Thursday, October 17, 2013

နမ့်ခမ်းမြို့ ဗုံး ၃ လုံး ပေါက်ကွဲ

Photo: နမ့်ခမ်းမြို့ ဗုံး ၃ လုံး ပေါက်ကွဲ
Thursday, October 17, 2013

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့မှာ မနေ့ညနဲ့ ဒီနေ့မနက်ပိုင်းမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။
နမ့်ခမ်းမြို့ ရဲစခန်း တာဝန်ရှိသူတဦးက “ဗုံးပေါက်တယ်။ ဘုရားကြီးနားမှာပါ။ မနေ့ည ၁၀ နာရီလောက်က ၁ လုံးနဲ့ ဒီနေ့မနက် ၇ နာရီလောက်မှာ ၂ လုံးပါ” လို့ ပြောပါတယ်။
သေဆုံး ဒဏ်ရာရမှုအခြေအနေနဲ့ ပေါက်ကွဲမှုဖြစ်စဉ် အသေးစိတ်စုံစမ်း စစ်ဆေးနေဆဲဖြစ်ပြီး မကြာမီ သတင်းထုတ်ပြန်သွားမယ်လို့ ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။
နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံ တာဝန်ရှိသူတဦးကတော့ ဗုံးကွဲမှုကြောင့် ဆေးရုံကို ၇ ဦးရောက်လာတယ်လို့ ပြောပါတယ်။
ဆက်လက်ဖော်ပြမည်။

DVB
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့မှာ မနေ့ညနဲ့ ဒီနေ့မနက်ပိုင်းမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။
နမ့်ခမ်းမြို့ ရဲစခန်း တာဝန်ရှိသူတဦးက “ဗုံးပေါက်တယ်။ ဘုရားကြီးနားမှာပါ။ မနေ့ည ၁၀ နာရီလောက်က ၁ လုံးနဲ့ ဒီနေ့မနက် ၇ နာရီလောက်မှာ ၂ လုံးပါ” လို့ ပြောပါတယ်။
သေဆုံး ဒဏ်ရာရမှုအခြေအနေနဲ့ ပေါက်ကွဲမှုဖြစ်စဉ် အသေးစိတ်စုံစမ်း စစ်ဆေးနေဆဲဖြစ်ပြီး မကြာမီ
သတင်းထုတ်ပြန်သွားမယ်လို့ ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။
နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံ တာဝန်ရှိသူတဦးကတော့ ဗုံးကွဲမှုကြောင့် ဆေးရုံကို ၇ ဦးရောက်လာတယ်လို့ ပြောပါတယ်။
ဆက်လက်ဖော်ပြမည်။

DVB

0 comments:

Post a Comment