နှစ်တန်းကျောင်းသူတစ်ဦးကို
ဆေးရုံသို့ ပြသခဲ့ရာတွင် အဓမ္မပြုကျင့်ခြင်း ခံထားရကြောင်း မှတ်ချက်ပေးခဲ့
သဖြင့် ပြစ်မှု ကျူးလွန်သူအား အရေးယူပေးရန် အဖွားဖြစ်သူက စက်တင်ဘာ ၂၄
ရက်တွင် ဒဂုံဆိပ်ကမ်း ရဲစခန်း၌ အမှုဖွင့် တိုင်တန်းထားသည်။
အမှုကို
ဒဂုံဆိပ်ကမ်းမြို့နယ်နေသော အဓမ္မပြုကျင့်ခံရသည်ဟုဆိုသော ကလေးငယ်၏ အဖွားတော်
စပ်သူ ဒေါ်---- (၆၀)နှစ်က အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။ စက်တင်ဘာ ၁၈
ရက် ည ၉ နာရီ အချိန်က သူမ၏ မြေးဖြစ်သူ မ-----(၈)နှစ်၊ ဒုတိယတန်း (-----၊
ဒဂုံတောင်) ၏ မိန်းမကိုယ်တွင် သွေးများ ထွက်နေသည်ကို တွေ့ရှိခဲ့ရ၍ “မျှော့”
ကောင်ဝင်နေသည်ဟု ထင်မြင်မိခဲ့သည်ဟုလည်း အဖွားဖြစ်သူက ရဲအားပြောပြထားသည်။
ထို့ကြောင့်ပင်
ကလေးငယ်အား သင်္ဃန်းကျွန်း စံပြဆေးရုံမှတစ် ဆင့် မြောက်ဥက္ကလာ ဆေးရုံသို့
သွားရောက်ပြသ ခဲ့ရာတွင် မြေးဖြစ်သူမှာ အဓမ္မပြုကျင့်ခြင်းခံထားရသည်ကို
သိရှိခဲ့သည်ဟု ဆိုထားသည်။
ထို့ကြောင့် မြေးငယ်ဖြစ်သူအား မေးမြန်းရာတွင်
စက်တင်ဘာ ၁၈ ရက်ညဦးပိုင်း အချိန်က အိမ်နီးချင်း ဖြစ်သူ မောင်----- (၁၅)
နှစ်က လမ်းအတွင်းရှိ လူမနေသော အဆောက်အအုံအတွင်း သို့ ခေါ်ဆောင်သွားပြီး
သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း ပြောပြထားသည်ဟု လည်း အဖွားဖြစ်
သူက အမှုဖွင့်ရာတွင် ထွက်ဆိုထားသည်။
ယင်းကြောင့် မြေးငယ်ဖြစ်သူအာ
အဓမ္မပြုကျင့်ခဲ့သူ မောင်------(၁၅)နှစ် အား အရေးယူပေးရန် စက်တင် ဘာ ၂၄
ရက်တွင် စွပ်စွဲ အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်ဟု ရဲဌာနက ဆိုသည်။
ယင်းတိုင်တန်းမှုကို
ဒဂုံဆိပ်ကမ်းရဲစခန်းက (ပ) ၃၂၈/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲခံထားရသူအား
ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးနေပြီး ပြစ်မှုထင်ရှား ပါကလည်း ပုဒ်မ ၃၇၆ ဖြင့်
တရားစွဲတင်ပို့မည်ဟု တိုင်းရဲဌာနမှ သိရသည်။
Mizzima
0 comments:
Post a Comment