Thursday, October 24, 2013

အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ဖေ့စ်ဘွတ်သတိပေး

ဖေ့စ်ဘွတ်အနေဖြင့် အကြမ်းဖက်မှုများအား သတိပေးသည့်အနေဖြင့် ခေါင်းဖြတ်ခြင်းနှင့် အခြားသော အစွန်းရောက်အကြမ်းဖက်မှုဥပမာများ ပါဝင်သည့် ဗီဒီယိုများအား ဖော်ပြလိုက်သည်။
တပ်လှန့်သည့်အနေဖြင့် “သတိ၊ ဤ ဗီဒီယိုတွင် အစွန်းရောက်အကြမ်းဖက်များပါဝင်ပြီး သင့်အား စိတ်က သိကအောက်ဖြစ်စေနိုင်သည်”ဟု ဖော်ပြထားသည်။

ယင်းဆောင်ရွက်ချက်မှာ ဖေ့စ်ဘွတ်အနေဖြင့် အကြမ်းဖက်မှုနှင့်သက်ဆိုင်သည့် ပို့စ်များအား မေလတွင် ယာယီပိတ်ပင်ထားပြီးနောက် ယခုကဲ့သို့သော ရုပ်သံဖိုင်အား ၎င်း၏၀က်ဘ်ဆိုဒ်တွင်တင်ရန် ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။

တစ်ချိန်တည်းတွင် ဖေ့စ်ဘွတ်၏ ဆုံးဖြတ်ချက်အား ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းနှင့် ဖေ့စ်ဘွတ်၏ အကြံ ပေးများက ဝေဖန်ပြောကြားလိုက်သည်။

သို့သော် မိမိတို့ကုမ္ပဏီအနေဖြင့် အသက် ၁၃ နှစ်အရွယ်သာရှိသေးသည့် ဖေ့စ်ဘွတ်အသုံးပြုသူများက ယင်းဗီဒီယိုဖိုင်အား မျှဝေကာ ရှုံ့ချခြင်းများ ပြုလုပ်နိုင်ရန်ခွင့်ပြုချင်သည်ဟု ကုမ္ပဏီက ပြောကြားလိုက် သည်။ ထို့အပြင် အကယ်၍ မူလပိုင်ရှင်မှ အဆိုပါအကြမ်းဖက်ရုပ်သံဖိုင်နှင့်ပတ်သက်၍ ဂုဏ်ယူခြင်း သို့မ ဟုတ် အောင်ပွဲခံခြင်းအား ပြုလုပ်ပါက မိမိတို့အနေဖြင့် ယင်းရုပ်သံဖိုင်များအား ဆက်လက်ပိတ်ပင်သွား မည်ဟုလည်း ဖြည့်စွက်ပြောကြားလိုက်သည်။

ဒေဗစ်ကင်မရွန်းကလည်း “ခေါင်းဖြတ်တဲ့ဗီဒီယိုကို ကြိုတင်သတိပေးခြင်းမရှိဘဲနဲ့ တင်လိုက်တာဟာ ဖေ့စ် ဘွတ်ရဲ့ တာဝန်မဲ့မှုကို ပြသတာပဲဖြစ်တယ်။ သူတို့အနေနဲ့ စိုးရိမ်နေတဲ့ မိဘတွေကို ရှင်းပြသင့်တယ်”ဟု တွစ်တာမှ တစ်ဆင့်ရေးသားဝေဖန်လိုက်သည်။

ထို့အတူ လူမှုကွန်ရက်လုံခြုံရေးအကြံပေးဘုတ်အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်သော အမေရိကန်နိုင်ငံအတွင်းမှာ အကျိုးအမြတ်မယူသည့် “Family Online Safety Institute” (မိသားစုများ၏ အွန်လိုင်းလုံခြုံရေးအဖွဲ့) ကလည်း ယခင်က ယခုကဲ့သို့သော ရုပ်သံများအား “တားမြစ်” ထားသော်လည်း မူဝါဒပြောင်းလဲခြင်း အား သတိပေးတပ်လှန့်ခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သည့်အပေါ် စိုးရိမ်ကြောင်း ပြောကြားလိုက်သည်။

ဖေ့စ်ဘွတ်၏ ယင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ၎င်း၏ပြောခွင့်ရပုဂ်္ဂိုလ်အမျိုးသမီးမှာ တစ်စုံတစ်ရာမှတ် ချက်ပေးရန် ငြင်းဆန် ခဲ့သည်။
Mizzima

0 comments:

Post a Comment