ဝါလကင်းလွတ် သီတင်းကျွတ် ကာလရဲ့ ချစ်စရာကောင်းတဲ့ မြန်မာ့လူမှု ရှုခင်းမြင် ကွင်းပုံရိပ်တစ် ခုအဖြစ် ပရိသတ်အချစ်တော် အဆိုတော် Rဇာနည်နဲ့ ဝမ်းတို့ မိသားစုရဲ့ ဝါကျွတ်ကာလ ပုံရိပ်သဏ္ဌန်ကို ပေါ်ပြူလာဂျာနယ်က ဓာတ်ပုံ အနုပညာနဲ့ ဖန်တီးပုံ ဖော်ရိုက်ကူးဖို့ သူတို့ရဲ့ အိမ်ဂေဟာ ဖြစ်တဲ့ ရွှေသံလွင်ကွန်ဒို ကို သွားရောက်ဖြစ် ခဲ့ပါတယ်။ Rဇာနည်တို့ မိသားစုရဲ့ အပြုံးတွေက လည်း သီတင်း ကျွတ်မီးပုံးပျံတွေကနေ ဖြာလင်းတဲ့ အလင်းတန်းတွေ ထက်ပိုတောက်ပစူးရှတာမို့ မြင် ရသူတိုင်း ရွှေဘဝင် အေးချမ်းစေမိမှာ အမှန်ပါပဲ။
သီတင်းကျွတ်အစီအစဉ်-
“သီတင်းကျွတ်မှာတော့ လူကြီး သူမတွေ၊ ဆရာသမားတွေကို အစဉ် အလာအတိုင်း ကန်တော့မယ်။ ပြီးရင်ရှိုးတွေတော့ တောက်လျှောက် ဆိုဖို့ရှိတယ်။
အနုပညာရှင်ဖြစ် လာတဲ့အခါသီတင်းကျွတ်ဖြတ်သန်းမှု-
အနုပညာရှင်ဖြစ်လာတဲ့အခါမှာတော့ တအား ကြီးပြောင်းလဲသွားတာမျိုးတော့ မရှိပါဘူး။ ကျွန်တော် တို့ဆီမှာ ၁၂လရာသီပွဲရှိတော့ ပွဲရှိရင်တော့ သီတင်းကျွတ်မှာ လည်း မြန်မာလူမျိုးပီပီ ပျော်ကြတာပါပဲ။ အနုပညာသမားမဟုတ်ခင်တုန်းကတော့ သီတင်းကျွတ်၊တန်ဆောင်တိုင် ဆိုရင် အစဉ်အလာမပျက် ကျိုက်ထီးရိုးသွားတာမျိုးတော့ ရှိတယ်။ အခုကျတော့ အဲ့ဒီတစ်ခုတော့ မရှိတော့ဘူးပေါ့။ သွားချင်ရင် ကြားရက်ကိုပဲ သွားရတာများတယ်။ကိုယ်လည်း အကြီးနေရာ ရောက် လာတဲ့အခါ သားတွေ၊ တူ တွေ၊ တူမတွေ ကန်တော့တာမျိုးဆို ပီတိဖြစ်ပါတယ်။ ကိုယ်လည်း သူတို့ ကို မုန့်ဖိုးတွေ ဘာတွေပေးရ တာပေါ့။ ကိုယ်လည်း ဒီအရွယ်ရောက် လာပါ့ လားဆိုပြီး သုံးသပ်မိတယ်။
သားလေးဖစ်ဖစ်တုန်နဲ့ သီတင်းကျွတ်-
သားလေးကိုလည်း သီတင်း ကျွတ် မှာ လူကြီးသူမတွေကို ကန်တော့ရတဲ့အကြောင်းကို ပြောပြ တယ်။ မီးတွေ ထွန်းတာတို့၊ မီးပုံးတွေနဲ့ တော့ ပေးဆော့တယ်။
သီတင်းကျွတ်နဲ့ မင်္ဂလာပွဲ-
ကျွန်တော်တို့ မင်္ဂလာဆောင်တာ ကအောက်တိုဘာ ၂၇၊ သီတင်းကျွတ်ပြီးမင်္ဂလာဆောင် တာပေါ့။ ခု ဒီနှစ်သီတင်း ကျွတ်အောက်တိုဘာ ၂၇ ဆိုရင် ကျွန်တော်တို့ မင်္ဂလာ သက်တမ်း၁ဝနှစ်ပြည့်ပြီ။ ကျွန်တော်တို့ ဟန်းနီးမွန်းတုန်းကတော့ ခရီးတွေကလည်း အမြဲ သွားနေတာဆိုတော့ ဒီလိုပဲခရီး သွားရင်း သွားလိုက်ကြတာ ပါပဲ။
ရဲရဲ
Popular Journal
0 comments:
Post a Comment