Saturday, October 26, 2013

စပိန် ထိပ်သီးနှစ်သင်း၏ ထိပ်တိုက်တွေ့ဆုံမှု (သို့မဟုတ်) တောင်အမေရိက တိုက်စစ် နှင့် ဥရောပတိုက်စစ်တွဲတို့၏ အားပြိုင်မှု

ယနေ့ညမှာတော့ စပိန်လာဂီလာ ပွဲစဉ် (၁၀) ပွဲမြောက်အဖြစ် လက်ရှိ ဇယားထိပ်မှာ ရှုံးပွဲမရှိ နေရာယူထားတဲ့ ဘာစီလိုနာအသင်း နှင့် ဇယား တတိယနေရာက ရီးရဲလ်မက်ဒရစ် အသင်းတို့ တွေ့ဆုံယှဉ်ပြိုင်ရတော့မည် ဖြစ်ပါတယ်။ နှုးကပ် ကွင်းမှာ ကန်ရမည့် ထိပ်သီး နှစ်သင်း၏
ထိပ်တိုက်တွေ့ဆုံမှုက ဘောလုံးအားကစား ၀ါသနာရှင်အများစု စိတ်ဝင်စား နှစ်ခြိုက်ကြမည့် ပွဲစဉ်တစ်ပွဲဟု သုံးသပ်မိပါတယ်။ ယခင် မော်ရင်ဟို လက်ထက်က ရီးရဲလ်အသင်းကို ဘာစီလိုနာ အသင်းသည် နောက်ဆုံးတွေ့ ဆုံမှုအရ အိမ်ကွင်းတွင် ၂ ပွဲဆက်အနိုင်မရခဲ့ပါ။ သို့သော် လာလီဂါပွဲစဉ် များမှာ နိုင်ပွဲ (၈) ပွဲ သရေ (၁) ပွဲရှိထားတဲ့ စံချိန်ကောင်းတွေရှိပါတယ်။ အရင်တပတ်က မက်ဆီ ၆၈ မိနစ်မှ ၀င်ကစားတဲ့ အရင်တပတ်က အိုဆာဆူနာနဲ့ ပွဲ မှာ ဂိုးမရှိ သရေကျခဲ့တာမို့ မက်ဆီ နာနေတဲ့အချိန် တိုက်စစ်အတွက် လိုအပ်နေတာကို တွေ့ရပါတယ်။ အန်ဆန်လော့တီ၏ ရီးရဲလ်အသင်းကလည်း ပြီးခဲ့တဲ့ တပတ်က မာလာဂါကို အနိုင်ကစားခဲ့ပြီး ဘာကာကိုအမှီလိုက်လာနေပါတယ်။ သူတို့အသင်း၏ အမှတ်ကွာဟ ချက်ကတော့ ၃ ဂိုးဖြစ်ပါတယ်။ ဘာစီလိုနာမှ အနိုင်ရရှိပါက ရီးရဲလ်ကို ၆ မှတ်ဖြတ်ထားနိုင်မည် ဖြစ်ပြီး၊ ရီးရဲလ်ကတော့ အနိုင်ရရှိပါက အမှတ်တူ အနေအထားဖြစ်မှာပါ။

ဘာစီလိုနာမှာ လုပ်ခအများဆုံးပေးရပြီး အသင်းအတွက်လည်း အကောင်းဆုံး ပံ့ပိုးပေးနေသည့် မက်ဆီ၊ နေမားအတွဲ နှင့်ကမ္ဘာ့ပြောင်းရွေ့ ကြေးအများဆုံး ဘေးလ် နှင့် ကမ္ဘာ့လုပ်ခအများဆုံးရနေသည့် ရိုနယ်ဒိုတို့၏ တိုက်စစ်အားပြိုင်မှုကို အဆိုပါ ပွဲတွင် တွေ့ရနိုင်သညမို့ ထိုအခြင်းအရာများက ပရိတ်သတ်များ ပွဲစဉ်အပေါ် စိတ်ဝင်ကြသည့် အကြောင်းရင်းခံ ဖြစ်ရပါတယ်။ အထူးသဖြင့် ဘာစီလိုနာမှ ဘရာဇီး ကစားသမား နေမား နှင့် အာဂျင်တီးနား ကစားသမား မက်ဆီတို့၏ တိုက်စစ်အတွဲ နှင့် ဥရောပ ပေါ်တူဂီတိုက်စစ်မှုး စီရိုနယ်ဒို နှင့် ဝေးလ် တိုက်စစ်မှုး ဘေးလ်တို့၏ တိုက်စစ်အစွမ်းပြမှုတွေကို မြင်တွေ့ရတော့မှာပါ။ ဒီနှစ်သင်းတွေ့ဆုံခဲ့မှု ရလဒ်အရ ရီးရဲလ်မက်ဒရစ် ကသာနေပါတယ်။ ဘာကာအသင်းအနေဖြင့် အိမ်ကွင်းပင်ဖြစ်သော်လည်း  လက်ရှိမှာ ခြေစွမ်းအားကောင်း နေသည့် အသင်းနှင့် တွေ့ဆုံ ယှဉ်ပြိုင်ရမှာမို့ အိမ်ကွင်းအားသာချက်က အဓိကအထောက် အကူဖြစ်စေနိုင်မှာ မဟုတ်ပါဘူး။

ဘာစီလိုနာအသင်း အသင်းသည် နောက်ဆုံး (၅) ပွဲမှာ ၃ ပွဲနိုင် ၂ ပွဲသရေဖြစ်နေပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းကတော့ နောက်ဆုံး (၅) ပွဲမှာ (၁) ပွဲရှုံးပြီး၊ (၄) ပွဲဆက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ စီရိုနယ်ဒို တစ်ယောက် အစွမ်းပြဂိုးသွင်းမှုတွေကို ပိုမိုလုပ်လာနိုင်နေတာကို တွေ့ရပါတယ်။ မက်ဆီတစ်ယောက်ကို လက်ရှိ line up မှာထည့်သွင်းထားသော်လည်း အရင်ပွဲတွေမှာလို ကြံ့ ကြံ့ ခိုင်ခိုင် သန်သန်မာမာ လှုပ်ရှားကစားနိုင်ပါမှ နှုးကပ်တွင် အောင်ပွဲခံနိုင်မှာပါ။ သေချာတာကတော့ သရေဘက်ကိုလည်း ဦးတည်သွားနိုင်သလို၊ရီးရဲလ်တိုက်စစ် အစွမ်းပြပြီး အောင်ပွဲခံနိုင်မယ်ဟု ယူဆရင်လည်း မမှားနိုင်ပါဘူး။ သူတို့ (၂) သင်း၏ ပွဲစဉ်ကို ယနေ့ည ၁၀ နာခွဲတွင် ရင်ခုန်စွာဖြင့် ကြည့်ရှု့ အားပေးရတော့မည် ဖြစ်ပါတယ်။
Written by မိုးတိမ် (တမာမြေ)

0 comments:

Post a Comment