စစ်ကိုင်းမြို့ ရွှေပြည့်စုံ ဟိုတယ် စားသောက်ခန်းမ မှာ ယနေ့နံနက် ၃နာရီခွဲ၊
ဆွမ်းဦးပုညရှင် မုဒ်ဦးစောင်း တန်းမှာ နံနက် ၅နာရီ ၄၅ မိနစ်တို့မှာ
ဗုံးအသီးသီးပေါက်ကွဲ ခဲ့ပြီး ထိခိုက် ဒဏ်ရာ ရမှုမရှိဘူးလို့ စစ်ကိုင်း တိုင်း
ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က
ပြောပါတယ်။
စစ်ကိုင်းမြို့သည် ဘာသာရေး အဆောက်အအုံအများအပြားနှင့် မြန်မာနိုင်ငံတွင်
သံဃာအများဆုံး သီတင်း သုံးရာ မြို့ဖြစ်ကာ ယခုကဲ့သို့ ဘုရားစောင်းတန်းမှာ
ဗုံးကွဲခြင်းသည် အခြားမြို့မှ အခြား ဘာသာဝင် တစ်ဦး က လာရောက် ဗုံးခွဲတာ
ဖြစ်နိုင်ကြောင်း ပြောဆိုမှုများ ရှိနေပါတယ်။
Myanmar Express
0 comments:
Post a Comment