Saturday, October 12, 2013

မြန်မာယူ-၂၃ အသင်း ခြေစမ်းပွဲတွင် နေပြည်တော်အသင်းကို ဂိုးပြတ်နိုင်

Photo: မြန်မာယူ-၂၃ အသင်း ခြေစမ်းပွဲတွင် နေပြည်တော်အသင်းကို ဂိုးပြတ်နိုင်
Saturday, October 12, 2013

ဆီးဂိမ်းအတွက် ပြင်ဆင်နေသည့် မြန်မာယူ-၂၃ ဘောလုံးအသင်းသည် ခြေစမ်းပွဲတွင် မြန်မာနေရှင်နယ်လိဂ်ကလပ် နေပြည်တော်အသင်းအား (၄-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါခြေစမ်းပွဲကို အောက်တိုဘာ ၉ ရက် ညနေ ၆ နာရီက နေပြည်တော် ရှိ ဇေယျာသီရိ ဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး မြန်မာယူ-၂၃ အသင်းမှ ကျော်ကိုကို၊ ကြည်လင်း၊ အောင်သူတို့၏ သွင်းဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်တွင် နည်းပြ ပတ်ဆောင်ဟွာသည် မြန်မာယူ- ၂၃ အသင်း တိုက်စစ်တွင် ကျော်ကိုကို၊ ကျော်ဇေယျာဝင်း၊ အလယ်တန်းတွင် ကြည်လင်း၊ ဆက်ဖြိုးဝေ၊ရဲလင်းအောင်နှင့် အောင်သူ၊ နောက်တန်းတွင် ဇော်မင်းထွန်း၊ အောင်ဟိန်းကျော်၊ သက်နိုင်၊ စည်သူအောင်၊ ဂိုးသမားအဖြစ် ပြည်ဖြိုးအောင်တို့ ပွဲထွက်ခဲ့သည်။

ပထမပိုင်းတွင် ယူ-၂၃ အ သင်းက ပိုမိုဖိအားပေးကစားနိုင်ပြီး ပွဲချိန် ၁၄ မိနစ်အတွင်း အဖွင့်ဂိုးကို ကျော်ကိုကိုက ကြည်လင်း၏ ဖန်တီးမှုမှတစ်ဆင့် သွင်းယူခဲ့သည်။ ပွဲချိန် ၃၁ မိနစ်တွင် ကြည်လင်း၏ ဖန်တီးမှုဖြင့်ပင် အောင် သူက ဒုတိယဂိုး၊ ပွဲချိန် ၄၃ မိနစ်တွင် ကျော်ကိုကို၏ ဖန်တီးမှုမှတစ်ဆင့် ကြည်လင်းက တတိယဂိုးကို သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာလိဂ်ဒုတိယဆုရှင် နေပြည်တော်အသင်းက မြန်မာယူ-၂၃ အသင်းကို ပြန်လည်ဖိအားပေးကစားလာပြီး ပွဲချိန် ၅၅ မိနစ်တွင် ဇော်လင်း ခေါင်းတိုက်သည့် ဘောလုံးမှာ ယူ-၂၃ အသင်းနောက်ခံလူ စည်သူအောင်နှင့် ထိကာ နေပြည်တော် အသင်းအတွက် ချေပဂိုး တစ်ဂိုးရရှိခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာယူ -၂၃ အသင်း အောင်ဟိန်းကျော်နေရာ တွင် အောင်ဇော်၊ ဆက်ဖြိုးဝေနေရာတွင် ထူးထူးအောင်တို့ကို လူစားလဲကစားခဲ့သည်။ ပွဲပြီးကာနီး မိနစ် ၉၀ တွင် ကြည်လင်းက မြန်မာယူ-၂၃အသင်းအတွက် စတုတ္ထမြောက်ဂိုးကို သွင်းယူကာ(၄-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာယူ-၂၃ အသင်းသည် အောက်တိုဘာ ၁၅ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ဗီယက်နမ် ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်က စားမည်ဖြစ်သည်။ နည်းပြချုပ် ပတ်ဆောင်ဟွာက နေပြည်တော်နှင့် ခြေစမ်း ပွဲ၊ ဗီယက်နမ်နှင့် ပွဲစဉ်တွင် အသုံးပြုမည့် အဓိကလူစာရင်းကို ပြင် ဆင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

မြန်မာ ယူ-၂၃ အသင်းနှင့် နေပြည်တော်အသင်း ခြေစမ်းပွဲယှဉ်ပြိုင်နေစဉ် ဓာတ်ပုံ - MFF

7 Day Daily

0 comments:

Post a Comment