Friday, October 25, 2013

မုဒိမ်းမှုနှင့် လူသတ်မှုကျူးလွန်သူကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်

မေ ၁၉ ရက် နံနက် ၇ နာရီခွဲက ခင်ဦးရဲစခန်း တာဝန်မှူး ဒုရဲအုပ် စိုးထက်မောင်မောင်သည် ခင်ဦးမြို့နယ် ရှင်မင်းဘွေကျေးရွာ အရှေ့ဘက် လယ်ကြားမြောင်းအတွင်း လူသေအလောင်းတွေ့ရှိကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာမှ သေဆုံးသူမှာ ရှင်မင်း ဘွေရွာနေ မနှင်းနှင်းမာဖြစ်ပြီး သေမှုသေခင်းဖြင့် အမှုဖွင့်စစ်ဆေးရာ ဆေးစာအရ သေဆုံးသူမှာ လည်ပင်းညှစ်ခံရ၍ လေပြွန်ပိတ် အသက်ရှူရပ်၊ နှလုံးခုန်ရပ်ကာ သေဆုံးကြောင်းသိရ၍ ဆက်လက်ပြီး စခန်းမှူးရဲအုပ်ရဲခေါင်မြင့်က စုံစမ်းစစ်ဆေးအရေးယူဆောင် ရွက်ခဲ့သည်။ ပြစ်မှုကျူးလွန် သူမှာ ကျော်သူဝင်း (၂၄နှစ်) ရှင်မင်းဘွေ ကျေးရွာနေသူဖြစ်ပြီး ခရိုင်တရားရုံးသို့ ဇွန် ၁၉ ရက်၌ တရားစွဲဆိုခဲ့ရာ ခရိုင်တရားရုံးမှ အောက်တိုဘာ ၁ဝ ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်သက် တစ်ကျွန်း ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်းသိရသည်
ဤအမှုဖြစ်ပွားရခြင်းမှာ တောရွာဓလေ့နွားကျောင်းရာမှ နွားပျောက်သဖြင့် ရွာအပြင်ဘက် တောထဲသို့ အချိန်မတော် သန်းခေါင်ယံအချိန် လူသူကင်းမဲ့နေရာ သွေးသားမတော်စပ် နှစ်ဦးတည်း အပေါင်းအဖော်မပါဘဲ နွားပျောက်ရှာရာမှ မူမှန်စိတ်ပျောက်ပြီး စိတ်ဖောက်ပြန်ကာ အလိုမတူဘဲ မုဒိမ်းကျင့်လူသတ်မှုပေါ်ပေါက်ကြောင်း သိရသဖြင့် သတိပြုဆင်ခြင် သင်ခန်းစာ ယူအပ်လှပေသည်။
ရောင်နီတင်ဝင်း
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment