန်းကျင့်ပြီး နှိပ်စက်ခဲ့တာလို့ သိရပါတယ်။
အလွန်အမင်းရှေးရိုးစွဲတဲ့ဆော်ဒီအာရေဘီးယားမှာ ခုလိုဖခင်ကသားသမီးကိုသတ်တာ၊ယောက်ျားက မိန်းမကို သတ်တဲအမှုတွေကိုသေဒဏ်ပေးလို့ မရပါဘူး။
ဒီလိုအမှုမျိုးတွေကိုထောင်ဒဏ် ၅နှစ်ကနေ ၁၂ နှစ်အထိသာချခွင့်ရှိပါတယ်။
the melting pot 4 u
(ကူးယူဖော်ပြပါက the melting pot 4 u မှကူးယူကြောင်းခရက်ဒစ်ပေးပါရန်မေတ္တာ ရပ်ခံပါ သည်)
0 comments:
Post a Comment