Wednesday, October 23, 2013

ဆွဲကြိုးချ သေဆုံးသွားသော်လည်း ပုဒ်မ ၄၂၀ ဖြင့် တရားစွဲဦးမည်

မန္တလေး ကားလောကတွင် ကျပ်သိန်းပေါင်း ၄ သောင်းကျော်
လိမ်လည်သူ ကိုကျော်ခိုင်စိုး (ခေါ်) နားကွင်းကျော်ကြီးအား
မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသော်လည်း ပုဒ်မ ၄၂၀ ဖြင့်
တရားစွဲဦး မည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ်၊ အမှတ်
(၆) ရဲစခန်းမှ ဒုရဲအုပ် ဦးသန်းဝင်းက ပြောကြားသည်။

“ကျွန်တော်တို့ကတော့ သူ့ကို တရားစွဲကို စွဲမှာပါ၊ လက်ရှိ သူသေသွားပေမယ့် သူ့ကို ဖွင့်ထားတဲ့ အမှုနဲ့ တရားစွဲဦး
မှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နားကွင်းကျော်ကြီးမှာ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) ရဲစခန်းမှာ လာရောက်
ဝန်ခံခဲ့ပြီး နားကွင်းကျော် ကြီးအား စစ်ဆေးမှုများ ပြုလုပ်ပြီး
နောက် နာရီပိုင်း အကြာတွင် အာမခံဖြင့် ပြန်လည်လွှတ်ပေး
လိုက်ကြောင်း ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) ရဲစခန်းမှ
သိရသည်။

“အခုလို တရားစွဲမယ်ဆိုရင်တော့ သူ့မိသားစုတွေကိုတော့
စွဲလို့မရပါဘူး၊ တရားစွဲမယ်ဆိုရင်တော့ သူ့ကိုပဲ တရားစွဲလို့
ရမှာပါ၊ တရားဥပဒေ အရလည်း သူ့ကိုပဲ တရားစွဲခွင့်ရှိပါ
တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရှေ့နေ
ဒေါ်သန်းသန်းအေးက ပြောကြားသည်။

ကိုကျော်ခိုင်စိုး(ခေါ်) နားကွင်းကျော်ကြီး အသက် ၄၃ နှစ်
အဘ ဦးထွန်းမြင့်၏သားသည် အောက်တိုဘာလ ၂၁ ရက်
နေ့ နံနက် ၅ နာရီခန့် တွင် ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်း
အနောက် ရပ်ကွက် ၃၂၃ ၎င်း၏ နေအိမ် အတွင်းရှိ ဧည့်ခန်း မျက်နှာကြက်ပေါ်တွင် ပန်ကာတပ်ဆင်ရန် ပြုလုပ်ထားသည့်
သံချိတ်တွင် ပလက်စတစ်ကြိုးကို ကျစ်ကာ ချိတ်ဆွဲထားသည့်
ယင်းကြိုးကို အသုံးပြုကာ မိမိကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံး
သွားကြောင်း မန္တလေးတိုင်းဒေသကြီးရဲစခန်းထံမှ သိရသည်။

အပြင်ဒဏ်ရာ မတွေ့ရှိရကြောင်း လက်ရှိအချိန်တွင် သေမှု
သေခင်းဆိုင်ရာ အမှတ်စဉ် ၁၅/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး မန္တလေး ပြည်သူ့ဆေး ရုံသို့ ပီအာရ် ၀၈ ဖြင့် ပို့ဆောင်အပ်နှံ ထားကြောင်းနှင့် ဆေးစစ်ချက်အဖြေ ရရှိပါက ၎င်းအား
ဖွင့်ထားသော အမှုဖြင့် ဆက်လက် တရားစွဲဆိုသွားဦးမည်
ဖြစ်ကြောင်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ အမှတ်
(၆) ရဲစခန်းမှ သိရသည်။

ရေးသားသူ- ဇော်မျိုး
တည်းဖြတ်သူ- နီတိုး
People power

0 comments:

Post a Comment