နည်းပညာဖွံ့ဖြိုးတိုးတက်လာခြင်းကို အခြေခံကာ ကမ္ဘာနှင့်အဝန်း၌
လက်ကိုင်ဖုန်းသုံးစွဲသူ အရေ အတွက် သည်လည်း နေ့စဉ်နှင့်အမျှ တိုးပွားလျက်
ရှိသည်။ ယင်းသို့ တိုးပွားလာရာတွင် ကျောင်းသား လူငယ်များ လက်ကိုင်ဖုန်း
အသုံးပြုမှုလည်း များပြားလာရာ ပညာသင်ကြားနေစဉ်အရွယ်တွင် လက်ကိုင် ဖုန်းဖြင့်
ဂိမ်းကစားခြင်း၊ လူငယ်သဘာဝအရ တစ်ဦးနှင့်တစ်ဦး အာလာပ သလ္လာပ
ဖုန်းပြောနေခြင်းများဖြင့် အချိန်ကုန်စေခြင်းတို့သည် ပညာရေး တိုးတက်မှုကို
ဆုတ်ယုတ်စေသည့် အချက်တစ်ချက်ပင်ဖြစ်သည်။
ထို့ကြောင့် လက်ကိုင်ဖုန်းအသုံးပြုသော ကျောင်းသားလူငယ်များ အနေ ဖြင့်
ငွေကုန်ကြေးကျခံ ဝယ်ယူထား သည့် ပစ္စည်းတစ်ခုကို အကျိုးရှိရှိ အသုံးပြု
သင့်ပေသည်။ အွန်လိုင်းပညာရေး စနစ်ထွန်း ကားသော ဖွံ့ဖြိုးပြီးနိုင်ငံများ
တွင်မူ လက်ကိုင်ဖုန်းများကို အသုံးပြုကာ ပညာရေးတိုးတက်မြင့် မားရေး အတွက်
သင်ထောက်ကူပစ္စည်းသဖွယ် အသုံးပြုကြသည်။ ဥပမာအားဖြင့် လက်ကိုင်ဖုန်း
အသုံးပြုသော ကျောင်းသားလူငယ်များအနေဖြင့် ပညာရေး အတွက် အထောက်အကူဖြစ်စေမည့်
အင်တာနက်ဝက်ဘ်ဆိုက်များသို့ ဝင်ရောက်ကြည့်ရှုကာ အွန်လိုင်းမှတစ်ဆင့်
ပညာသင်ကြားခြင်း၊ အသက် မွေးဝမ်းကျောင်းပြုနိုင်ရေးအတွက် နည်းပညာ၊
အတတ်ပညာနှင့် ဗဟုသုတ ရှာမှီးခြင်း များ ပြုလုပ်ခြင်းဖြစ်သည်။
သို့သော် အင်တာနက်ဝက်ဘ်ဆိုက်များသို့ ဝင်ရောက်ကြည့်ရှုရာတွင် အနာဂတ်အတွက်
ဆေးဖြစ်စေမည့် ဝက်ဘ်ဆိုက် များကိုသာ ဆိုလိုခြင်းဖြစ်ပြီး ဘေးဖြစ်စေမည့်
ဝက်ဘ်ဆိုက်များကို ရှောင်ရှား သင့်ပေသည်။
အချို့ဖွံ့ဖြိုးပြီးနိုင်ငံများတွင်မူ စာသင်ခန်းများအတွင်း၌ ပညာသင်ကြား
နေစဉ်အချိန်တွင် လက်ကိုင် ဖုန်းအသုံးပြုကာ တစ်ဦးနှင့်
တစ်ဦးမက်ဆေ့ပို့ခြင်း၊ ဂိမ်းစ်ကစားခြင်းများဖြင့် ကျောင်းသားအချို့
အချိန်ကို ဖြုန်းတီးနေသည် ကိုလည်း လေ့လာသိရှိရသည်။
မိမိတို့နိုင်ငံတွင်လည်း ယခင်က လက်ကိုင်ဖုန်းအသုံးပြုမှုမရှိ
သလောက်နည်းပါးခဲ့သော်လည်း ယခုလက်ရှိ အချိန်တွင်မူ လူတန်းစားမရွေး
ဖုန်းအသုံးပြုနိုင်ရေးအတွက် တန်ဖိုးနည်းဖုန်း ဆင်းကတ်များကို ချထား
ပေးမှုများကို လုပ်ဆောင်ပေးခဲ့ပြီးနောက်ပိုင်း လက်ကိုင်ဖုန်း အသုံးပြုသူ အရေ
အတွက်သည်လည်း များပြားလာခဲ့သည်။
သို့ရာတွင် အွန်လိုင်းပညာရေးစနစ်ကို ကျယ်ပြန့်စွာလုပ်ဆောင်ခြင်း
မရှိသေးသည့် မိမိတို့နိုင်ငံတွင်မူ ပညာသင်ကြားနေသော ကျောင်းသား လူငယ်များ
လက်ကိုင်ဖုန်းသုံးစွဲရန်မသင့်ပေ။ ထိုသို့ လက်ကိုင်ဖုန်း သုံးစွဲခွင့်ပြု
ထားမည်ဆိုပါက လက်ကိုင်ဖုန်းတစ်လုံးဖြင့် အချိန်ကုန်နေမည်ဖြစ်ရာ ပညာ
သင်ကြားနေသည့် ကျောင်းသားလူငယ်များ၏ ပညာရေးတိုးတက်မြင့်မား စေမည့်
လမ်းကြောင်းတွင် အဟန့်အတားတစ်ခုအဖြစ် ရှိနေမည်ဖြစ်သည်။
ထိုသို့ဆိုသော်ငြားလည်း မည်သည့်ပစ္စည်းကိုမဆို အကျိုးရှိရှိ အသုံးပြု
တတ်ရန်မှာ အရေးကြီးပြီး အသုံးပြုသူ၏ ရည်ရွယ်ချက်ပေါ်တွင် အကျိုး
သက်ရောက်မှုရှိမည်ဖြစ်ရာ လက်ကိုင်ဖုန်းအသုံးပြုခြင်း ဖြင့် အသိပညာ၊ အတတ်ပညာ၊
ဗဟုသုတများ ရှာမှီးစေလိုပြီး အကျိုးမရှိသည့် ဂိမ်းကစားခြင်း၊ Chatting
ပြုလုပ်ခြင်းများဖြင့် အချိန်ကုန်စေခြင်းများကို ရှောင်ရှားအပ်ပေ သည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
0 comments:
Post a Comment