
အင်ဒိုနီးရှား ရေပိုင်နက်သို့ ကျူးကျော်မှုကြောင့် ထိန်းသိမ်းခံခဲ့ရသော ထိုင်းငါးဖမ်းရေယာဉ်များမှ မြန်မာရေလုပ်သား ၄၀ ဦးအနက် ၃၇ ဦးမှာ အောက်တိုဘာ ၉ ရက်က မလေးရှား လေကြောင်းလိုင်းဖြင့် ပြန်လည် ရောက်ရှိလာသည်။
မြန်မာရေလုပ်သား
၄၀ ဦးအနက် ၃၇ ဦးသာ ပြန်လည် ရောက်ရှိလာခဲ့ပြီး ကျန်ခဲ့သည့် ရေလုပ်သား
သုံးဦးမှာ မူလ ငါးဖမ်းလုပ်ငန်း တွင် ပြန်လည် လုပ်ကိုင်ရန်အတွက်
ထွက်သွားကြောင်း မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ရောက်ရှိ လာသည့် ရေလုပ်
သားများ ၏ ပြောကြား ချက်အရ သိရသည်။
အဆိုပါ
မြန်မာရေလုပ်သားများမှာ ထိုင်းနိုင်ငံ ငါးဖမ်းလှေများပေါ်တွင်
အလုပ်လုပ်ကိုင်နေသည်မှာ ငါးနှစ်ခန့်ရှိနေပြီး ဖြစ်ကြောင်း၊
အင်ဒိုနီးရှားနိုင်ငံတွင် ထိန်းသိမ်းခံရသည်မှာ ခုနစ်လခန့်
ကြာမြင့်ခဲ့ကြောင်း သိရသည်။
''ထိုင်းငါးဖမ်း
လှေပေါ်မှာတော့ ညှဉ်းပန်းနှိပ်စက်တာတွေတော့ မရှိဘူး။
အင်ဒိုနီးရှားနိုင်ငံမှာ ထိန်းသိမ်းခံရတာက ကျွန်တော် တို့ လှေလေးစင်းနဲ့
အဲ့ဒီနိုင်ငံပိုင်နက်ထဲကို ရောက်သွားတာ ဖြစ်တယ်။ကျွန်တော်တို့
လှေသားတွေကိုတော့ အပြစ်မပေးဘူး။ ပဲ့နင်းတဲ့ လူလေးဦးကို အပြစ်ပေးတာပါ။
ကျွန်တော်တို့ အကျယ်ချုပ် သဘောမျိုးနဲ့ပဲ ထိန်းသိမ်းထားတာပါ။
အင်ဒိုနီးရှားနိုင်ငံမှာ ထိန်းသိမ်းခံရတာက ခုနစ်လလောက် ရှိပါတယ်။ အဲဒီမှာ
တခြား ဘာအခက်အခဲမှ မရှိပါဘူး'' ဟု တနင်္သာရီတိုင်းဒေသ ကြီးမှ ရေလုပ်သားဖြစ်သူ
ဦးလှဦးက ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံမှ
ပြန်လည် ရောက်ရှိလာသည့် မြန်မာရေလုပ်သားများမှာ မိမိသဘောအရ သွားရောက်
လုပ်ကိုင်ခဲ့သူများရှိသလို ပွဲစားများမှတစ်ဆင့် ငါးဖမ်းရေယာဉ်ပေါ်သို့
ရောက်သွားပြီး လုပ်အားခေါင်းပုံဖြတ်ခံရသူများ ပါဝင်ကြောင်း သိရသည်။
''ပွဲစားက
ကျွန်တော်ရသမျှ လုပ်အားခတွေကို အကုန်ယူတယ်။ ကျွန်တော့်ကို သုံးဖို့လောက်ပဲ
ပေးတယ်။ လုပ်အားခ ခေါင်းပုံဖြတ်ပြီး လူကုန်ကူးခံရတဲ့ သဘောမျိုးဖြစ်တယ်။
ထိုင်းမှာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတာငါးနှစ်လောက်ရှိပြီ။
အင်ဒိုနီးရှားနိုင်ငံတော့မှာ ကျွန်တော်တို့ကို အကျယ်ချုပ် သဘောမျိုးပေါ့
ဝင်းကြီးထဲမှာထားတယ်။ ထမင်းပုံမှန် ကျွေးတယ်''ဟု ပဲခူးတိုင်းဒေ သကြီး ရေ
လုပ်သား တစ်ဦးက ပြောကြားသည်။
အဆိုပါ
ရေလုပ်သား ၃၇ ဦးအား မြန်မာနိုင်ငံအစိုးရမှအကုန်ကျခံကာ
ပြန်လည်ခေါ်ခဲ့ကြောင်း သိရပြီး ၎င်းတို့မှာ တနင်္သာရီတိုင်း၊
ပဲခူးတိုင်း၊မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊
မကွေးတိုင်းနှင့် ရန်ကုန်တိုင်း တို့မှ ရေလုပ်သား များ ဖြစ်ကြောင်း သိရသည်။
eleven media group
0 comments:
Post a Comment