Friday, October 25, 2013

ကားမောင်းစဉ် ဖုန်းမပြောရသည့် ကယ်လီဖိုးနီးယား ဥပဒေကို ကာဒေရှီယန် ချိုးဖော


အမေရိကန်နာမည်ကြီး သရုပ်ဆောင် မော်ဒယ်နှင့် ရုပ်သံတင်ဆက်သူ ကင်မ်ကာဒေရှီယန်သည် ကားမောင်းနေစဉ် ဖုန်းပြောခြင်း မပြုရန် တားမြစ်ထားသည့် ကယ်လီဖိုးနီးယားပြည်နယ် ဥပဒေကို ချိုးဖောက်ကာ ဖုန်းပြောခဲ့ကြောင်း အမေရိကန် မီဒီယာများက အောက်တိုဘာ ၁၉ ရက်တွင် ရေးသားဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ဇွန်လက သမီးငယ်လေး North West ကို မွေးဖွားခဲ့သူ အသက် ၃၂ နှစ် အရွယ် ကာဒေရှီယန်သည် လော့စ်ဇင်းဂျလိစ်မြို့တွင် အနက်ရောင် Mercedes-Benz ကားကို ကိုယ်တိုင်မောင်းနှင်နေစဉ်အတွင်း တစ်စုံတစ်ယောက်ထံ တယ်လီဖုန်း ပြောဆိုနေသည်ကို မီဒီယာများက ဖော်ပြခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ်တွင် မြို့တော် လော့စ်ဇင်းဂျလိစ်၌သာမက ပြည်နယ်ရှိ မည်သည့်နေရာတွင်မဆို ကားမောင်းနေစဉ် ဖုန်းမပြောဆိုရ ဥပဒေကို ထုတ်ပြန်ထားရာ ကာဒေရှီယန်မှာ အရေးယူမှုနှင့် ရင်ဆိုင်ရနိုင်သည့် အခြေအနေတွင် ရှိနေသည်။ မီဒီယာများ၏ အဆိုအရ ကာဒေရှီယန်သည် ကလေးမွေးဖွားမှုကြောင့် ကျဆင်း ခဲ့ရသည့် ခန္ဓာကိုယ်အလှကို ထိန်းသိမ်းရန် ခင်ပွန်းသည် အမေရိကန် Rapper ကင်ယီဝက်စ်ထံ ခန္ဓာကိုယ် ခွဲစိတ်ပြုပြင်မှု ခံယူနိုင်ရေးအတွက် ဖုန်းဆက်တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ သို့သော်လည်း ကင်ယီဝက်စ်၏မိခင် ဒွန်နာဝက်စ်မှာ ရင်သား ခွဲစိတ်ပြုပြင်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ရာ ကင်ယီဝက်စ်က ကာဒေရှီယန်၏ အစီအစဉ်ကို တားမြစ်ပိတ်ပင်ခဲ့ သည်ဟု 'Radar Online ၀က်ဘ်ဆိုက်'က ဖော်ပြခဲ့သည်။

Automobile Journal

0 comments:

Post a Comment