Friday, October 11, 2013

မိုးစက်ဝိုင်၏ လတ်တလောဖြစ်စဉ်များနှင့်ပတ်သက်ပြီး စီစဉ်သူနှင့် ကာယကံရှင်တို့က အင်တာနက်တွင်ရေးသားဖော်ပြ

မိုးစက်ဝိုင်နှင့်ပတ်သက်သော လတ်တလောဖြစ်စဉ်များအပေါ် Miss Universe #Myanmar Organization နှင့် ကာယကံရှင်တို့က အင်တာနက်စာမျက်နှာများမှ ပြန်လည်ရေးသားဖော်ပြခဲ့ကြသည်။

မိုးစက်ဝိုင်သည် တရုတ်လူမျိုးဖြစ်ပြီး တရုတ်နိုင်ငံတွင် ကျင်းပသည့် မယ်ပြိုင်ပွဲများတွင် ဆုရရှိထားသူဖြစ်ခြင်း၊ တရုတ် ရုပ်သံလွှင့်ဌာနများမှ တရုတ်လူမျိုးတစ်ဦးဖြစ်သူက Miss Universe 2013 ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသည်စသော ဖော်ပြချက်များကြောင့် မိုးစက်ဝိုင်ကို ကန့်ကွက်ဆန္ဒပြသရခြင်းဖြစ်ကြောင်း အွန်လိုင်းတွင်
ဖော်ပြခဲ့သည်။

ယင်းဆန္ဒပြမည့် ညနေပိုင်းတွင် Miss Universe Myanmar မိုးစက်ဝိုင်က “သူမ၏ Official #Facebook အကောင့်မှ ယခုကဲ့သို့ ရှုပ်ထွေးနေသည့်
ပြဿနာများအကြားမှ အားပေးချစ်ခင်သည့် ပရိသတ်အား ကျေးဇူးတင်ရှိကြောင်း၊ ယခုစာမျက်နှာမှာ သူ၏ လှုပ်ရှားမှုများကို ပရိသတ်အား ဝေမျှပေးသွားရန် ရည်ရွယ်ကာ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ယင်းစာမျက်နှာပေါ်တွင် ပရိသတ်အနှောင့်အယှက် ဖြစ်စေသောစကားလုံးများကို ပယ်ဖျက်သွားမည် ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

Miss Myanmar Universe Organization မှလည်း Miss Universe Myanmar မိုးစက်ဝိုင်အား Online နှင့် Facebook စာမျက်နှာများပေါ်တွင် လူနည်းတစ်စုမှ ဂုဏ်သိက္ခာညှိုးနွမ်းအောင်၊ အများပြည်သူထင်ယောင် ထင်မှားဖြစ်အောင် သတင်းအချက်အလက် ထုတ်လွှင့်ခြင်းမျိုးမဟုတ်ဘဲ အတင်းဖြန့်ဝေနေခြင်းများအား မိမိတို့၏ အမည်၊ မိမိတို့၏ ဂုဏ်သိက္ခာ စောင့်ထိန်းရေးသားပြောဆိုကြပါရန်၊ ရပ်တန့်ပေးပါရန် တိုက်တွန်းပြောဆိုချက်ကို Organization အဖွဲ့၏ ဖေ့စ်ဘွတ်တွင် ဖော်ပြခဲ့သည်။

မိုးစက်ဝိုင်သည် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသော တရုတ်အမျိုးသမီးများ စုပေါင်းကျင်းပသည့်ပြိုင်ပွဲတွင် Miss Chinese International ဆုနှင့် Golden Phoenix Cup တွင် Miss China contest runner-up ဆုကို ရရှိထားသူ
ဖြစ်သည်။ ယင်းပွဲများသို့ ပြည်တွင်းမှအချို့အလှမယ်များလည်း ၀င်ရောက်ယှဉ်ပြိုင်ဖူးခဲ့ကြသည်။

လက်ရှိတွင် မိုးစက်ဝိုင်သည် နိုဝင်ဘာ ၉ ရက်တွင် ရုရှားနိုင်ငံမော်စကိုမြို့တွင် ကျင်းပမည့် Miss Universe 2013 ပြိုင်ပွဲအတွက် ပြင်ဆင်လျက်ရှိပြီး မော်စကိုမြို့တွင်ကျင်းပမည့် လေ့ကျင့်ရေးကာလအတွက် အောက်တိုဘာ ၁၆ ရက်တွင် ရန်ကုန်မှ ထွက်ခွာမည်ဖြစ်သည်။
Mizzima

0 comments:

Post a Comment