
ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက သမ္မတဖြစ်လိုတဲ့ သူ့ရဲ့ရည်မှန်းချက်ကို အခိုင်အမာ ထုတ်ဖော် ပြောလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တွေ့ဆုံ ဆွေးနွေးမှုတွေ၊ ပူးပေါင်း ဆောင်ရွက်မှုတွေရှိတယ်၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း နှစ်ယောက်စလုံးက တရားမျှမျှတတယှဉ်ပြိုင်သွားဖို့ သဘောတူထားကြတယ်လို့ ဦးရွှေမန်းက ဘီဘီစီကို ပြောပါတယ်။
မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေကို ခရိုနီတွေက ဆက်လက်ထိန်းချုပ်နေတာတွေရှိတယ် ဆိုတာနဲ့ ပတ်သက် လို့ ပြည်သူတွေက ထုတ်ဖော် ပြောလာတာတွေကို အစိုးရပိုင်းက တရားမျှတအောင်လုပ်ဆောင်သွားမယ်၊ လွှတ်တော်ပိုင်းကလည်း ဥပဒေတွေ ထုတ်ပြန်ဆောင်ရွက် သွားမယ်လို့ သူက ပြောပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပနေတဲ့ နိုင်ငံတကာပါလီမန်သမဂ်ဂအဖွဲ့အိုင်ပီယူ ညီလာခံကို တက်ရောက်ေ နတဲ့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ ဘီဘီစီသီးသန့် ဆက်သွယ် မေးမြ န်းခန်းမှာ သူက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
0 comments:
Post a Comment