Wednesday, October 23, 2013

ရေချိုးပြီး လျှပ်စစ်မီးအားအသုံးပြု၍ ဓါတ်လိုက်သေဆုံး

၂၂.၁၀.၂၀၁၃ ရက်နေ့ ၁၄၂၀ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၅)ရပ်ကွက်နေ မဇင်မာအေး (ဘ)ဦးဝင်းသန်းသည် ရေချိုးပြီး
နေအိမ်အတွင်းဝင်လာကာ သီချင်းနားထောင်ရန်ရေဒီယိုအား (5m)မီးကြိုးခွေဖြင့် အသုံးပြုစဉ်ဓါတ်လိုက်သေဆုံးသွားခဲ့၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၄၈/၂၀၁၃ ဖြင့်ဖွင့်လှစ်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

အလားတူ ၁၉၁၅ အချိန်တွင်လည်း ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့
ရပ်ကွက်နေ ကျော်ကျော်သည် ရေချိုးပြီးရေစိုအ၀တ်ဖြင့် ဘုရားမီးပူဇော်ရန် မီးပလပ်အားထိုစဉ် ဓါတ်လိုက်သေဆုံးသွားခဲ့သဖြင့် ဗဟန်းမြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် ၁၆/၂၀၁၃ဖြင့် ဖွင့်လှစ်စစ်ဆေး
ဆောင်ရွက်လျက်ရှိပါသည်။
Yangon Police

0 comments:

Post a Comment