အစိုးရနှင့် ကေအိုင်အို နှစ်ဖက် ထိပ်ပိုင်းခေါင်းများ တွေ့ဆုံဆွေးနွေးမှု များသည် ရာစုနှစ်ဝက်ကျော် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ရပ်တန့်ရေးလမ်းစဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး ချုပ်၏ မြန် မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားက ပြောကြားသည်။
အဆိုပါ တွေ့ဆုံမှုသည် တိုင်းရင်းသား အားလုံး ပါဝင်မည့် နိုင်ငံရေး တွေ့ ဆုံဆွေးနွေး ပွဲ အတွက် လည်း အစပျိုးခြင်း ဖြစ်ကြောင်း အောက်တိုဘာလ ၁၀ ရက်နေ့တွင် ၎င်းကထုတ်ပြန် ပြောကြား သည်။
နမ်ဘီးယားသည် မြစ်ကြီးနားတွင် အောက်တိုဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ ပြုလုပ်သည့် မြန်မာ အစိုးရနှင့် ကေအိုင်အို ငြိမ်ချမ်းရေး တွေ့ ဆုံဆွေးနွေးပွဲတွင် လေ့လာသူအဖြစ် တက်ရောက်ခဲ့ သည်။
“ကချင်ပြည်နယ်အရေးက ကချင်လူမျိုးတွေ အတွက်တင်မကဘူး။ တစ်နိုင်ငံလုံးအတွက် အရေးကြီး တဲ့ ငြိမ်းချမ်းရေး အဖြေတစ်ခုပါ” ဟု နမ်ဘီးယားက ဆိုသည်။
မြစ်ကြီးနားတွင် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် အေအိုင်အို ကိုယ်စားလှယ်တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (Joint Monitoring Committee) ဖွဲ့စည်းရေး အပါအဝင် အချက် ခုနစ်ချက်ကို သဘောတူလက်မှတ် ရေးထိုးခဲ့သည်။
ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ပေါ်ရောက်ရှိရန် ရှေ့ဆက်လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံ ကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပေါ် ကူညီနေသည့် ကုလသမဂ္ဂ၏ အကူအညီ ပေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နမ်ဘီးယားက ဆိုသည်။
The Voice Weekly
0 comments:
Post a Comment