Monday, October 21, 2013

လားရှိုးမြို့ ဟိုပိတ်အေးရှားဝေါလ် တိုးဂိတ်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Photo: လားရှိုးမြို့ ဟိုပိတ်အေးရှားဝေါလ် တိုးဂိတ်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Monday, October 21, 2013

ရှမ်းပြည်နယ် အမှတ်(၂၄) မူးယစ် တပ်ဖွဲ့စု လားရှိုးမှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်က ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့

ဟိုပိတ် အေးရှားဝေါလ် တိုးဂိတ်တွင် သက်သေများနှင့် အတူ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် မူဆယ်မှ လားရှိုးသို့ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ ဈေးအရှေ့ရပ် သြဇာခြံ ရပ်ကွက် ရတနာ သင်းကျစ်ဘုရားဝင်းနေ ထင်ကျော်ကျော် ( ၁၈ )နှစ် မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာ ၎င်း၏ခါးတွင် ပတ်ထားသည့် ခါးပတ်အိတ် အတွင်းမှ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂ဝဝ ပါ အထုပ် ခြောက်ထုပ် စုစုပေါင်းဆေးပြား ၁၂ဝဝ ကာလတန်ဖိုးငွေ ကျပ် ၂၄ သိန်း ကို ရှာဖွေ သိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ထင်ကျော်ကျော်အား လားရှိုးနယ်မြေ ရဲစခန်းမှ မယ(ပ)၇၇/၂ဝ၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။

မြ၀တီ
ရှမ်းပြည်နယ် အမှတ်(၂၄) မူးယစ် တပ်ဖွဲ့စု လားရှိုးမှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်က ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ဟိုပိတ် အေးရှားဝေါလ် တိုးဂိတ်တွင် သက်သေများနှင့် အတူ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် မူဆယ်မှ လားရှိုးသို့ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ ဈေးအရှေ့ရပ် သြဇာခြံ ရပ်ကွက် ရတနာ သင်းကျစ်ဘုရားဝင်းနေ ထင်ကျော်ကျော် ( ၁၈ )နှစ် မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးခဲ့သည်။ ထိုသို့
စစ်ဆေးရာ ၎င်း၏ခါးတွင် ပတ်ထားသည့် ခါးပတ်အိတ် အတွင်းမှ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂ဝဝ ပါ အထုပ် ခြောက်ထုပ် စုစုပေါင်းဆေးပြား ၁၂ဝဝ ကာလတန်ဖိုးငွေ ကျပ် ၂၄ သိန်း ကို ရှာဖွေ သိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ထင်ကျော်ကျော်အား လားရှိုးနယ်မြေ ရဲစခန်းမှ မယ(ပ)၇၇/၂ဝ၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။

မြ၀တီ

0 comments:

Post a Comment